ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)
သီတဂူဆရာတော် အရှင်ဉာဏိဿရ (အဂ္ဂမဟာပဏ္ဍိတ၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ စစ်ကိုင်း) ၏ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ထောက်ပံ့ရေးအတွက် ဟောကြားတော်မူသည့် တရားပွဲကို ၀၃၊ ၀၈၊ ၂၀၀၈ (တနင်္ဂနွေနေ့) တွင် ပူချွန်းမြို့ ဆော့ဂွမ်ဆာဘုန်းကြီးကျောင်းဝင်းအတွင်းရှိ တရားဟောခမ်းမ၌ ကျင်းပခဲ့ပါသည်။ ထိုတရားပွဲကို ကိုရီးယားနိုင်ငံတွင်းရှိ မြန်မာ့အဖွဲ့အစည်းအသီးသီးတွင် လှုပ်ရှားသူများအပါအ၀င် မြန်မာနိုင်ငံသား တရားနာပရိတ်သတ်ပေါင်း နှစ်ရာ့ငါးဆယ်ခန့်ကြွရောက်ခဲ့ကြသည်။
ဆရာတော်ဘုရားကြီးသည် ကိုရီးယားနိုင်ငံသို့ ၂၉၊ ၀၇၊ ၂၀၀၈ ရက်နေ့တွင်ကြွရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ကိုရီးယားလူမျိုး ဗုဒ္ဓဘာသာဝင်များနှင့် ကိုရီးယားရောက် မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်များအတွက် တရားပွဲပေါင်းများစွာ လှည့်လည်ဟောကြားခဲ့သည်။
ဆော့ဂွမ်ဆာကျောင်းဝင်းအတွင်းတွင် ကျင်းပခဲ့သည့်တရားပွဲကို မြန်မာအသင်း (ကိုရီးယား) က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး နေ့လည်တစ်နာရီမှ သုံးနာရီအထိ ဟောကြားခဲ့သည်။ ထိုတရားပွဲတွင် မြန်မာအဖွဲ့အစည်းအသီးက လှူဒါန်းမှုများမှာ……
ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း (ကိုရီးယား)က ကိုရီးယားဝမ်ငွေ သုံးဆယ့်လေးသိန်း ရှစ်သောင်း နှစ်ထောင်၊
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်က ၀မ်ငွေ နှစ်ဆယ့်နှစ်သိန်း ငါးသောင်း၊
ဒုတိယအကြိမ်မြောက် အမေနေ့အထိမ်းအမှတ်အဖြစ် မြန်မာအသင်းလက်ရွေးစင်ဘောလုံးအသင်းနှင့် စေတနာရှင်လူငယ်များက ၀မ်ငွေ ဆယ့်ငါးသိန်း နှစ်သောင်း၊
အင်ချွန်းဘောလုံးအသင်းက ၀မ်ငွေ ဆယ့်ငါးသိန်း၊
အန်ဆန်းရှီဝှာမိသားစုက ၀မ်ငွေ ငါးသိန်း၊
ကင်ပိုလူငယ်အဖွဲ့က ၀မ်ငွေ တစ်သိန်း၊
မန္တလေး စိတ္တသုခ ပရဟိတလူငယ်အဖွဲ့က တီရှပ်အင်္ကျီ အထည်သုံးရာ တို့အပြင် တရားတော်နာကြွရောက်လာကြသည့် ပရိတ်သတ်တစ်ဦးချင်းစီကလည်း မိမိတို့တတ်နိုင်သ၍ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသည်။
ဆရာတော်ဘုရားကြီး၏ ကိုရီးယားနိုင်ငံခရီးစဉ်အတွင်း နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ထောက်ပံ့ရေးအတွက် ရရှိခဲ့သည့် ရံပုံငွေစုစုပေါင်းမှာ ကိုရီးယားဝမ် တစ်ရာခွန်နှစ်ဆယ့်ငါးသိန်း လေးသောင်း ခြောက်ထောင် နှစ်ရာ့တစ်ဆယ်နှင့် အမေရိကန်ဒေါ်လာ နှစ်သောင်း ခြောက်ထောင့် သုံးရာ ရရှိခဲ့ပါသည်။
ဆရာတော်ဘုရားကြီးသည် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ၀၄၊ ၀၈၊၂၀၀၈ ရက်နေ့တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။
Wednesday, August 6, 2008
သီတဂူဆရာတော်ဘုရားကြီး၏ ဆော့ဂွမ်ဆာတရားပွဲ
Subscribe to:
Post Comments (Atom)
2 comments:
ဘုန်းကြီးကျောင်း အမည်တွေကို ပြန်လည် စိစစ်ပြီး ပြင်ဆင်ပေးပါရန် ပန်ကြားအပ်ပါသည်။
ပြင်ဆင်ပြီးသွားပါပြီခင်ဗျာ။ မှားယွင်းမှုအတွက် တောင်းပန်အပ်ပါသည်။
Post a Comment