Wednesday, October 16, 2013

သံဃမဟာပ၀ါရဏာပွဲတော် ပင့်လျောက်လွှာပါဘုရား

သံဃမဟာပ၀ါရဏာပွဲ
*****************
ကိုရီးယားနိုင်ငံရောက် မြန်မာရဟန်းတော်များနှင့် ထေရ၀ါဒရဟန်းတော်များ၏ မြတ်ဗုဒ္ဓ အဆုံးအမ ၀ိနည်းတရားနှင့် အညီ ၀ါကြီး ၀ါငယ် အပြန်လှန် ဂါရ၀ နိဝါတဖြင့် အပြစ်တွေ့သော် ထုတ်ဖော် ပြုပြင် ဆုံးမနိုင်ရန် ဖိတ်မန်ပြု မြဲ သံဃမဟာ ပ၀ါရဏာပွဲကို ဖော်ပြပါ အစီအစဉ်တိုင်း ကျင်းပပြု လုပ်မည်ဖြစ်ပါ၍ ကြွရောက်တော်မူပါရန် ဆရာတော် သံဃာတော် အရှင်သူမြတ် တို့အား ရိုသေလေးမြတ်စွာ ပင့်လျှောက်ပါသည်ဘုရား ။

                                  အစီအစဉ်
                             *********
နေ့ရက်  ။ ၁၃၇၅ ခုနှစ် ၊ သီတင်းကျွတ်လပြည့် ( ၁၉-၁၀-၂၀၁၃) စနေနေ့
အချိန်   ။  ည ၉း ၁၀ နာရီ နှင့် ၁၀း နာရီ ( သံဃာစုံညီသည့်အချိန်ပါဘုရား )
နေရာ    ။  မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) 

( သံဃာတော်အရှင်မြတ်များ ညကိန်းစက်နိုင်ရန် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) နှင့် ဓမ္မဒူတကျောင်းတော်  (ကိုရီးယား) ကျောင်းတော်တို့တွင် စီစဉ်ထားပါသည် ဘုရား ။ )

ရိုသေစွာဖြင့် ...
အကျိုးတော်ဆောင်များ

No comments: