Saturday, July 12, 2008

ကူညီကြရအောင်

ဟန်းဂုရွာကို အလည်တခေါက် လာရောက်ကြတဲ့ ညီအစ်ကိုတွေကို အသိပေး အကူညီတောင်းခံစရာလေး ရှိလို့ စာလေးတစောင် ရေးလိုက်ပါတယ်။ ဂူန်ဖို ဆိုတဲ့ မြို့လေးမှာ အလုပ်လုပ်ခဲ့တဲ့ ကိုဝင်းနိုင်ဦး ခေါ် ကိုလှဖုန်း၊ သူနဲ့ ရင်းနှီးသူများကတော့ ကိုလှဖုန်း လို့ခေါ်ကြပါတယ်။ သူ့မှာ အရိုးတီဗီ ဖြစ်လို့ လွန်ခဲ့တဲ့ ၂လလောက်ကနေ စပြီး ဆေးရုံတက် ဆေးကုသမှုခံနေခဲ့ရတယ်။ အစပိုင်းမှာ တက်ခဲ့တဲ့ ဆေးရုံတွေကတော့ နိုင်ငံခြားသားတွေကို အခမဲ့နီးပါး ဆေးဝါးကုသပေးတဲ့ ဆေးရုံတွေပါ။ ဒါပေမယ့် သူ့ရောဂါကို ခွဲစိတ်ကုသပေးနိုင်တဲ့ အနေအထားရှိတဲ့ ဆေးရုံတွေတော့ မဟုတ်ခဲ့ပါဘူး။


သူကျန်းမာရေးကောင်းစဉ် အထိ အလုပ်လုပ်ခဲ့တဲ့ စက်ရုံကလည်း ရှုးချင်ယောင်ဆောင်နေတယ်။ အဲဒီစက်ရုံမှာ ၄နှစ်ကျော်လုပ်ခဲ့တာလို့လည်း သိရတယ်။ အစပိုင်းမှာတော့ အလုပ်ဒဏ်ကြောင့် ဖြစ်တဲ့ရောဂါလို့ပဲ ဆိုပြီး အလုပ်ခွင်ထိခိုက်မှုအာမခံ ရအောင် ကြိုးစားကြည့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဆရာဝန်တွေရဲ့ ပြောပြချက်အရ အကယ်၍ အလုပ်ဒဏ်ကြောင့် လို့ တစ်သက်မှတ်တည်း ပြောလို့ရတဲ့ ရောဂါမဟုတ်ဖူးလို့ပြောကြပါတယ်။ ဘာမှမလုပ်ပဲ ထိုင်နေရင်လည်း ဒီရောဂါမျိုး ဖြစ်တတ်ကြောင်း ရှင်းပြကြပါတယ်။ပိုဆိုးတာက သူအလုပ်လုပ်ခဲ့တဲ့ စက်ရုံက လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ပိုဆိုးကုန်တယ်။ အချက်လက်တွေကတော့ အများကြီးပဲ နောက်မှပဲ အသေးစိတ်ပြောပြတော့မယ်နော်။အဲဒီအထဲက နည်းနည်းပြောပြရမယ်ဆိုရင် သူအလုပ်လုပ်ခဲ့တဲ့ စက်ရုံက သူတို့စက်ရုံရဲ့ အရိပ်နဲ့ကင်းအောင်ဆိုပြီး သူ့ကိုလစာပေးတာတောင် ဘာအထောက်ထားမှ မရှိအောင်လို့ ဘာမှရေးမထားတဲ့ စာအိတ်အဖြူနဲ့ပဲ ထည့်ပြီးလစာပေးသတဲ့ အခုရောဂါဖြစ်ပြီဆိုတာ သိလို့ ဆေးရုံတင်ပေးတာတောင် တခြားစက်ရုံနာမည် တခုနဲ့ တင်ပေးထားတာ။ တော်တော် လူမဆန်တဲ့ စက်ရုံ့ပေါ့လေ။ ကျန်တဲ့ အသေးစိတ်ကိုတော့ နောက်မှ ပြောပြမယ်နော်။ လောလောဆယ် သူ့ကို ကိုရီးယား အန်ဂျီအို တခုရဲ့ အကူအညီနဲ့ သူ့ရောဂါကို ခွဲစိတ်ကုသပေးနိုင်တဲ့ ဆေးရုံတခုကို ပြောင်းရွှေ့ပြီး ဇူလိုင်လ ၁၀ရက်နေ့ကပဲ ခွဲစိတ်ပြီးသွားပြီ ခွဲစိတ်မှု မလုပ်ခင် ဆရာဝန်ရဲ့ ရှင်းပြချက်အရ အရိုးတီဗီ ထဲမှာတောင် အဆိုးဆုံးရောဂါလို့ ပြောတယ် ။ ခွဲစိတ်ချိန်လည်း ၁၀နာလောက်ကြာမယ်လို့ပြောတယ်။ ကျွှန်တော်လည်း တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ အဲဒါနဲ့ပတ်သက်လို့လည်း အသေးစိတ်ကို နောက်မှပြောပြမယ်နော်။ အခုတင်တားရတဲ့ဆေးရုံက စားရိတ်စက ကြီးမားတော့ သူ့အတွက် ပိုပြီးရင်လေးရတာပေါ့။ လောလောဆယ် ခန့်မှန်းချက်အရ ၀မ်သိန်း၂၀၀ လောက်ကုန်မယ်လို့ခန့်မှန်းကြတယ်။ အဲဒီအထက်လည်း ပိုသွားနိုင်တယ်လို့ခန့်မှန်းကြတဲ့ သူတွေလည်းရှိတယ်။ သူ့အနေနဲ့ ကိုရီးယားနိုင်ငံမှာ အိုဗာစတေးနဲ့ နေထိုင်အလုပ်လုပ်နေတဲ့သူဆိုတော့ ကျန်းမာရေးအာမခံလည်းမရှိ၊ သူအလုပ်လုပ်ခဲ့တဲ့ စက်ရုံကလည်း ရှုးချင်ယောင်ဆောင်နေတော့ လောလောဆယ် အခက်အခဲတွေ တွေ့နေရှာတယ်။ ဟန်းဂုရွာ ကို လာလည်ကြတဲ့ ကိုရီးယားရောက်မြန်မာတွေ အနေနဲ့ ကိုယ်တတ်စွမ်းနိုင်တဲ့ ဖက်ကနေ ကိုယ့်နိုင်ငံသားတယောက် အတွက် အကူညီပေးစေချင်တာနဲ့ အသိပေးလိုက်တာပါ။ သူနဲ့ပတ်သက်တဲ့ အသေးစိတ် အကြောင်းအရာလေးတွေကို နောက်နေ့မှာ ဆက်ပြီးပြောပြပေးပါ့မယ်။

No comments: