ကိုရီးယားနိုင်ငံတွင် အခြေစိုက် လှုပ်ရှားဆောင်ရွက်နေကြသည့် လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ အနုပညာ၊ ပညာရေး၊ မီဒီယာ၊ အားကစားစသည့် မြန်မာအဖွဲ့အစည်းများ အားလုံး မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်ပါမည်။ မြန်မာအဖွဲ့အစည်းများ ရင်းနှီးမှု၊ လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာစေရန်၊ မြန်မာအသိုင်းအ၀န်းအတွက် လိုအပ်နေသော အကြောင်းအရာများကို ၀ိုင်းဝန်းဆွေးနွေး၍ အသိအမြင် ဖလှယ်နိုင်ရန်၊ အရေးကြီးသော အခြေအနေမျိုးတွင် အဖွဲ့အစည်းများ စုပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဆွေးနွေးရှာဖွေရန်စသည့် ရည်ရွယ်ချက်များဖြင့် "မြန်မာအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ ၂၀၁၄"ကို ပြုလုပ်ခြင်း ဖြစ်ပါသည်။ နေ့ရက်- ၂၀၁၄ နိုဝင်ဘာလ ၃၀ အချိန်- နံနက် ၁၀း၀၀ မှ ညနေ ၅း၀၀ နာရီ နေရာ- မြန်မာအသင်းခန်းမ၊ ဘူချွန်းရွှေ့ပြောင်းအလုပ်သမားရိပ်သာ လမ်းညွှန် = 부천외국인노동자의집 (부천시근로자종합복지관) * ဘူချွန်းဘူတာ부천역 ထွက်ပေါက် 4,5 >> ဘတ်စကား버스 8, 12, 50, 71, 72 >> 춘의테크노파크 မှတ်တိုင်ဆင်းပါ။ *** တွေ့ဆုံဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်လေ့လာပါရန် ဖိတ်ကြားပါသည်။*** # အဖွဲ့အစည်း အသီးသီးသို့ ဖိတ်ကြားစာများ ပေးပို့ပြီး ဖြစ်ပါသည်။ # ဖိတ်စာရပြီးသည့် အဖွဲ့အစည်းများအနေနှင့် အကြောင်းပြန်ကြားရမည့် ပုံစံနှစ်ခုကို ၂၃.၁၁.၂၀၁၄ တနင်္ဂနွေနေ့ ညနေ ၄-နာရီထက် နောက်မကျစေဘဲ ပြန်လည်ပေးပို့ပါရန် နှိုးဆော်ပါသည်။ # ဖိတ်စာမရသေးသည့် အဖွဲ့အစည်းများ ရှိပါက ကော်မတီသို့ အမြန်ဆုံး ဆက်သွယ်ပါ။ # ၂၃.၁၁.၂၀၁၄ နေ့အထိ ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း အတည်မပြုနိုင်သည့် အဖွဲ့အစည်းများ၊ အချက်အလက် မပြည့်စုံသည့် အဖွဲ့အစည်းများကို "အဖွဲ့မိတ်ဆက်"အစီအစဉ်တွင် ထည့်သွင်းပေးနိုင်လိမ့်မည် မဟုတ်ပါ။ ၎င်းတို့အနေနှင့် လေ့လာသူအဖြစ်သာ တက်ရောက်နိုင်မည် ဖြစ်ပါသည်။ # အဖွဲ့အစည်းများမှ တက်ရောက်ရန် အမည်စာရင်းပေးထားသည့် ကိုယ်စားလှယ်များ ပွဲစချိန် နံနက် ၁၀-နာရီအရောက် လုံးဝနောက်မကျကြပါရန် အထူးမေတ္တာရပ်ခံပါသည်။ # ဘူဆန်၊ ဒယ်ဂူး၊ ဂွမ်ဂျူး စသည့် အဝေးမြို့များမှ လာရောက်မည့် ကိုယ်စားလှယ်များ တည်းခိုရေးအတွက် လိုအပ်ပါက ကော်မတီသို့ ကြိုတင်ဆက်သွယ်ပါ။ အသေးစိတ်သိလိုပါက ကျင်းပရေးကော်မတီသို့ ဆက်သွယ်စုံစမ်းပါ။ Tel: 010-2788-7153, 010-4744-4084 Email: khinmgyinkorea@gmail.com ကျင်းပရေးကော်မတီ မြန်မာအသင်း (ကိုရီးယား)
No comments:
Post a Comment