Saturday, March 1, 2014

သတင်းနဲ့ မြင်ကွင်း

Viewing News Through The Lens Of Mine


တိုင်းရင်းသား ဆွေးနွေးပွဲမှာ မထည့်သင့်တဲ့ကိစ္စ သမ္မတ ညွှန်ကြား


အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ နိုင်ငံတော်ကနေ ခွဲမထွက်ရေးနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးစေတဲ့ အကြောင်းအရာတွေ မလုပ်ဆောင်ရေးဆိုတဲ့ အချက် ၂ ချက်ကို ထည့်သွင်းဆွေးနွေးခွင့်မရှိကြောင်း နိုင်ငံတော်သမ္မတက ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒီနေ့ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က မြန်မာငြိမ်းချမ်းရေးစင်တာမှာ နိုင်ငံရေးပါတီတွေနဲ့ ပြည်ထောင်စုဝန်ကြီးတွေ တွေ့ဆုံရာမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အခုလိုပြောခဲ့တာပါ။

"နိုင်ငံတော်သမ္မတကြီးရဲ့ မူကတော့လက်နက်ကိုင် ပဋိပက္ခတွေဟာ နိုင်ငံရေးနည်းအရ မဖြေရှင်းနိုင်ခဲ့တဲ့အတွက် ဒီလိုဖြစ်လာတယ်ဖြစ်တယ်၊ ဒါကြောင့်မို့ နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုတဲ့မူကို နိုင်ငံတော်သမ္မတကြီးက ဆုပ်ကိုင်ပြီးသားဖြစ်ပါတယ်၊ အဲတော့ နိုင်ငံရေးဆွေးနွေးပွဲကြီးလုပ်တော့ သိပ်ကန့်သတ်ချက်မရှိပါဘူး၊ နံပါတ်တစ်ကတော့ အမြိမန်မာနိုင်ငံကနေ ခွဲမထွက်ရဘူးဆိုတဲ့ အချက်တစ်ချက်၊ နံပါတ်နှစ်အချက်က နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးစေတာတွေ မလုပ်ရဘူးဆိုတဲ့ အချက်တစ်ချက် ဒီနှစ်ချက်ကလွဲရင် ကျန်တာတွေအကုန်လုံးကို ဆွေးနွေးခွင့်ရှိတယ်လို့ ပြောထားပြီးသား" (RFA 2013-11-10)


သုံးသပ်ချက်


သမ္မတက နိုင်ငံရေးနည်းနဲ့ဖြေရှင်းမယ်ပြောပြီး တဖက်ကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေကို တောက်လျှောက်တိုက်နေတာဟာ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လုပ်နေတာ ထင်ရှားပါတယ်။ ဦးအောင်မင်းက လေပြေထိုးပြီး ချော့စည်းရုံးနေတုန်း တစ်ဖက်ကလည်း စစ်တပ်က ထိုးစစ်နဲ့ချောက်ပြီးတော့ သူတို့နိုင်ငံရေး ကစားကွက်ထဲကို မောင်းသွင်းနေတယ်။ ဒါဟာ အစိုးရနဲ့ တပ်မတော်ကြားမှာ သဘောထားကွဲလွဲတာပါလို့ လူတွေကပြောလေ စစ်အုပ်စုက ကုလားထိုင်မှာ မိန့်မိန့်ကြီးထိုင်ပြီး အူတက်အောင် ရယ်နေမှာသေချာတယ်။ အဲဒီလိုထင်လေ သူတို့က နေရာကျလေပဲ။ မဆလခေတ်တုန်းက လူတွေပြောနေကျစကား “အထက်က လူကြီးတွေကကောင်းတယ်။ အောက်ကလူတွေ အသုံးမကျလို့ပါ” ဆိုတာကို သွားသတိရတယ်။ တကယ်က အထက်ကလူကော အောက်ကလူကော အတူတူပဲ။ သူ့နေရာနဲ့သူ ပိပိရိရိ သရုပ်ဆောင်နေကြတာပါ။ ၀တ္ထုဇာတ်ညွန်းဒါရိုက်တာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေပါ။

သမ္မတရဲ့ ကန့်သတ်ချက်နှစ်ခုထဲက တစ်ခုက အချုပ်အခြာအာဏာကို မထိပါးရဘူးဆိုတဲ့ အချက်က ဒီကနေ့ ကျနော်တို့နိုင်ငံမှာ အရေးအကြီးဆုံးကိစ္စ ဖြစ်ပါတယ်။ ဒီစကားဟာ အညှာကို ကိုင်ထားတာပါ။ လိုတိုရှင်းပြောရရင် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ကတည်းက ပြည်သူ့အချုပ်အခြာအာဏာကို စစ်အုပ်စုက ပုံစံအမျိုးအမျိုးနဲ့ လက်ဝါးကြီးအုပ်ထားတာ ဒီကနေ့အထိဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ဖို့လိုပါတယ်။ အချုပ်အခြာအာဏာဟာ ပြည်သူ့လက်ထဲကို မရောက်သေးပါဘူး။ ကျနော်တို့နိုင်ငံဟာ ၁၉၄၈ ခု ဇန္န၀ါရီလ ၄ ရက်နေ့မှာရခဲ့တဲ့ လွတ်လပ်ရေးဟာ ၁၉၆၂ ခု မတ်လ ၂ ရက်နေ့မှာ ဆုံးရှုံးသွားပါတယ်။

တည့်တည့်ပြောရရင် ငါတို့အာဏာတော့ လာမထိနဲ့လို့ ပြောလိုက်တာပါ။ သကာဖုံးထားတဲ့ စကားလုံးတွေအောက်မှာ အဆိပ်တွေရှိတာကို ကြပ်ကြပ် သတိထားကြရပါလိမ့်မယ်။ အပ္ပမာဒေန သမ္ပာဒေထ။ တိုင်းပြည်ခေတ်နောက်ကျ တာ ပြည်တွင်းစစ်ကြောင့်လို့ UNFC ပြော


မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်မှု နောက်ကျနေရတာဟာ နှစ်ပေါင်း ၆ဝ ကျော်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် ဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်တွေက ပြောပါတယ်။

ရန်ကုန်မြို့ကိုရောက်ရှိနေတဲ့ NMSP မွန်ပြည်သစ်ပါတီက ဦးနိုင်ဟံသာ၊ KNU ကရင်အမျိုးသား အစည်းအရုံးက ပဒိုဒေးဗစ်သာကပေါနဲ့ KNPP ကရင်နီ အမျိုးသားတိုးတက်ရေးပါတီက ဦးခူးလ်အေဘယတို့် ဦးဆောင် တဲ့ UNFC ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့မနက်ပိုင်းက ရန်ကုန် မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ တွေ့ဆုံခဲ့ပြီး၊ နေ့လည်ပိုင်းမှာ အရပ်ဘက်လူမှုအဖွဲ့စည်းတွေနဲ့ မနေ့မနက်က တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံအပြီး UNFC ခေါင်းဆောင်တွေက အင်းလျားလိတ်ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာမှာ UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ရန်ကုန်ခရီးစဉ်နဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။

"ကျနော်တို့ ရန်ကုန်ကိုရောက်လာတော့ မိုးချုပ်နေပြီ၊ ကြည့်လိုက်တာ မှောင်နေတာပဲ၊ ဒီနေ့ မြို့ထဲမှာ နည်းနည်းလျှောက်သွားနေတာ အိမ်အိုအိမ်ဟောင်းတွေ တော်တော်လေးကို သူများနိုင်ငံနဲ့စာရင် သံဝေဂရစရာပါပဲ၊ အဲဒီလို နှစ်ပေါင်း ၆၅ နှစ်လုံးလုံး တိုက်ပွဲဖြစ်နေလို့ အဲလိုကျနော်တို့နိုင်ငံ ဖြစ်နေရတာ"(RFA 2013-11-24)


သုံးသပ်ချက်


ပြည်တွင်းစစ်ကြောင့်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ဖြစ်ရတဲ့ အကြောင်းအရင်း ဇစ်မြစ်(Root Cause)ကို “ပေါက်ပင် ဘာကြောင့်ကိုင်းရတယ် ဗျိုင်းနားလို့ ကိုင်းရတယ်”ဆိုတာလို ဆင့်ကဲဆင့်ကဲ စဉ်းစားကြည့်ရင် ပြဿနာက အချုပ်အခြာအာဏာကိစ္စပဲ ဖြစ်ပါတယ်။


In Meeting With NLD Cofounder, Wirathu Cautions Against Suu Kyi Presidency

By LAWI WENG / THE IRRAWADDY| Monday, February 24, 2014 |


RANGOON — The controversial Buddhist monk U Wirathu, leader of Burma’s ultranationalist 969 movement, has advised the opposition National League for Democracy (NLD) to refrain from pushing the presidential candidacy of democracy icon and party chairwoman Aung San Suu Kyi.

The Mandalay-based monk conveyed the message in a meeting with NLD cofounder Win Tin on Saturday in Mandalay, where he said a constitutional provision that currently bars Suu Kyi from presidential eligibility should remain in place, despite his admiration for the long-time democracy campaigner turned parliamentarian.

“Everyone in the country, including me, wants Daw Aung San Suu Kyi to be president. But I am worried about those who are not ethnic people [who identify as one of Burma’s officially recognized ethnicities], such as Chinese and Muslim, will become president in the country if Article 59 is amended,” Wirathu told The Irrawaddy on Monday, saying he feared foreign influence in the nation’s affairs if an ethnic Chinese or Muslim were elected president.

Wirathu’s stated position on Monday appears at odds with remarks he made in late November, when he said a Suu Kyi presidency would bring “chaos” because she was “weak at governance.”(Extract)


စာပိုဒ်ရဲ့ ဆိုလိုရင်း


ဦးဝီရသူက ဒေါ်အောင်းဆန်းစုကြည်ကို သမ္မတဖြစ်စေချင်တဲ့အကြောင်း၊ ဒါပေမဲ့ ပုဒ်မ ၅၉(စ)ကို ပြင်လိုက်ရင် တိုင်းရင်းသားမဟုတ်တဲ့ တရုတ်တွေ မွတ်ဆလင်တွေ သမ္မတဖြစ်လာမှာကို မလိုလားတဲ့အကြောင်း၊ ဒါကြောင့် သူ့အနေနဲ့ ဒီပုဒ်မကို မပြင်ချင်တာလို့ ပြောသွားတာပါ။ ဆောင်းပါးရှင်က ဦးဝီရသူရဲ့ အခုလိုပြောကြားချက်ဟာ နိုဝင်ဘာလက သူပြောသွားတာနဲ့ ကွဲလွဲနေတယ်လို့ ထောက်ပြသွားပါတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် အုပ်ချုပ်ရေးပိုင်းမှာ အားနည်းလို့ တိုင်းပြည် ကသောင်းကနင်း ဖြစ်မယ်လို့ ပြောသွားပါတယ်။


သုံးသပ်ချက်


(ကျနော် အမှတ်မမှားဘူးဆိုရင်)သမ္မတရွေးမယ်ဆိုရင် ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်ထဲက ဦးရွှေမန်းကို ရွေးမယ်လို့ပြောသွားပါတယ်။ သူရဲ့ဗီဒီယိုဖိုင်တစ်ခုမှာ သုံးယောက်လို့ ဆိုထားပါတယ်။ ဒါဆို ကျန်တဲ့လူက ဦးသိန်းစိန်ကို ဆိုလိုတာသေချာပါတယ်။ ကိုယ့်အယူအဆကို လွတ်လပ်စွာထုတ်ဖော်တာကို သဘောတူပါတယ်။ ၀ိနည်းတော်နဲ့ ညီမညီတော့ ကျနော်မသိပါဘူး။

ဒါပေမဲ့ အဲဒီဗိုလ်ချုပ်ဟောင်း နှစ်ယောက်လုံးဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဘုန်းကြီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်၊ ညှဉ်းပမ်းနှိပ်စက်၊ ထောင်ချခဲ့တဲ့ ဖြစ်စဉ်တွေမှာ အဓိကတရားခံတွေထဲက နှစ်ယောက်ဖြစ်ရက်နဲ့ ဦးဝီရသူအနေနဲ့ ဦးရွှေမန်းကို ရွေးတာကတော့ ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ ကျေးဇူးတင်ပါတယ်။


သက်နိုင်(၁. ၃. ၂၀၁၄)

No comments: