Thursday, May 14, 2009

အာရှသဟာယပွဲတော်-၂၀၀၉ ၊ တက်ရောက်မည့်သူများသို့……..

ကိုဝိုင်း(မိုးညှင်း)
မေ ၁၄ ၊ ဆောအူးလ် ။

ကိုရီးယားနိုင်င်ငံ၏ အထင်ကရ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဖြစ်သော (전등사) တွင် ၊ ၂၀၀၉ ခုနှစ် မေလ ၁၇ ရက်(တနင်္ဂနွေနေ့) နံနက် ၁၀း၃၀ နာရီမှ ညနေ၃း၀၀နာရီထိ ကျင်းပမည့် ၊ အာရှသဟာယပွဲတော်-၂၀၀၉(아시아는친구-2009)သို့ လိုက်ပါမည့် ၊ မြန်မာညီအစ်ကိုမောင်နှမများအတွက် ၊ အောက်ပါအစီအစဉ်အတိုင်း ကြိုပို့ကားများ စေလွတ်ပေးမည်ဖြစ်ကြောင်း သိရသည်-

ရက်စွဲ ။ ၂၀၀၉ ခုနှစ် မေလ ၁၇ ရက်(တနင်္ဂနွေနေ့)
အချိန်။ နံနက် ၉း၀၀ နာရီ
နေရာ ။ ဘူဖြောင်းဘူတာ (Bupyeong Subway Station) အနီး ၊ အင်ချောန်မြို့တော် ။

ပွဲတော်သို့ လိုက်ပါမည့်သူများသည် ၊ နံနက် ၉ နာရီမတိုင်မှီ ၊ ဓမ္မဒူတကျောင်း သို့မဟုတ် ဘူဖြောင်းဘူတာရှေသို့ အရောက် ကြွရောက်ကြရမည်ဟုဆိုသည် ။
စာရင်းမပေးကြရသေးသူများ လက်ကိုင်ဖုန်း ၀၁၀-၃၅၁၁-၁၁၃၉ ကိုကျော်ခိုင်ဝင်း ထံ စာရင်းပေးသွင်းနိုင်ကြကြောင်းသိရသည် ။

***မူလသတင်းစဉ်(ကိုရီးယား)ကို ဤနေရာတွင်လည်းကြည့်ရှုနိုင်ပါသည် ( ကလစ် )

No comments: