Monday, October 27, 2008

ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ်များအားပညာသင်ဆုပေးမည့်သတင်း

ရေးသားသူ — အိဂျူးအိုပါး
ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ်များအားပညာသင်ဆုပေးမည့်သတင်း
ကိုရီးယားနိုင်ငံတွင်းရောက်ရှိနေပြီး ၊ အောက်ပါ အချက်အလက်များနှင့် ကိုက်ညီသူများကို ၊ ပညာသင်ဆု ချီးမြင့်မည် ဖြစ်ကြောင်း သိရသည် -
၁ ။ ဗီဇာတစ်ခုခုရှိနေသူ(တရားဝင်နေထိုင်သူ)ဖြစ်ရမည် ။
၂ ။ B.Sc (Physic), A.G.T.I (Electric)သို့မဟုတ်(Electronic),B.E (Electric)သို့မဟုတ်(Electronic) ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရမည် ။
တက်ရောက်ခွင့်ရမည့် သင်တန်းမှာ မဟာသိပ္ပံ(နျူကလီးယား)နှင့် ၊ မဟာသိပ္ပံ(အိလက်ထရောနစ်)ဖြစ်ပြီး ၊ မြန်မာလူငယ်များကိုသံယောဇဉ်ရှိသော ကိုရီးယားပညာရေးအဖွဲ့အစည်းများက ချီးမြှင့်မည့် အစီအစဉ်ဖြစ်သည် ဟုဆိုသည် ။ အနီးဆုံး သင်တန်း(Semester)တွင် စတက်ရမည်ဟုလည်းဆိုပါသည် ။
ထို့ပြင် ၊ ကိုရီးယားနိုင်ငံတွင်း ရောက်ရှိနေပြီး ၊ တရားဝင်နေထိုင်သူမြန်မာလူငယ်များ (အီးနိုင်းဗီဇာအပါအ၀င်) အနေဖြင့် ၊ အခြားသော ဘာသာရပ်များကို မိမိအစီအစဉ်(မိမိစရိတ်)ဖြင့် သင်ယူလိုပါက ၊ ပညာသင်ယူခွင့် ရရှိရေးအတွက် ၊ လိုအပ်သော အကူအညီများကိုကူညီ ပံပိုး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းလည်း သိရပါသည် ။
စိတ်ပါဝင်စားသူများ-
010-2331-2457 သို့မဟုတ် Iju.Oppa@gmail.com ထံဆက်သွယ်နိုင်ကြောင်း သိရသည် ။

No comments: