Thursday, December 18, 2008

ပြည်ပ သာသနာပြု ဆရာတော်ကြီးများ၏ အထူးတရားပွဲ အစီအစဉ်

ပြည်ပသာသနာပြု ဆရာတော်ကြီးများ ဖြစ်ကြသော သဒ္ဓမ္မမဏ္ဍိုင်ဆရာတော် နှင့် တောစခန်းသာ မဟာစည်ရိပ်သာ ဆရာတော်တို့သည် သာသနာပြု ခရီးစဉ် အဖြစ် ကိုရီးယားနိုင်ငံ သို့

ရောက်ရှိနေစဉ် ကိုရီးယား နိုင်ငံသား များ နှင့် မြန်မာနိုင်ငံသား ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့အား မေတ္တာ ရှေ့ထား၍ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ချီးမြှင့်မည် ဖြစ်ပါသဖြင့် မိမိတို့ရရှိသော အခွင့်အရေးအား လက်လွတ်မခံ ဘဲ တရားတော်များ ကြွရောက်နာယူ ကြပါရန် ခင်မင်လေးစား စွာ ဖိတ်ကြားအပ်ပါသည်။
တရားပွဲ အစီအစဉ်
ကျင်းပမည့် နေရက် ။ ။ ၂၁. ၁၂.၂၀၀၈ ( တနင်္ဂနွေ နေ့ )
ကျင်ပမည့်နေရာ ။ ။ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ( ကိုရီးယား )
ကျင်းပမည့်အချိန် ။ ။ နေလယ် ၁ နာရီ မှ နေလယ် ၂ နာရီ အထိ
သဒ္ဓမ္မမဏ္ဍိုင် ဆရာတော် ဘဒ္ဒန္တ နာဂသေန
နေလယ် ၂ နာရီ ၁၅ မိနစ် မှ နေလယ် ၃ နာရီ ၁၅ အထိ
တောစခန်းသာ မဟာစည် ဆရာတော် ဘဒ္ဒန္တ တေဇဝန္တ

ဧည့်ခံကျွေးမွေးရေး ။ ။ ကြွရောက်လာသည့် ဧည့်ပရိသတ်အပေါင်းအား မိဘနှစ်ပါး အမှုထား၍ ကိုဝေဖြိုးအောင် နှင့် ကိုညီညီအောင် ညီအကို နှစ်ဦး တို့မှ မြန်မာ့ ရိုးရာ မုန့်ဟင်ခါး ဖြင့် ဧည့်ခံကျွေးမွေးပါမည်။

အကျိုးတော်ဆောင်အဖွဲ့
ဖုံး ၊ ၊ ၀၃၂ ၅၁၁ ၂၈၄၁

No comments: