Sunday, May 10, 2009

နာဂစ်မုန်တိုင်းသင့်ဒေသ ၊ ဘစ်ဂ်ျလီမုန်တိုင်းကြိုတင်ပြင်ဆင်မှု

ဒေးဒရဲ၊ ဧပြီ ၂၉

ဘစ်ဂ်ျလီမုန်တိုင်းတိုက်ခတ်မည်ဟူ
သော မိုးလေဝသသတင်းများထွက်ပေါ်
လာသည့်နောက်ပိုင်း နာဂစ်မုန်တိုင်းသင့်
ဒေသရှိ ဒေသခံအများစုသည် မုန်တိုင်း
အန္တရာယ်ကို ရင်ဆိုင်ရန် ကြိုတင်ပြင်
ဆင်သည့်အနေဖြင့် အစားအသောက်နှင့်
အဝတ်အထည်များကို မြေကြီးအတွင်း
မြှုပ်နှံထားကြကြောင်း ဧရာဝတီတိုင်း
ဒေးဒရဲမြို့နယ်အတွင်းရှိ ဂွကြီးကျေးရွာ
အုပ်စုမှဒေသခံများက ပြောကြားသည်။

မုန်တိုင်းသတင်းကြားသိရသော
အချိန်က ကြိုတင်ပြင်ဆင်သည့်အနေဖြင့်
သုံးပေအနက် သုံးပေပတ်လည်အကျယ်
ရှိသော မြေကျင်းများတူးကာ ပလတ်
စတစ်ပုံးက စားစရာများထည့်မြေမြှုပ်
ခဲ့ကြကြောင်း၊ ပလတ်စတစ်ပုံးထဲ
ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီးခြောက်၊ ရေ
နှင့် အဝတ်အထည်တစ်စုံခန့်ကို အဓိက
ထားမြှုပ်နှံခဲ့ကြကြောင်း၊ အချို့မှာ ချက်
ပြီးသားငါးပိနှင့် ငါးပိချက်များကိုပင်
မြှုပ်နှံထားကြကြောင်း၊ အပေါ်မှ မိုးရေ
လုံရန်အတွက်လည်း ပလတ်စတစ်မိုး
ကာများ ဖုံးအုပ်မြေကြီးဖို့ထားရ
ကြောင်း၊ မုန်တိုင်းမဝင်ရောက်ကြောင်း
သိရှိရပြီးသည့်ချိန်မှ ပြန်လည်တူးဖော်
ကြကြောင်း ၄င်းတို့က ဆိုသည်။
''နာဂစ်မုန်တိုင်းတုန်းက ငတ်ခဲ့
ရတော့ အခုထပ်မဖြစ်အောင် ကြိုတင် ပြင်ဆင်
တဲ့အနေနဲ့ လုပ်ကြတာပါ။ ဘယ်သူမှ
ပြောပြလို့မဟုတ်ပါဘူး။ အတွေ့အကြုံ
ကြောင့်ပါ။ မိုးလေဝသသတင်းကို ကြိုတင်
သိထားတော့လည်း အချိန်မီ ကြိုတင်ပြင်
ဆင်ထားလို့ရတာပေါ့''ဟု ဧရာဝတီတိုင်း
ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာ
အုပ်စုရှိ ဆက်စလောင်းကျကျေးရွာမှ
ဒေါ်အေးအေးစန်းကပြောကြားသည်။
--------------

ရည်ညွှန်းသတင်း
သဗွိုက်စ်ဝစ်ကလီး
အတွဲ၅ ၊ စာစောင်၂၇ ။

No comments: