Friday, July 4, 2014

ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားအပေါင်းအား လေးစားစွာဖြင့် ဖိတ်ကြားခြင်း

ရေးသားသူ — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ

တောင်ကိုရီးယား နိုင်ငံရောက် မြန်မာ နိုင်ငံသူ/ သား တိုင်းရင်းသား ညီအကိုမောင်နှမ အပေါင်းတို့ခင်ဗျား....

၅၂ နှစ်မြောက် 7,July အောက်မေ့ဖွယ် အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲနှင့် ဆန္ဒထုတ်ဖော်ပြသပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲမှ ဦးဆောင်ပြီး ကိုရီးယားနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်နေသူများမှ အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသူ / သား များ အနေဖြင့် အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်
နေ့ရက် ။ ။ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၆ ရက် တနင်္ဂနွေနေ့ ။
အချိန် ။ ။ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီအချိန်အထိ။
နေရာ ။ ။ စစ်အုပ်စုလက်ဝေခံ မြန်မာရုပ်သေးအစိုးရ သံရုံးရှေ့။
သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ ၊ ကိုရီးယားဌာနခွဲ


No comments: