ပွဲအစမှာတော့
သူ့နေရာ သူ့အရုပ်တွေနဲ့
အစုံအစီ ထုတ်ခင်းလို့
စည်းမျဉ်း အလိုကျပေပေါ့။
စပြီဟေ့...
အောင်ပွဲဆိုတာ လက်တကမ်းမှာလို
တိုက်စစ်တွေက ဗြောင်းဆန်
ရဲမာန်တွေက တခြွင်ခြွင်
ထီမထင်တဲ့ ဒီပွဲမှာ
ငါပဲလို့ အထင်ရောက်ဆဲ
ခံစစ်ထဲ ဘယ်တုန်းက ရောက်နေခဲ့ပါလိမ့်။
အကွက် ကပြောင်းကပြန်
အရုပ် အကြွင်းအကျန်
ပွဲလက်ကျန် နည်းနေပေမယ့်
ကစားကွက်တွေ ထွင်မဆုံးအောင်
လက်ရည်သွေးလို့လဲ မဝ
စိတ်ဇောတွေကလဲ မကျ
နိုင်ပွဲကလဲ မရတရမို့
အချိန် ကသောကမျောကိုဖြင့်
ဆွဲဆန့်ထားချင်သေးသပ။
1 comment:
ဘုရင်နဲ့ ဘုရင်မ
နေရာ တကျဖြစ်ဖို့....
နေရာက မကျဖို့....
ရှေ့ကနေအသေခံကြရ...
ကာကွယ်ပေးကြရ...
သူတို့ရဲ့ဘဝလေးတွေများ
မသနားဘူးလား...ဆရာ...၇ယ်.....။
Post a Comment