Thursday, February 19, 2009

အလှူတော် မင်္ဂလာ ဖိတ်ကြားလွှာ

ကျနော်များ သူငယ်ချင်းတစ်စုသည် ကိုရီးယားသို့ ရောက်ရှိခဲ့သည်မှာ ၃ နှစ်တာ ပြည့်မြောက်တော့မည် ဖြစ်ပါသည်။ ထိုကာလအတွင်း မိမိတို့ ရှာဖွေစုဆောင်းခဲ့ကြသော ချွေးနည်းစာထဲမှ တတ်အားသမျှ ငွေကြေးလေးဖြင့် မိဘ၊ ဆရာသမားများ၏ ဂုဏ်ကျေးဇူးကို အထူးအောက်မေ့ကာ ထာဝရငွေပဒေသာပင် စိုက်ထူလှူဒါန်းကြ၍၊ ဘုရားအမှုးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းအစရှိသော ခဲဖွယ်၊ ဘောဇဉ်တို့ကို ဆပ်ကပ်လှူဒါန်းကာ၊ ကြွရောက်လာကြမည့် ဧည့်ပရိတ်အပေါင်းတို့အား ဒံပေါက်ထမင်း၊ ဟင်းများဖြင့် ဧည့်ခံကျွှေးမွေးကြမည်ဖြစ်ပါသည်။
ထိုအပြင် ပြုခဲ့သမျှသော ကုသိုလ်၊ဒါန အစုစုတို့အား ရေစက်သွန်းချ အမျှအတန်း ပေးဝေမည်ဖြစ်ပါသောကြောင့် ကျနော်များနှင့် အတူတကွ တရားတော်နာ ကြွရောက်ကြပါရန် ခင်မင်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ကျင်းပမည့် နေရာ ၊ ၊ မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား )
ကျင်းပမည့် နေ့ရက် ၊ ၊ ၂၂.၀၂.၂၀၀၉ ( တနင်္ဂနွေ နေ့ )
ကျင်းပမည့် အချိန် ၊ ၊ နံနက် ၉ နာရီ မှ မွန်းလွဲ ၂ နာရီ အထိ
ဧည့်ခံ ကျွေးမွေးရေး ၊ ၊ အာရုံဆွမ်း ( ခေါက်ဆွဲကြော် )
နေ့ဆွမ်း ( ဒံပေါက် ထမင်း ဟင်း )
အလှူရှင်များ ၊ ၊ ကိုမင်းသူ ၊ ကိုမိုးဟိန်း ၊ ကိုသန်းကျော်ဝင်း ၊ ကိုသိန်းထူး ၊ ကိုမျိုးမင်းထွန်း ၊ ကိုကျော်ဝင်းမြင့်



အကျိုးတော်ဆောင်အဖွဲ့
ဖုံး - ၀၃၂ - ၅၁၁ ၂၈၄၁


No comments: