Thursday, May 14, 2009

ရတနာပုံမ် မြို့တည်နန်းတည်ယနေ့ နှစ်(၁၅၀)တင်းတင်းပြည့်ပြီ


ကုန်းဘောင်မင်းဆက် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးဟာ ဗုဒ္ဓသာသနာကိုချီးမြှောက်မယ့်မင်းအဖြစ် သူ့ကိုယ်သူယုံကြည်စိတ်အပြည့်နဲ့တည်ခဲ့
တဲ့ ရတနာပုံမ် မန္တလေးမြို့တော်ကြီးဟာ အေဒီ၁၈၅၉ခုနှစ် ၅လ ၁၄ရက်နေ့မှာတည်ခဲ့တာဖြစ်လို့ ယနေ့ဆိုရင် နှစ်၁၅၀တင်းတင်းပြည့်ခဲ့ပါပြီ။ ယနေ့ နံနက် ၈နာရီက မန္တလေးမြို့ ၂၆လမ်း၊ ၇၂လမ်းနှင့်၇၁လမ်းကြားမှာရှိတဲ့ မဟာမင်္ဂလာမဏ္ဍပ်မှာ ရတနာပုံ မန္တလေး မြို့တည်နန်းတည် နှစ်(၁၅၀)ပြည့်ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။မင်းတုန်းမင်းတရားကြီး ကျောက်တော်ကြီးဘုရားသို့ ဖူးမြော်ရန်ထွက်တော်မူတဲ့ ထွက်တော်မူကြီးဝင်းခင်းတော်ကို ပုံစံတူပြုလို့ စုစုပေါင်းအင်အား ၆၃၅ကျော်ဖြင့် ၀င်းခင်းလှည့်လည်ပါတယ်။
ဝင်းခင်းအဖွဲ့နောက်က မြို့မ အလှပြယာဉ်၊ မန်းစည်ပင် လှုံ့ဆော်ရေးယာဉ်၊ မာဃလုလင် ဗျောအဖွဲ့တို့က လိုက်ပါလို့ ဖျော်ဖြေရင်း
ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ နှစ် ၁၀၀ ပြည့်ပွဲတော်တုန်းကတော့ နိုင်ငံတော် အဆင့် ကျင်းပခဲ့တယ်လို့ သိရပြီး အခု နှစ် ၁၅၀ပြည့်ကတော့ တိုင်းအဆင့်သာ ကျင်းပတာဖြစ်ကြောင်း သိရပါတယ်...မန္တလေးမြို့တော်အတွင်း ပြပွဲ၊ပြိုင်ပွဲတွေ၊ ဈေးပွဲတော်တွေလည်း ကျင်းပသလိုကုသိုလ်တော်ဘုရား တောင်ဘက်ပေါက်အနီးရှိ မင်းတုန်းမင်းတရားကြီး ကြေးရုပ်တုနှင့် နှစ်(၁၅၀)ပြည့်မော်ကွန်းကမ္ပည်းကျောက်စာကို ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။မေ ၁၄ရက်မှ ၁၆ရက်အထိ သုံးရက်သာ ကျင်းပသွားမည်ဟု သိရပါသည်။

သတင်းအချက်အလက်များပေးပို့သော http://www.ourmandalay.co.cc/ဖန်တီးသူ မန္တလာသား နှင့်
မဆွေနှင့်ညီမများအား ကျေးဇူးတင်ရှိပါသည်။

No comments: