Monday, August 12, 2013

(ရင်တွင်းဖြစ် ကဗျာစစ်စစ်ပါ) မင်္ဂလာပါ

ရေးသားသူ —စိုးမိုးသူ(ကိုယ်စားတင်ပေးသည်)

(ဟန်းဂုရွာ ဖေ့စ်ဘွတ်မှာ လုလင်ပျို ခေတ္တ Koreaဆိုသူ တင်ထားတဲ့ ကဗျာလေးကို ကိုယ်စားတင်ပေးလိုက်ပါတယ်။
ကဗျာထဲက မြန်မာအချင်းချင်း ဟောက်စားလုပ်သူ မြန်မာကိုယ်စားလှယ်ဆိုသူရေ ကံကြုံရင်တော့ တို့တွေ ဆုံကြမယ်နော်၊ ကင်မ်ချီသာ ၀အောင်စားထားပေတော့)


ကိုရီးယားကိုစပြီးခြေချမိတာနဲ့

အလင်းမဲ့ကောင်းကင်ဖျော့ဖျော့လေး

တခုထဲစီးပါလိုက်မျောရင်းကနေ

ဝုန်းဒိုင်းကြဲမိုးရွာပါလေရော......

ဆိုလ်းလေဆိပ်အရောက်

သံရုံးကဘာဆိုလားပဲ

တန်းစီဆိုလို့တန်းတွေစီ

လူစစ်ဆိုလို့လူတွေစစ်

အဲဒီမှာစတွေ့တော့တာက

မချောတယောက်

ကိုယ်အယောက်လေးဆယ်

ဟောက်တာကိုခံပြီးသကာလ

လူတယောက်ကလျော့

လူတယောက်ကမပါ

ဘာညာဆိုင်ကလုန်းက အုန်းကနဲ့

လေပြင်းတွေတိုက် သေစမ်းဟ

မြန်မာစာတမ်း အရောင်ကအပြာ

သူသူငါငါကဘာလဲ

ကြိုဆိုလိုက်ပုံများရယ်ဖြင့်

နွေးထွေးလေစွ

အရာရှိမရှိတော့မသိ

ငါသိလိုက်တာက

ငါဘာမှားခဲ့သလဲ

မမှားလဲအဟောက်ခံ

ရင်ဝကိုဆောင့်ကန်သလို

ခံရခက်ခက်အသက်မပါ

အပြုံးတွေကမဲ့နေလေပြီ

ကိုရီးယားကိုအားယားလို့လာသလို

မသိရင်ဖြင့်မှောင်ခိုဝင်လာသလိုလို

အော်............ကိုရီးယားမြေလေ

နင်းကာစရှိသေးတာကိုက

အားငယ်စိတ်ပျက်ဝမ်းနည်းပက်လက်

ပြန်ချင်သူကထပြန်

ငါတကောကော ကောနေတဲ့

မြန်မာကိုယ်စားပြု

မေးစမ်းပါရစေ.........

ဖြဲချောက်တာထက်

အသည်းအောင့်တာက

ခင်ဗျားလိုလူမျိုးမြန်မာမဖြစ်ထိုက်

ဟိတွေဇွတ်တက်ချင်လဲ

ဆောင်းတွင်းကျရင်

ဟီတာကိုမိုင်ကုန်ဖွင့်ပြီး

ဆိုင်ကလုန်းစီးပြီးတက်နိုင်ပါစေ.....

-လုလင်ပျို ခေတ္တ Korea

No comments: