Friday, August 22, 2008

ကိုလှဖုန်း ခေါ် ကိုဝင်းနိုင်ဦး ၏ ဆေးကုသစားရိတ်အတွက် အကူအညီတောင်းခံခြင်း

ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)


မြန်မာအသင်း (ကိုရီးယား)

MYANMAR ASSOCIATION IN KOREA
미 얀 마 공 동 체


ကိုလှဖုန်း ခေါ် ကိုဝင်းနိုင်ဦး ၏ ဆေးကုသစားရိတ်အတွက် အကူအညီတောင်းခံခြင်း

ဂူန်ဖိုမြို့တွင် နေထိုင်အလုပ်လုပ်ကိုင်သည့် ကိုလှဖုန်း ခေါ် ကိုဝင်းနိုင်ဦးသည် အရိုးတီဘီရောဂါကြောင့် ဆိုးလ်မြို့ အာဆန်းဆေးရုံကြီးတွင် ဇူလိုင်လ ၁၀ ရက်နေ့တွင်တစ်ကြိမ် ၂၂ ရက်နေ့တွင်တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် အကြီးစားခွဲစိတ်ကုသမှုခံယူခဲ့ရသည်။

ကိုလှဖုန်းသည် ယခုနှစ် မတ်လအတွင်းတွင် မခံမရပ်နိုင်အောင် ခါးနာသည့်ဝေဒနာကြောင့် ၄င်း၏စက်ရုံမှ ဆိုးလ်မြို့ ကြက်ခြေနီဆေးရုံသို့ တင်ပေးခဲ့သည်။ ထိုဆေးရုံမှတဆင့် ဆိုးလ်မြို့ ဒေါင်ဒဲမွန်အားကစားကွင်းအနီး National Medical Center သို့ ပြောင်းရွှေ့၍ ကုသမှခံယူခဲ့သည်။ ထိုဆေးရုံတွင် ဆေးစစ်ချက်အရ အရိုးတီဘီရောဂါဖြစ်မှန်းသိရ၍ ဆိုးလ်မြို့ အာဆန်းဆေးရုံသို့ ပြောင်းရွှေ့ဆေးကုသခဲ့သည်။

အာဆန်းဆေးရုံကြီးတွင် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့သော်လည်း အကြီးစားခွဲစိတ်မှုဖြစ်သည့်အတွက် လွန်စွာ ငွေကုန်ကြေးကျများခဲ့သည်။

ဝမ်သိန်းပေါင်း ၂၆၀ ကျော် ကုန်ကျခဲ့သည်။

ဆေးရုံမှ ၀မ် သိန်းကိုးဆယ် အကုန်အကျခံလျှော့ပေးခဲ့သော်လည်း ကိုလှဖုန်းသည် ကိုရီးယားတွင် ရက်လွန်နေထိုင်သူ (over stay) ဖြစ်သည့်အားလျော်စွာ ကျန်းမာရေးအာမခံတင်နိုင်ခြင်းမရှိသည့် အတွက် ကျန်ရှိနေသေးသည့် များစွာသော ဆေးကုသစားရိတ်တို့ကို ဖြေရှင်းရန် လွန်စွာအခက်အခဲတွေ့နေပါသည်။

ထို့ကြောင့် ကိုရီးယားရောက် မြန်မာညီအစ်ကိုမောင်နှမအပေါင်းတို့က ကိုလှဖုန်း၏ ကျန်းမာရေးအခက်အခဲအတွက် လူမှုရေးစိတ်ဓါတ်အပြည့်ဖြင့် မိမိတို့ တတ်နိုင်သရွေ့ ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကိုလှဖုန်းသည် ယခုအခါတွင် ဆိုးလ်မြို့ မီယာရှိ ခရစ်ယံဆေးရုံတွင် ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိပါသည်။
အသေးစိတ်သိလိုသူများ ကိုဝင်းလှိုင် 010- 5820- 2208 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ကူညီလိုသူများ ဆက်သွယ်ရန်

ဦးသောင်းထွန်း(ဂယောင်ဂီဒို ဂွမ်ဂျူး)- 011- 9744- 8705
ကိုဝိုင်း(ရှင်ဒိုရင်မ်) – 010- 2331- 2457
ကိုသူရ(ပူချွန်း)- 010- 6740- 5218
ဆလိုင်းကျော်ကျော်(ချင်းလူမှုရေးအသင်း)- 010- 2434- 2958
ကိုကြည်လွင်(ကင်ပို)- 010- 2905- 9655
ကိုကျော်ဇောအေး(အန်ဆန်းရှီဝှာ)- 010- 2790- 9773
ကိုနိုင်(အန်ဆန်းရှီဝှာ)- 019- 630- 9899
ကိုအောင်ခိုင်(ဘူဖျောင်း)- 010- 3938- 7512
ကိုဂျေကယား ခေါ် ကိုဇော်မင်းမင်းဦး(ဒယ်ဂူး)- 010- 2422- 3551
ကိုအောင်ကျော်ဝင်း(ချွန်းနန်)- 011- 9496- 4479

ဘဏ်မှတဆင့် ကူညီလိုလျှင်
KHIN MG YIN
국민은행 (KB Bank) 047- 21- 0927- 290

3 comments:

Unknown said...

ဒေဂူးက ကိုဇော်မင်းမင်းဦး ကလဲ ဒေဂူးမှာ ဒီကိစ္စ သိတဲ့ လူ ရှိသလို မသိတဲ့လူလဲ ရှိတော့ကာ.. မြန်မာတွေ အများဆုံး စုဝေးရာအရပ်တွေမှာ အကူအညီ တောင်းရင် မရနိုင်ဘူးလား...အကြံဥာဏ်ပေးကြည့် တာပါ..။

Unknown said...

ဒေဂူးက ကိုဇော်မင်းမင်းဦး ကလဲ ဒေဂူးမှာ ဒီကိစ္စ သိတဲ့ လူ ရှိသလို မသိတဲ့လူလဲ ရှိတော့ကာ.. မြန်မာတွေ အများဆုံး စုဝေးရာအရပ်တွေမှာ အကူအညီ တောင်းရင် မရနိုင်ဘူးလား...အကြံဥာဏ်ပေးကြည့် တာပါ..။

သူရဇော် said...

ဟုတ်ကဲ့ ကျနော်တို့ ဒေဂူးကမိတ်ဆွေတွေဆီကို ထပ်ပြီးဆက်သွယ်ကြည့်ပါဦးမယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ