Thursday, July 24, 2008

အပန်းဖြေ ခရီစဉ်အား (14.9.2008) ရက်နေ့ သိုပြောင်းရွှေသတ်မှတ်လိုက်ပါကြောင်း

ရေးသားသူ — သာသနာပြုကျောင်းတော်

လေးစားအပ်ပါသော ရွှေညီအစ်ကိုများခင်ဗျား

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၏ (2.8.2008)ရက်နေ့ တွင်သွားရောက်မည့်အပန်းဖြေ ခရီစဉ်အား (14.9.2008) ရက်နေ့ သို့ ပြောင်းရွှေ့ သတ်မှတ်လိုက်ပါကြောင်းအသိပေးအပ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုနေ့ တွင် မြန်မာအသင်းမှ ဦးစီးကျင်းပမည့် (3.8.2008) နေ့  နာဂစ်လေးဘေးဒုက္ခသည်များ ရန်ပုံငွေ အထူးတရားပွဲ ဟောကြားတော်မူရန်ကြွရောက်လာသော သီတဂူဆရာတော် ဒေါက်တာအရှင် ဉာဏိဿရ အား အရုဏ်ဆွမ်း နေ့ ဆွမ်း ကြွရောက် ဘုန်းပေးပါရန် လျောက်ထားခဲ့ ရာ ကြည်ဖြူစွာကြွရောက်ချီးမြှင့်မည်ဖြစ်ပါသဖြင့်မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် အနေဖြင့် နာဂစ်လေဘေးအထူးတရားပွဲတော်ကို လည်းကောင်း၊ ကြုံတောင့်ကြုံခဲ ဖူးတွေ့ ခွင့်ရမည့် ဆရာတော်ကြီးအား ဆွမ်း၊ဝေယျာဝစ္စ အလှူဒါန တို့ ကို ဦစားပေးလိုသည့် အတွက်ကြောင့်ခရီးစဉ်အာရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ပါသည်။
လက်မှတ်ဝယ်ထားပြီးသူများ အား အနူးအညွတ်တောင်းပန်စွာဖြင့် ငွေပြန်အမ်းပါမည်ဖြစ်ပါသည်။ နယ်ဝေးမှ လက်မှတ်ဝယ်ယူသူများအားလည်း ဘဏ်မှ တဆင့်ပြန်အမ်းငွေ အားလွှဲပြောင်းပေးမည်ဖြစ်ပါသည်။
သာယာလှပသောဤ ခရီးစဉ်အား ဖျက်သိမ်းခြင်းမဟုတ်ပါ။ သာသနာရေးကိစ္စနှင့် ရုတ်တရက်တိုက်ဆိုင်သွားသည်ဖြစ်ပါသောကြောင့် (14.9.2008) ရက်နေ့ သို့ တိုးချဲ့ အစီအစဉ်အဖြစ်သာယာလှပသော ထိုကျွန်းသာမက အနီးပတ်ဝန်းကျင်ဖြစ်သော နာမည်ကျော်လူသိများသော ဘူဆန်ကမ်းခြေ သို့ ပါ တညအိပ် ခရီးစဉ် အဖြစ် ရွှေ့ ဆိုင်းစီစဉ်ထားပါသည်။

အားပေးကူညီခဲ့ကြသော ရွှေမြန်မာ ညီအစ်ကိုများအား ခရီးစဉ်ရွှေဆိုင်းမှုနှင့်ပတ်သက်၍ အထူးပင်တောင်းပန်အပ်ပါသည်ခင်ဗျား……



ဘုန်းကြီးကျောင်းသားတစ်ဦး
အကျိုးတော်ဆောင်ကော်မတီကိုယ်စား
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်

3 comments:

ကိုလူချစ်(ကိုရီးယား) said...

ကို ဘုန်းကြီးကျောင်းသားခင်ဗျာ ဆရာတော်ရဲ့ ဘွဲ့တော်က ဦးဥာနိဿရ မဟုတ်ပါဘူး၊ ဦးဥာဏိဿရ ပါခင်ဗျာ။

ဝင်းပေါ်မောင် said...

`အရှင် ဉာဏိဿရ´ လို့ ရေးမှ အမှန် ဖြစ်ကြောင်းပါ။ ဆရာတော်က သူ့ဘွဲ့မှာ ဦး တပ်လေ့ မရှိပါဘူး။ မြန်မာ့ဓလေ့မှာ ထေရ်ကြီးဝါကြီးများကို အမည်ရင်းအစား ``၀ိသေသနပုဒ်+ဆရာတော်´´ ဟူ၍ ဦးစားပေး ရေးလေ့ ရှိပါတယ်။

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် said...

အမှားပြင်ပေးကြတဲ့ အစ်ကိုတို့ ကို ..ကျေးဇူးတင်ပါတယ်ခင်ဗျာ..