Friday, February 13, 2009

총맞은것 처럼 (သို့မဟုတ်) ဘ၀နဲ့ ဆိုတဲ့ သီချင်း



총맞은것처럼

총맞은것처럼 정신이 너무 없어
웃음만 나와서 그냥 웃었어
그냥 웃었어 그냥 허탈하게 웃으면 하나만 묻자 해서
우리 왜헤어져 어떻게 헤어져
어떻게 헤어져 어떻게

구멍난 가슴에 우리 추억이 흘러 넘쳐
잡아보려해도 가슴을 막아도

손가락 사이로 빠져나가 심장이 멈춰도
이렇게 아플꺼 같진 않아 어떻게 좀 해줘 날 좀 치료해줘 이러다
내 가슴 다 망가져 구멍난 가슴이

어느새 눈물이 나도 모르게 흘러 이러기 싫은데
정말 싫은데 정말 싫은데 정말

일어서는 널 따라 무작정 쫓아갔어 도망치듯이 걷는
너의 뒤에서 너의뒤에서 소리쳤어
구멍난 가슴에 우리 추억이 흘러 넘쳐
잡아보려해도 가슴을 막아도 손가락 사이로 빠져나가 심장이 멈춰
도 이렇게
아플거 같진 않아 어떻게 좀 해줘 날 좀 치료해줘
이러다 내 가슴 다 망가져

총맞은 것처럼 정말 가슴이 너무 아파 어~

이렇게 아픈데 이렇게 아픈데 살 수가 있다는 게 이상해
어떻게 널 잊어 내가 그런거 나는 몰라 몰라
가슴이 뻥 뚫려 채울 수 없어서 죽을만큼 아프기만해
총맞은것처럼 우후~


Like Being Hit By A Bullet

Like being hit by a bullet
I really lost my sense
Because only laughter comes out
I just smile, i just smile, i just

While smiling hopelessly
I asked myself just one thing
Why did we break up
How could we break up
How could we break up
How...

In my punctured heart, our memories flow
They over flow
Even though I'm trying to hold on
I block off my heart
They slip through between my fingers

Even though my heart is cold
It doesn't seem like it hurts
How can you do that?
Please heal me
My heart will break completely soon

My punctured heart
Already,my tears flow
Without me knowingI hate being like this
i really hate it, i realy hate it, i really

You stand up and I follow behind
Aimlessly I followed
You are running away
From behind you, from behind you, I cried out

In my punctured heart, our memories flow
They over flow
Even though I'm trying to hold on
I block off my heart
They slip through between my fingers

Even though my heart is cold
It doesn't seem like it hurts
How can you do that?
Please heal me
My heart will break completely soon

Like being hit by a bullet, Really
My heart hurts a lot
Although I hurt like this, eventhough i hurt like this
It's weird how i can live
How can i forget you?
I don't know how to do that, I don't know
My heart is pierced
It can't be full
It hurts me like death

Like being hit by a bullet


သေနတ်မှန်တဲ့ အတိုင်းပါဘဲလားကွယ် ....

ကျဉ်ဆံထိတဲ့အတိုင်းပါဘဲ စိတ်တွေက အ၇မ်းကို မငြိမ်ပါဘူး
ပြုံးလို့ဘဲ၇လို့ ဒီအတိုင်းပြုံးနေလိုက်တယ်
ဒီအတိုင်းပြုံးနေလိုက်တယ် ဒီအတိုင်း
အေးချမ်းစွာ ပြုံးပြီးတော့ တစ်ခုဘဲမေးလိုက်ပါတယ်
ဒို့တွေ ဘာလို့ဝေးကြတာလဲလို့
ဘယ်လိုဖြစ်ပြီး ဝေးကြတာလဲ
ဒို့တွေ၇ဲ့ အပေါက်ဖြစ်နေသောနှလုံးသားမှာလေ အမှတ်တ၇တွေပြည့်နှက်နေသလိုဘဲ
ဖမ်းကြည့်ဖို့လုပ်ပေမယ့် နှလုံးသားကတားဆီးပေမယ့်
လက်ကြားတွေကနေ ယိုထွက်သွားသလိုဘဲ
နှလုံးသားတွေ ၇ပ်တန့်သွားတယ်ဆိုတာ ဒီလိုလား
မနာကျင်တော့ပါဘူး
နဲနဲတော့ လုပ်ပေးပါ
ဆေးနဲနဲတော့ ကုပေးပါ
ဒီလိုနဲ့ဘဲ ငါ့နှလုံးသားတွေ ပျက်ဆီးကုန်တော့မယ်
အပေါက်ဖြစ်နေသော ၇င်မှာ
တချိန်မှာတော့ မျက်၇ည်တွေဟာ ငါတောင်မသိဘဲ ကျလာတယ်
ဒီလိုမျိုး မကြိုက်ပါဘူးဆိုမှ တကယ် မကြိုက်ပါဘူးဆိုမှ
မတ်တတ်၇ပ်လိုက်တဲ့ နင့်အတိုင်း လိုက်ပြီး ဘာမှန်းမသိဘဲ ကပ်လိုက်ခဲ့တယ်
ထွက်ပြေးတဲ့အတိုင်း လျှေက်နေတဲ့ နင့်၇ဲ့အနောက်မှာ
နင့်၇ဲ့နောက်ကနေ အော်ပြောလိုက်တယ်
တကယ်ကို နှလုံးသားတွေ နာကျင်ပါတယ်
တကယ်ကို နှလုံးသားတွေ နာကျင်ပါတယ်
အသက်ရှင်နေတာ ထူးဆန်းတယ်နော်
ဘယ်လိုလုပ် နင့်ကို ငါက မေ့လို့၇ပါ့မလဲ
အဲဒါမျိုး ငါလဲမသိဘူး
နှလုံးသားအပေါက်ထဲကို ဖြည့်ပို့ မပြည့်နိုင်ဘူးကွယ်
သေလောက်အောင် နာကျင်စေခဲ့သူ၇ယ်
သေနတ်မှန်တဲ့ အတိုင်းပါဘဲလားကွယ် ..................
(မြန်မာဘာသာပြန်ကို ကိုဝင်းလတ် ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။)

ကိုရီးယားသီချင်းလေးတွေ ဘာသာပြန်မည်ဟု စဉ်းစားခဲ့သည်မှာ ကြာပြီ။ တစ်ကယ်တမ်းကျတော့ မလုပ်ဖြစ်။ ဘာသာပြန်ဖို့ ဝေးစွ။ နားပင် မထောင်ဖြစ်။ တစ်နေ့ပြီး တစ်နေ့ အလုပ်နဲ့ အခန်း၊ အခန်းနဲ့ အလုပ် ကူးချည်သန်းချည်နှင့် အချိန်တွေ ကုန်မှန်းမသိ ကုန်နေသည်။ သည်လိုနှင့် တစ်နေ့…။ ကိုဝင်းလတ် ဘလော့ဂ်တွင် ကိုရီးယားသီချင်းလေးတစ်ပုဒ် ဘာသာပြန်ထားတာ တွေ့လိုက်ရသည်။ တော်တော်လည်း ပျော်သွားသည်။ မိမိ မလုပ်နိုင်သော၊ မလုပ်ဖြစ်သော အလုပ်တစ်ခုကို ကိုဝင်းလတ် လုပ်သွားသောကြောင့် စိတ်ထဲ ပေါ့သွားသည်။ ထို့ကြောင့် ထိုပို့စ်လေးတွင် ကွန်းမန့်(မှတ်ချက်)ကို အရှည်ကြီး ရေးပစ်လိုက်သည်။ တင်မည့်ကြံတော့ နံမည်က တစ်လွဲဖြစ်နေသည်။ ဒီပို့စ်ကို မိမိကလောင်အမည်နှင့်ပဲ မှတ်ချက်ပေးချင်မိသည်။ ထို့ကြောင့် မေးလ် ပြောင်းလိုက်ရာ ရေးထားသော စာများပါ အားလုံးပျောက်သွားရတော့သည်။ ပြန်ရေးမည် လုပ်တော့ ညတစ်နာရီထိုးနေပြီ။ အိပ်မှ ဖြစ်တော့မည်ဟု တွေးကာ အိပ်ယာဝင်လိုက်ရသည်။ သို့သော် စိတ်ထဲတွင် အကြွေးက တင်နေသည်ဟု အမြဲလိုလို ခံစားရသည်။
သီချင်းလေး နားထောင်ကြည့်တော့ အဆိုတော် ဘက်ဂျီယောင်း၏ ရင်ထဲမှ လှိုက်လှဲသော ခံစားမှုစွက်နေသည့် အသံက ရင်ဘတ်ထဲအထိ ဒိုင်းကနဲ ရောက်လာသည်။ သီချင်းစာသားတွေကလည်း အရမ်းထိသည်။ စိတ်ထဲ တော်တော် ထူးထူးဆန်းဆန်း ဖြစ်သွားသည်။ ဘာကြောင့်လဲ…။ ပျိုမြစ်နုနယ်သော သူမမျက်နှာ၊ တုန်ရင်လှိုက်လှဲသော အဆိုသံ၊ နက်ရှိုင်းသော ခံစားမှုတို့ နောက်ကွယ်တွင် ဘယ်လို ဘ၀ဒဏ်ရာဒဏ်ချက်တွေများ ရှိနေသလဲ…။ ဒီနေ့ ဒီလို အောင်မြင်မှုမျိုး ပိုင်ဆိုင်ဖို့အတွက် ဘက်ဂျီယောင်း ဖြတ်သန်းခဲ့ရသော ဘ၀ခရီးလမ်းက ဘယ်လိုလဲ…ဟု စေ့ငုမိသည်။

စစ်အေးကာလပြီးနောက်ပိုင်း ကိုရီးယားတွင် စီးပွားရေး ဖွံဖြိုးတိုးတက်လာသည်။ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အင်တာနက်ရေစီးပါ ၀င်ရောက်လာသည်။ ထို့အတူ အင်တာနက်သည် သတင်းမီဒီယာ၏ လက်နက်တစ်ခု ဖြစ်လာသည်။ ထိုစဉ်က ဘက်ဂျီယောင်းတွင် ကိုရီးယားတစ်နိုင်ငံလုံး မသိသူ မရှိအောင် ဟိုးလေး တကြော်ကြော် ဖြစ်ခဲ့ရသည့် ဇာတ်လမ်းလေးတစ်ပုဒ် ရှိခဲ့ဖူးသည်။ ဘက်ဂျီယောင်းခမျာ အင်တာနက်သတင်းများ၏ သားကောင်တစ်ယောက်ဖြစ်ခဲ့ရသည်။ ဘက်ဂျီယောင်း အသက်နှစ်ဆယ်ကျော် အရွယ်..။ ထိုစဉ်က သူမက အဆိုတော်ပေါက်စ…။ ဖြစ်ပုံက ဘက်ဂျီယောင်းနှင့် သူမချစ်သူ လမ်းမခွဲမီ သူမတို့နှစ်ယောက် ချစ်တင်းနှောနေသည့် ၀တ်လစ်စလစ် ဗွီဒီယိုလေးကို သူမ၏ ချစ်သူက ရိုက်ထားသည်။ သူမ မသိ။ နောက်ပိုင်း လမ်းခွဲဖို့ ဖြစ်လာပြီး သူမနှင့် သူမချစ်သူတို့ လမ်းခွဲလိုက်ကြသည်။ ထိုအခါ ယုတ်မာ ကောက်ကျစ်သောယောင်္ကျားတို့၏ ထုံးစံအတိုင်း ထိုဗွီဒီယိုကားလေးကို အင်တာနက်တွင် လွှင့်တင်လိုက်တော့သည်…။ ထို့အတူ ကိုရီးယား တစ်နိုင်ငံလုံးတွင်လည်း ဘက်ဂျီယောင်းဆိုသော နံမည်ကလည်း အပုပ်နံ့ ထ ကာ ဟိုးလေးတကျော်ကျော် ဖြစ်သွားတော့သည်။


ကျွန်တော်တို့ နိုင်ငံတွင်လည်း သည်လို အဖြစ်မျိုး ဖြစ်ခဲ့ဖူးသည်။ မနေ့တစ်နေ့ကပင် လူစိတ်မရှိသူတစ်စုက ယုဇနပလာဇာရှိ ဆိုင်တစ်ဆိုင်တွင် ကင်မရာခိုးတပ်၊ အမျိုးကောင်းသမီးလေးများ၏ အ၀တ်လဲနေပုံများကို အင်တာနက်ပေါ် ခိုးတင်ခဲ့ကြသည်။ ထို့ပြင် လေယာဉ်မယ်ဇာတ်လမ်း၊ မိုးဟေကို ဗွီဒီယိုတို့လည်း ပေါ်ခဲ့ကြသည်ပင်…။ သို့သော် မြန်မာပြည်မှာက တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အင်တာနက်က မကျယ်ပြန့်သေး။ ထို့ကြောင့်လည်း ဖြစ်မည်ထင်သည်။ ထိုလေယာဉ်မယ်နှင့် မိုးဟေကို ဇာတ်လမ်းတွေက တစ်ဖြည်းဖြည်း ပျောက်သွားသည်။ မိုးဟေကိုဆိုလျှင် ထိုဗွီဒီယိုထွက်လာမှ ပိုလို့ပင် နံမည်ကြီးသွားတော့သည်။ သံသယကြီးစွာဖြင့် စောင့်ကြည့်တတ်သော မြန်မာဆင်ဆာအဖွဲ့ကလည်း Lotionဆိုသော အကြောင်းပြချက်မှာ ထူးထူးဆန်းဆန်း ခေါင်းငြိမ့်လက်ခံလိုက်တော့ အံ့သြမိသည်။ ကိုရီးယားယဉ်ကျေးမှုတွင်တော့ သည်လို မဟုတ်ခဲ့…။

တစ်နိုင်ငံလုံး ယောင်္ကျား၊ မိန်းမ၊ ကလေး၊ လူကြီး မကျန် အားလုံးက သည်လို ကိစ္စမျိုးကို လုံးဝ ခွင့်မလွှတ်..။ အားလုံးက တူးတူးခါးခါး၊ ခါးခါးသီးသီး။ ဘက်ဂျီယောင်းအတွက် ရပ်တည်စရာ မြေမရှိ..။ တစ်နိုင်ငံလုံး မည်သူ့ကိုမျှ မျက်နှာ မပြ၀ံ့..။ ထို့ကြောင့် သူမချစ်သော ကိုရီးယားမြေကို စွန့်ခွာ၍ နိုင်ငံရပ်ခြားသို့ ထွက်ပြေးသွားခဲ့ရသည်။ သို့သော် သူမချစ်သော အနုပညာမှ ထွက်ပြေးတိမ်းရှောင်ဖို့ရာ သူမ မစွမ်းသာခဲ့…။ ထို့ကြောင့် နှစ်အနည်းငယ်အကြာတွင် ကိုရီးယားမြေသို့ သူမ ပြန်လည်ရောက်ရှိလာသည်။ ထို့နောက် သီချင်းအယ်လ်ဘမ် ထုတ်ဖို့ ကြိုးစားပြီး ထုတ်လည်းထုတ်ဖြစ်ခဲ့သည်..။ သို့သော် ပရိတ်သတ်၏ အမျက်ဒေါသတို့က မပြောင်းမလဲ၊ အရင်အတိုင်း…။ ဘက်ဂျီယောင်းဆိုလျှင် အလိုမရှိ… ဆိုကာ အားပေးမည့်သူ တစ်ယောက်မျှပင် မရှိ…။ ဘက်ဂျီယောင်းအဖို့ ကယ်မည့်သူမရှိ…။ အများ တံတွေးခွက်တွင် တစ်ဘ၀လုံး မျောနေရသည်..။ မျောရုံမျှမက..။ မိမိ ဘ၀ကို ကြိုးစား ထူထောင်ပြန်တော့လည်း ခါးသီးစရာ အဖြစ်များနှင့်သာ ရင်နင့်ဖွယ် ကြုံတွေ့ရပြန်သည်…။ ကံကြမ္မာ၏ အလဲထိုးချက်များအောက်တွင် ဘက်ဂျီယောင်းခမျာ တစ်ဘ၀လုံး လဲပြိုခဲ့ရသည်…။

သို့သော် ဘက်ဂျီယောင်းက ဘ၀ကို အရှုံးမပေး…။ သူမ၏ အယ်လ်ဘမ်ကို အားပေးမည့်သူ မရှိတော့ သူမက ပရိသတ်များ ရှိရာသွား၍ ဖျော်ဖြေသည်..။ အားလုံးက ခါးခါးသီးသီး..။ ဘက်ဂျီယောင်းဆို အလိုမရှိ..ဟူ၍သာ..။ ဘက်ဂျီယောင်း စိတ်မလျှော့..။ လူတစ်ယောက်ရှိလျှင်လည်း ဘက်ဂျီယောင်း ဖျော်ဖြေသည်..။ နိုင်ငံအနှံ့..၊ နေရာအနှံ့..၊ ခြေရာအနှံ့..။ ပင်လယ်ကမ်းစပ်မှ ငါးဖမ်းလုပ်သားများ ရှိရာသို့ သွား၍လည်း ဖျော်ဖြေသည်…။ သူမ သီချင်းတွေကို နားထောင်ပေးမည့် တံငါသည် တစ်ယောက်ရှိလျှင်ပင် ဘက်ဂျီယောင်းအဖို့ ကံကောင်းလှပြီ…။ သူမ မျှော်လင့်သည်က သူမ၏ ဘ၀ဒဏ်ရာတွေကို နားလည်ပေးမည့်သူ….။ သည်လိုနှင့် အထီးကျန်နေသူများကို ဖျော်ဖြေပေးရင်း အထီးကျန်နေသော သူမအတွက် နိုင်ငံအနှံ့ အမာခံ ပရိသတ်တွေ ရလာသည်..။ ပရိသတ်များက သူမ၏ နာကျည်းဖွယ် အတိတ်ကို မေ့ဖျောက်ပြီး၊ သူမ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုလာကြသည်။ ထို့နောက် ဘက်ဂျီယောင်းကလည်း ပရိသတ်များ အာရုံတွင် စွဲထင်နေသော သူမ၏ ပုံရိပ်ဆိုးများကို မေ့ပျောက်စေဖို့ ခန္ဓာကိုယ်ခွဲစိတ်မှုများ အကြိမ်ကြိမ် ခံယူသည်..။ ယနေ့ မြင်တွေ့နေရသော သူမ ပုံသဏ္ဍာန်မှာ အားလုံးခွဲစိတ်ပြုပြင်ထားသော ပုံသဏ္ဍာန်အသစ်များသာ…။ သူမကို ရွံရှာခဲ့သော သူမချစ်သော ပရိသတ်များပင် သူမကို မမှတ်မိနိုင်တော့…။

ခန္ဓာကိုယ်အစိတ်အပိုင်းများကို ခွဲစိတ်ကုသမှု ခံယူနိုင်ခဲ့သော်လည်း ဘက်ဂျီယောင်း သူမ၏ နှလုံးသားဒဏ်ရာများကိုတော့ ခွဲစိတ်ကုသခြင်း မပြုနိုင်ခဲ့…။ ထိုခံစားမှုများက ယနေ့တိုင် သူမ မျက်ဝန်းထဲတွင် တွေ့မြင်နေရသည်..။ သူမ သီဆိုသော သီချင်းစာသားများတွင်လည်း ပျောက်ပျက်မသွား…။ ထို့ကြောင့် ဒီနေ့ ကိုရီးယားပရိသတ်များအဖို့တော့ ဘက်ဂျီယောင်းသီချင်းသံကြားလျှင် နာကျည်းဖွယ် သူမ အတိတ်အကြောင်းအရာတွေ အာရုံထဲတွင် ပေါ်လာသည်..။ အားလုံး ဘက်ဂျီယောင်းနှင့် ထပ်တူ ခံစားကြေကွဲကြရသည်။ သူမ၏ သီချင်းစာသားတွေကလည်း သူမ၏ အတိတ်ပုံရိပ်တွေ လွှမ်းမိုးနေသည်…။ အခုသီချင်းလေး 총맞은것처럼 ဆိုသည်ကလည်း သူမ၏ နှလုံးသား ဒဏ်ရာတစ်ခုမျှသာ..။ ယနေ့ ဘက်ဂျီယောင်း သီဆိုနေသော သီချင်းများမှာ နှုတ်ခမ်းများဖြင့် သီဆိုနေခြင်း မဟုတ်..။ ဘ၀ဖြင့်ဆိုသော နှလုံးသားထဲမှ သီချင်းများသာ…။
(ကိုဝင်းလတ်ဘလော့ဂ်မှ သီချင်းလေးကို ဖြည့်စွက်ခံစားပါသည်...။)

3 comments:

သူကြီး said...

ဘတ်ဂျီယောင်း ဇာတ်လမ်း အထွတ်အထိပ် ရောက်နေချိန် သတင်းစာရှင်းလင်းပွဲတခုမှာ သူပြောခဲ့တဲ့ စကားတခွန်းကို အလွန်ကြိုက်တယ်။ - လိင်ကိစ္စ ဆိုတာ ဘ၀ရဲ့ အစိတ်အပိုင်း တခုပါ - တဲ့။ ဟုတ်တယ်။ ဒါက အစိတ်အပိုင်း တခုပဲ။ ဘ၀တခုလုံး မဟုတ်ဘူး။ အဲဒီကိစ္စမှာ သူမမှားဘူးလို့ မြင်တယ်။ ကိုရီးယားတွေ နှာခေါင်းရှုံ့ကြတယ် ဆိုတာက အမျိုးသားရေး အမြင် ပယောဂ ကပ်နေလို့ပါ။

ကိုရီးယား အပါအ၀င် ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ အနုပညာကို ဈေးကွက်က ဆုံးဖြတ်တယ်။ ဒါကြောင့် သူမရဲ့ တကျော့ပြန် အောင်မြင်မှုအတွက် ဈေးကွက်ရအောင် ပြန်ကြိုးစားရတာပါ။ ကြိုးစားတာကို လေးစားထိုက်ပါတယ်။

မြန်မာပြည်မှာ အနုပညာကို ပိုက်ဆံ နဲ့ အာဏာက ဆုံးဖြတ်တယ်။ ငွေရှိတဲ့ကောင် ထင်ရာလုပ်တယ်။ အာဏာရှိတဲ့ကောင် လုပ်ချင်ရာလုပ်တယ်။ အညှီရှိရင် ယင်အုံတယ်။ ဒါကြောင့် နည်းနည်းတော့ ညှီအောင် လုပ်တတ်ကြတယ်။ လှော်တတ်ကြတယ်။ အနုပညာ နဲ့ ကျော်ကြားလိုမှု ရောထွေးနေတာကတော့ သံသရာ ရှည်ဦးမယ့်ပုံပဲ။

ဇေဇော် said...

ဘက်ဂျီယောင်း ဇာတ်လမ်း အထွတ်အထိပ်ရောက်နေချိန်မှာ ညီဇေတို့ ကိုရီးယားဆိုတာ ဘယ်အရပ်မှန်းတောင် မသိပါဘူး..။ ပြန်စဉ်းစားကြည့်တော့ ကိုရီးယားကို ကိုယ်ရောက်နေတဲ့အချိန်က ရှေ့က နောင်တော်တွေ အိပ်ပျော်နေတဲ့ အချိန်လောက်ပဲ ရှိပါတယ်..။ ကိုယ် မဖြတ်သန်းခဲ့ရတာကို ရေးရတာ မလွယ်ပါဘူး..။ ဒါပေမယ့် ညီဇေလိုမျိုးပဲ မသိမီလိုက်တဲ့ ဘက်ဂျီယောင်း သီချင်းကြိုက်တဲ့ မြန်မာ ပရိသတ်တွေအတွက် ဒီပို့စ်လေးကို ရေးလိုက်တာပါ...။ ဒီနေ့ ဒီလိုအောင်မြင်မှုမျိုးကို ဘက်ဂျီယောင်း လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ဘူးဆိုတာ သိစေချင်လို့ပါ..။ နဂိုကတည်းကလည်း အောင်မြင်သူတွေ မအောင်မြင်ခင်မှာ ဘ၀ကို ဘယ်လို ရုန်းကန်ခဲ့ကြရတယ်ဆိုတာကို စိတ်ဝင်စားလို့ပါ..။ ဒါပေမယ့်.. ရေးပြီးတဲ့ အခါကျတော့ တင်ရကောင်းနိုး..၊ မတင်ရကောင်းနိုးနဲ့ တော်တော် စဉ်းစားလိုက်ရပါတယ်..။ မတင်ချင်တဲ့ စိတ်ကတော့ ကာယကံရှင်ကိုယ်တိုင် ဒီလို အဖြစ်မျိုးကို မေ့ပျောက်နေချင်မှာပဲလို့ စဉ်းစားမိပြီး၊ ဒီကိစ္စတွေကို ပြန်ပြောနေတာဟာ သူ့အတွက် ပိုပြီး နာကျဉ်စရာများ ဖြစ်နေမလားလို့ပါ..။ ဒါပေမယ့် ဒီလို အဖြစ်မျိုးတွေ ကြုံတွေ့ရပေမယ့် ဘက်ဂျီယောင်း ဘ၀ကို ဘယ်လို ရင်ဆိုင်သွားတယ်ဆိုတာလေးကို သိစေချင်တာနဲ့ပဲ တင်ဖြစ်လိုက်တာပါ...။ ဒါကြောင့် ညီဇေ ဘက်ဂျီယောင်းသီချင်းဆို နားမထောင်ဖြစ်အောင် နေပါတယ်...။

winlatt said...

ကျွန်တော်ကတော့ သူ့အနုပညာကိုနှစ်သက်တာပါပဲ။
သူ့ရဲ့သီချင်းသံစဉ် အတက်အကျ...သီဆိုပုံပညာပိုင်း ဆိုင်ရာကိုပေါ့။ အနှပညာ ဖန်တီးမှုအပိုင်းတွေမှာ ကိုရီးယားဟာ ကမ္ဘာအဆင့်အတန်းရဲ့ထိပ်ဆုံးအုပ်စုထဲ မှာ အပါအ၀င်ပါပဲ။ သူရယ်မှ မဟုတ်ပါဘူး တစ်ခြား အဆိုတော်တွေ၊ရုပ်ရှင်အနုပညာရှင်တွေလဲ ဒီလိုပဲ၊ ဒီဘတ်ဂျီယောင်းကို ဗီဒီယိုနဲ့အတူ တွဲတင်ခဲ့ပါတယ်၊ page loding ကြာမှာစိုးတော့ ပြန်ဖျက်ပစ်လိုက်တယ်။ သီချင်းဘာသာပြန်လေးပဲ ချန်ခဲ့တာပါ၊ မှတ်မိလိမ့်ဦးမှာပါ၊ 장윤정 အချစ်ဦးမှာလဲ သူ့ကို အသံအနေအထားသိပ်သဘောကျလို့ပါ။ မြန်မာပြည်မှာဆို၊အန်တီမာမာအေးတို့။မေဆွိတို့လိုအသံမျိုးလို့ ထင်မိတယ်။ကျွန်တော်က စာပေကိုဘဲဖြစ်ဖြစ်၊ ရုပ်ရှင်အနုပညာကိုဘဲဖြစ်ဖြစ် ငယ်ငယ်ကထဲက ဟိုစပ်စပ်ဒီစပ်စပ်တော့ ပါမိတယ်။အတုယူစရာတွေ့ရင် ခိုးယူထားလိုက်တယ်...။တနေ့နေ့တော့ အသုံးဝင်ကောင်းဝင်နိုင်ပါတယ်နော်...။ကျွန်တော်အတုခိုးနေတာများ ခြောင်းကြည့်နေမလားမသိဘူး..အဲခြောင်းကြည့်ရင်တော့“ခြောင်းကြည့်သူရဲ့ အမှား” လို့ပြောလိုက်ပါဦးနော်..ကျေးဇူးဘဲ ညီဇေ......ကျန်းမာပါစေ...။