Saturday, September 14, 2013

ဓမ္မဒူတ(ကိုရီးယား) ၂၀၁၃ချူးဆောက် ပိတ်ရက်ကာလ အလှူတော် ဖိတ်ကြားလွှာ

ရေးသားသူ — ဓမ္မဒူတ(ကိုရီးယား)

ဓမ္မဒူတ(ကိုရီးယား)တွင် ၊ လာမည့် ၂၀၁၃ခုနှစ် ကိုရီးယားချူးဆောက်ပိတ်ရက်ကာလ (၂၀၁၃စက်တင်္ဘာ၁၈မှ ၂၂)အတွင်း အောက်ဖော်ပြပါ အလှူတော်များရှိပါသဖြင့် ၊ ပါဝင်ဆင်နွဲကုသိုလ်တော်ယူတော်မူကြပါရန် ဓမ္မသက်ဝင် သူတော်စင် မိတ်ဆွေအပေါင်းတို့အား လေးမြတ်စွာဖိတ်ကြားအပ်ပါသည်-

ဆွမ်းနှင့် အာဟာရဒါနအစီအစဉ်များ
- ၁၈-၉-၂၀၁၃ = ဒေါ်စန်း(မိုးညှင်း)နှင့် မိတ်ဆွေများ
- ၁၉-၉-၂၀၁၃ =မြန်မာသူကြီးမိသားစုနှင့် မြိတ်သူမြိတ်သားများ
- ၂၀-၉-၂၀၁၃ = ဓမ္မဒူတဝေယျာဝစ္စလူငယ်များ
- ၂၁-၉-၂၀၁၃ =ကိုကြီးမြင့်နှင့်သူငယ်ချင်းများ
- ၂၂-၉-၂၀၁၃=အမေ့အိမ်နှင့်သူငယ်ချင်းများ

အဋ္ဌမအကြိမ်မြောက် ဒုလ္လဘရဟန်းခံ အစီအစဉ်-
၁၈-၉-၂၀၁၃ နေ့ညနေ ( ၅ )နာရီ ဆံချပြီး ၊ ကိုရင်ကြီးဝတ်ပါမည်။
၁၉-၈-၂၀၁၃ နံနက် (၈) နာရီ သိမ်ဝင်ပါမည် ။
***မြန်မာသူကြီးမိသားစုက ရဟန်းဒါယကာ ဒါယိကာမများအဖြစ် ချီးမြှောက်ထောက်ပံ့လှူဒါန်းကြပါမည် ။ ဒုလ္လဘရဟန်းခံလိုသူများ ၀၁၀-၈၃၃၀-၁၇၉၂ ထံ အမြန်ဆုံးဆက်သွယ် စာရင်းပေးသွင်းကြစေလိုပါသည်။

ဗုဒ္ဓသာသနံစိရံတိဋ္ဌတု-

ဓမ္မဒူတ(ကိုရီးယား)
၂၀၁၃-၀၉-၁၃
အင်ချောန်းမြို့တော်

No comments: