မြန်မာအသင်းဖလား ဘောလုံးပြိုင်ပွဲမှ မှတ်တမ်းဓာတ်ပုံများ ဖြစ်ပါတယ်။
နှစ်စဉ် ကျင်းပမြဲ ဖြစ်သည့် မြန်မာအသင်းဖလား ဘောလုံးပြိုင်ပွဲကို ၂၀၀၉ စက်တင်ဘာ ၁၃ တနင်္ဂနွေနေ့တွင် ကျင်းပမည် ဖြစ်ပါသည်။
ပြိုင်ပွဲဝင်မည့် အသင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။
အုပ်စု (က)
၁။ အောင်ဆန်း
၂။ ဧရာဝတီ
၃။ အင်ချွန်း
၎။ ဂွမ်ဂျူး
အုပ်စု (ခ)
၁။ မိုးကြိုး
၂။ ချင်းလူမှုရေးအသင်း
၃။ အန်ဆန်း
၎။ ဒဲဂူး
ပြိုင်ပွဲဝင် အသင်းများ နံနက် ၉ နာရီအရောက် လာရောက်ရန် ဖြစ်ပါသည်။
ချီးမြှင့်မည့်ဆုများမှာ-
ပထမ - ဖလား နှင့် ငွေသားဆု
ဒုတိယ - ဖလား နှင့် ငွေသားဆု
တတိယ - ငွေသားဆု
အကောင်းဆုံး ဘောလုံးသမားဆု၊ နေရာအလိုက် အကောင်းဆုံးဆု များကိုလည်း ချီးမြှင့်မည် ဖြစ်ပါသည်။
ကစားသမားများနှင့် အားပေးသူ ပရိသတ်များအတွက် ခေါက်ဆွဲသုပ်၊ အအေးနှင့် အခြားစားသောက်ဖွယ်ရာများကို ရောင်းချပေးသွားမည် ဖြစ်ပါသည်။
ဘောလုံးပြိုင်ပွဲ ကျင်းပမည့် နေရာ အညွှန်းမြေပုံ နှင့် လမ်းညွှန်-
အနီးဆုံး ဘူတာမှာ ပူချွန်းဘူတာ ဖြစ်၍ တက္ကစီဖြင့် လာလိုသူများ 원미 북 초등학교 ဟု ပြော၍လည်းကောင်း၊ ဘက်စ်ကားဖြင့် လာလိုသူများ ပူချွန်းဘူတာရှေ့ bang bang ဆိုင်ရှေ့ မှတ်တိုင်မှ ကားစီး၍ 북 초등학교 မှတ်တိုင်တွင် ဆင်း၍လည်းကောင်း လာရောက်နိုင်ပါသည်။ စီးရမည့် ကားနံပါတ်များမှာ 606, 5-2 ,5-5 ,12 ,11 ,22 ,50 ,661 ,70-2 ,71 ,75 ,8 တို့ဖြစ်ကြသည်။
မြန်မာအသင်း(ကိုးရီးယား)
Thursday, September 17, 2009
ဘောလုံးပြိုင်ပွဲ ဓာတ်ပုံများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment