Wednesday, December 31, 2008

နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ခညောင်းပြီးအလုပ်အကိုင်များကောင်မွန်နိုင်ကြပါစေ လို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ် ခင်ဗျာ။

လေးစားအပ်ပါသော ရွှေညီအစ်ကိုများခင်ဗျား။
နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းပြီး အလုပ်အကိုင် များကောင်းမွန်နိုင်ကြပါစေလို့ဆုမွန်ကောင်း တောင်းလိုက်ရပါတယ် ခင်ဗျာ။ယခုနှစ်မှာတော့ခါတိုင်းနှစ်များထက် အလုပ်ရုံများ အလုပ် ပါးတာ၊ပိတ်တာတွေများတော့အားလပ်ရက် တွေပိုရကြလိမ့်မယ်လို့ထင်ပါတယ်။ကကြီး စီပွားရေး ကျနေချိန်ဆိုတော့ ဒီ နှစ်ကူးမှာ အလှူအတန်းပွဲကြီးတွေ များများစားစားမှရှိပါ့ မလား ဟုစိတ်ပူခဲ့ရပါတယ်။အချိန်တန်တော့လည်း အလှူရှင်များနှင့် ရက်ပြည့် စုံသွားခဲ့ ပါသည်။၁၁ လပိုင်းလ လယ်လောက်ကတည်းကရက်ချိန်းယူထားပြီးသောအလှူရှင် ညီအကိုတွေနဲ့အလှူရှင်အသစ် များအကြားခွဲဝေညှိနှိုင်းပေးခြင်း၊ပူးပေါင်းပေးခြင်းများတောင်လုပ်ပေးခဲ့ရပါသည်။ရပ်ဝေးဒေသမှအလှူရှင်ညီအကို
များ၊ညအိပ်ညနေလာရောက်ကြမည့်ညီအကိုများအတွက်အခန်း၊အိပ်ယာစောင်အခင်းများ သန့်စင်ထားပါသည်။မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် အလှူရှင်များ မှ စားသောက်ဖွယ်ရာအဖြာဖြာတို့ ဖြင့် ဧည့်ခံကျွေးမွေးပြီး တရားတော်နာကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်ခင်ဗျာ။

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ( ကိုရီးယား )
တရားပွဲအချိန်~~~~၁ နာရီ မှ နေလယ် ၂ နာရီ အထိ

(၁.၁.၀၉)ကြာသာပတေး နေ့ ~~~ကိုကျော်သန်း၊ကိုမျိုးသန့်ဇော် နှင့်သူငယ်ချင်းများ(အာရုံဆွမ်း၊နေ့ ဆွမ်း)မုန့် ဟင်းခါး၊( မြန်မာ ထမင်း၊ဟင်း )
(၃.၁.၀၉)စနေ နေ့ ~~~ကိုကျော်ကျော်လွင်(အာရုံဆွမ်း၊နေ့ ဆွမ်း) (မြန်မာ ထမင်း၊ဟင်း )

(၄.၁.၀၉)တနင်္ဂနွေ နေ့ ~~~~ကိုဇာနီလွင်(အာရုံဆွမ်း)၊ကိုဇာနီသိန်း+မပပသော် (သမီး)ဟန်နီသော်( (ရက်၁၀၀ပြည့် မွေးနေ့ နေ့ ဆွမ်း) မနက်~နန်းကြီးသုတ်၊နေ့ လယ်~(ကြက်သားဒံပေါက် )
(၁၁.၁.၀၉)တနင်္ဂနွေ နေ့ ~~~~အန်ဆန်းညီအစ်ကိုများ(အာရုံဆွမ်း၊နေ့ ဆွမ်း)(မြန်မာ ထမင်း၊ဟင်း )
(၂၄.၁.၀၉)စနေ နေ့ ~~~DSME ဒေ၀ူးသင်္ဘောကျင်းမှ့ညီအစ်ကိုများ(အာရုံဆွမ်း၊နေ့ဆွမ်း)
( ကြက်သားဒံပေါက် )
(၂၅.၁.၀၉)တနင်္ဂနွေ နေ့ ~~~ဒန်ဂျင်းမှညီအစ်ကိုများ(အာရုံဆွမ်း)၊ကိုကျော်ဌေးနှင့်သူငယ်ချင်းများ(နေ့ ဆွမ်း)ပဲပလာတာ၊ပဲထပ်တရာ၊အီကြာကွေး၊လက်ဖက်ရည်&မြန်မာ ထမင်း၊ဟင်း
(၂၆.၁.၀၉)တနင်္လာ နေ့ ~~~မြင်းခြံ မြို့ သား ညီအစ်ကိုများ(အာရုံဆွမ်း၊နေ ဆွမ်း)
( မြန်မာ ထမင်း၊ဟင်း )
(၂၇.၁.၀၉)အင်္ဂါနေ့ ~~~~ကိုဧရာနှင့် သူငယ်ချင်းများ(အာရုံဆွမ်း)ကိုဘိုဘိုမင်း(နေ့ ဆွမ်း)
(မုန့် ဖတ်သုတ်၊မုန့် ဟင်းခါး၊ တရုတ် ထမင်း၊ဟင်း)

1 comment:

winlatt said...

သာဓု ပါခင်ဗျာ...
ဝမ်းသာလှိုက်လဲ ဂုဏ်ယူမိပါတယ်...။