Saturday, November 2, 2013

အခမဲ့ ဆေးစစ် ၊ ဆေးထိုး ၊ ဆေးကု အစီအစဉ် ကြိုပို့ကားဖြင့် လိုက်ပါမည့်သူများ အမည်စာရင်းပေးသွင်းရန်ကိစ္စ

အောက်တိုဘာ ၂၃ ၊ အင်ချောန်း
ရွှေ့ပြောင်းအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်အဖြစ် လာမည့် နိုဝင်္ဘာ ၃ ရက်နေ့(တနင်္ဂနွေနေ့) နေ့လည် ၁၁ နာရီမှ ၃ နာရီထိ ဘူဂဲမူလတန်းကျောင်းတွင် ပြုလုပ်မည့် အခမဲ့ ဆေးစစ် ဆေးထိုး ဆေးကု ကာကွယ် အစီအစဉ်(Click Here for Detail) သို့ လိုက်ပါမည့်သူများအတွက် ၊ အခမဲ့ ယာဉ်ကြိုပို့အစီအစဉ်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ။

ယာဉ်ကြိုပို့အစီအစဉ်မှာ-
နံနက် ၁၀ နာရီ ၁၅ မိနစ် ဓမ္မဒူတ(ကိုရီးယား)မှ ထွက်ခွါပါမည်။
ကြိုပို့ယာဉ်ဖြင့် လိုက်ပါလိုသူများ အောက်တိုဘာ ၂၇ ရက်ညနေ ၄ နာရီနောက်ဆုံးထားပြီး 070-7761-2457 နှင့် ၀၁၀-၂၃၃၁-၂၄၅၇ ထံ စာရင်းပေးသွင်းကြပါရန် မေတ္တာရပ်ခံပါသည် ။

ကျန်းမာချမ်းသာကြပါစေ-
ဓမ္မဒူတ(ကိုရီးယား)

No comments: