Saturday, April 12, 2014

ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားအပေါင်းတို့အား အလေးအနက် တိုက်တွန်းပါတယ်။

ရေးသားသူ — စိုးမိုးသူ
  
လာမယ့် ဇူလိုင်၂၉ရက်မှ စတင်ကျင့်သုံးမယ့် ဆန့်ကျင်သည့်
"အလုပ်သမားဥပဒေအား ချိုးဖောက်သည့် ထွဲဂျိဂွန်ထုတ်ယူခြင်းဥပဒေသစ်အား လုံးဝ ဖျက်သိမ်းပေးရေးအရေးပေါ်ကော်မတီ"အား ဖွဲ့စည်းလိုက်ပါပြီ။

ကော်မတီတွင် နိုင်ငံပေါင်းစုံမှ ရွှေ့ပြောင်းအလုပ်သမား အသင်းအဖွဲ့များနှင့် ရွှေ့ပြောင်းအလုပ်သမား လူ့အခွင့်အရေးဆိုင်ရာ အင်န်ဂျီအိုအဖွဲ့များ၊ ရှေ့နေများ ပူးပေါင်းပါဝင်ထားကြပါတယ်။


ထွဲဂျိဂွန်ဥပဒေတွင် ထွဲဂျိဂွန်အား တနှစ်လုပ်သက်ရှိသူတိုင်း အလုပ်ထွက်ပြီး14ရက်အတွင်း ရယူခံစားခွင့်ရှိသည်ဟု ပါရှိပါတယ်။ အပြည့်အစုံအား http://terms.naver.com/entry.nhn?docId=1153502&cid=40942&categoryId=31847 ကြည့်ပါ။

ဒါပေမယ့် ဒီထွဲဂျိဂွန်ဥပဒေသစ်ဟာ တို့ရွှေ့ပြောင်းအလုပ်သမားတွေကို ကိုရီးယားနိုင်ငံရဲ့ အလုပ်သမားဥပဒေပါ ထွဲဂျိဂွန် ခံစားခွင့်မှ ဖယ်ထုတ်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေအရ ကာကွယ်ပေးထားပြီးဖြစ်တဲ့ တို့ရဲ့ အခွင့်အရေးကို ဥပဒေချိုးဖောက်ကာ ချယ်လှယ်ချင်သလိုချယ်လှယ်ပြဌာန်းလိုက်တဲ့ ဥပဒေသစ်အား လုံးဝ အပြင်းအထန် ကန့်ကွက်ကြရမှာဖြစ်ပါတယ်။

ဒီပွဲမှာ တို့အလုပ်သမားတွေ မနိုင်ရင် နောင်ကိုလည်း အလုပ်သမားဥပဒေပါ ပြဌာန်းချက်များကို အတိအလင်းဆန့်ကျင်ပြီး ပြဌာန်းမည့် အရိပ်အယောင်တွေ ထပ်တွေ့နေရပါတယ်။
အဖြစ်အပျက်တခုပြောရရင်
၂၀၁၃ခုနှစ်မှာ လွှတ်တော်အမတ်အချို့က ပြောတဲ့စကားကိုကြည့်ပါ။
နိုင်ငံခြားသားအလုပ်သမားများဟာ သူတို့နိုင်ငံမှာထက် အဆပေါင်းများစွာသော လစာတွေကို ရရှိနေကြတာဖြစ်တာမို့ ကိုရီးယားရဲ့ အခြေခံလစာဥပဒေအတိုင်း မခံစားစေပဲ ၈၀%သာ ခံစားစေလည်း မိခင်နိုင်ငံတွေမှာ ရတဲ့လစာထက် များနေတာကြောင့် ပြသနာမရှိနိုင်ဘူး။
...တဲ့။
ဒါဟာ တနေ့ကျရင်
အခြေခံလစာဥပဒေပါ ပြဌာန်းထားတဲ့ လစာပမာဏမှ လျော့ပြီးပေးမယ်ဆိုတဲ့ အရိပ်အမြွက်ပဲဖြစ်ပါတယ်။

ယနေ့ အလုပ်သမားဥပဒေကို ဆန့်ကျင်ပြီး ထွဲဂျိဂွန်ထုတ်ယူခြင်း ဥပဒေသစ်ကို ပြဌာန်းပြီးပြီ။
နောင်တွင် အခြေခံလစာမှ လျော့ပေးခြင်း ဆိုတာကို ပြဌာန်းမယ့် အလားအလာရှိလာနိုင်တယ်။

ဒါကြောင့် တို့တွေ ငြိမ်နေရင်တော့ လုပ်ချင်တိုင်း လုပ်လို့ရတာ သိသွားတဲ့အတွက် သူတို့တွေရဲ့
ထပ်ခါထပ်ခါ ခေါင်းပုံဖြတ်မှုတွေ ပြုလုပ်ခြင်းကို အကြိမ်ကြိမ် ခါးစီး ခံစားရမှာ မလွဲပါ။

တို့ အလုပ်သမားတွေ ညီညွတ်ကြဖို့
တာဝန်ကိုယ်စီ ယူပေးကြဖို့ အလေးအနက် တိုက်တွန်းပါတယ်။

လုပ်ငန်းခွင်မှာ လည်း ရိုးသားကြိုးစားတဲ့ ရွှေမြန်မာဖြစ်သလို
မိမိအခွင့်အရေးအတွက်လည်း တာဝန်သိသိ ပူးပေါင်းဆောင်ရွက်တဲ့ ရွှေမြန်မာတွေဖြစ်ဖို့
အားလုံး အသိ သတိ တာဝန်သိသိနဲ့ အသင့်ပြင်ထားကြမယ်လို့ ယုံကြည်ပါတယ်။

လေးစားစွာဖြင့်
စိုးမိုးသူ

No comments: