Saturday, March 29, 2014

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ရေစကြိုဆရာတော် တရားပွဲတော် ဖိတ်ကြားလွှာ

သဗ္ဗ ဒါနံ၊ ဓမ္မ ဒါနံ၊ ဇိနာတိ။ 
အလုံးစုံသော အလှူအားလုံးတို့တွင် တရားတော်ကို ပေးလှူခြင်းသည် အမြတ်ဆုံးကုသိုလ်ဖြစ်ပါပေသည်။ 

ဓမ္မမိတ်ဆွေ သူတော်စဉ်အပေါင်းတို့ခင်ဗျာ 
သာသနာ သက္ကရာဇ် ၂၅၅၇ ခုနှစ်၊
မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် တန်ခူးလဆန်း ၇ ရက် တနင်္ဂနွေနေ့၊
ခရစ်သက္ကရာဇ် ၂၀၁၄ ခုနှစ် ဧပြီ ၆ ရက်၊ နေ့လည် ၁ နာရီ အချိန်တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၏ ဓမ္မသဘင် ခန်းမ၌ ကျနော်များ ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား)က စီစဉ်သည့် တိပိဋကမဟာဂန္ထ၀င်နိကာယ်ကျောင်းတိုက်၊ တိပိဋကသန္တာဝါသ ပရိယတ္တိစာသင်တိုက်တို့၏ ပဓာန နာယကဆရာတော် တိပိဋကဓရ - ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ( ရေစကြိုဆရာတော် ) ဘဒ္ဒန္တ ၀ါယာမိန္ဒာဘိဝံသ၏ မြန်မာ့ နှစ်သစ်ကူးအကြို တရားပွဲတော်ကို ကျင်းပမည်ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေ သူတော်စဉ်များအနေဖြင့် တရားတော်နာ ကြွရောက်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်ပြီး နိုးဆော် ဖိတ်ကြားလိုက်ပါသည်။ 

ဆရာတော်သည် ကိုရီးယားနိုင်ငံတွင် ဧပြီ ၂၇ ရက်နေ့အထိ သီတင်းသုံး၍ ဘူဆာန်၊ ကင်းမ်ဟဲ၊ ဒဲဂုမြို့များသို့ သာသနာ့ခရီးစဉ်အဖြစ် ကြွချီမည်ဖြစ်ပါသည်။ 

ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား) Type rest of the post here

No comments: