Wednesday, May 20, 2009

အလှူတော်မင်္ဂလာဖိတ်ကြားလွှာ

ကျွန်တော်တို့ ညီအစ်ကိုများ၏ ချွေးနည်းစာဖြင့်ရှာဖွေထားသော ငွေကြေးများဖြင့်ဘုရားအမှုးရှိသော သံဃာတော် အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း၊နေ့ ဆွမ်း၊အလှူဖွယ်ဝထ္ထုအစုစု တို့ကိုဆပ်ကပ်လှူဒါန်းကာ ကြွရောက်လာကြမည့် ညီအစ်ကိုမိတ်ဆွေအပေါင်းတို့အား စားသောက်ဖွယ်ရာအဖြာဖြာတို့ ဖြင့်ဧည့်ခံကျွေးမွေးပြီး ကျွန်တော်တို့ နှင့် အတူ တရားတော်နာကြွရောက်ကြပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်ခင်ဗျာ။

ကျင်းပမည့် နေရာ ၊ ၊ မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော် (၀၃၂ ၅၁၁ ၂၈၄၁)
ကျင်းပမည့် နေ့ရက် ၊ ၊ ၂၄.၀၅.၂၀၀၉ ( တနင်္ဂနွေ နေ့ )
ကျင်းပမည့် အချိန် ၊ ၊ နံနက် ၈ နာရီ မှ မွန်းလွဲ ၃နာရီ အထိ။
ဧည့်ခံ ကျွေးမွေးရေး ၊ ၊ ဆီချက်ခေါက်ဆွဲ၊ဘဲပေါင်း၊ငါးခူကြော်နှပ်၊သရက်ချဉ်၊တုံယန်းဟင်းချို၊ရေခဲမှုန့်၊ကိတ်မှုန့်
အလှူရှင်များ ၊ ၊ရွှေညီအစ်ကိုများ

No comments: