Saturday, October 5, 2013

ဘူဆန်နိုင်ငံခြားသားအလုပ်သမား အကူအညီပေးရေး စင်တာ(BFC) ၏ ပထမအကြိမ်မြောက် ကိုရီးယားဘာသာစကား အပြောပြိုင်ပွဲကျင်းပမည်

ဘူဆန်နိုင်ငံခြားသားအလုပ်သမား အကူအညီပေးရေး စင်တာ၏ ပထမအကြိမ်မြောက် ကိုရီးယား ဘာသာစကား အပြောပြိုင်ပွဲကို လာမည့် တနင်္ဂနွေနေ့ (၂၀၁၃ ခုနှစ် ၁၀လပိုင်း ၆ရက်) နေ့လည်
၁ နာရီမှ ၄ နာရီအထိ ဆာဆန်းမြို့ ဆာဆန်းဘူတာအနီးရှိ CATs ကက်စ် (ယဉ်ကျေးမှု့ခန်းမဆောင်) အဆောက်အဦး မြေညီထပ်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

အဆိုပါ စကားပြောပြိုင်ပွဲတွင် နိုင်ငံပေါင်းစုံမှ ရွှေ့ပြောင်းအလုပ်သမား ၁၃ ဦးပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မြန်မာ ရွှေ့ပြောင်းအလုပ်သမား ( ၂ ) ဦး လည်း ပါဝင်မည်ဟုသိရပါသည်။ ရွှေမြန်မာများ လာရောက် အားပေးနိုင်ကြစေရန် အသိပေးနှိုးဆော်လိုက်ရပါသည် ။

ပထမဆု    -   လက်တော့ပ် (ဝမ် ၁၀ သိန်းကျော်တန်)
ဒုတိယဆု   -   အဆင့်မြင့် ထမင်းပေါင်းအိုး (အာကာသတွင်းပါ သုံးနိုင်)
တတိယဆု  -  အဆင့်မြင့် ဖျော်ရည်စက်
                   နှင့် အခြားဆုများစွာ ချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။

လမ်းညွှန် -
ဆာဆန်းမှ ဂင်မ်ဟဲမြို့သို့သွားသော မိုးပျံရထား ဂိတ်စတင်ရာ ဆာဆန်းဘူတာ နှင့် ကပ်လျှက် တည်ဆောက်ထားသော CATs အဆောက်အဦး။

No comments: