ကိုဝိုင်း(မိုးညှင်း)
ဇွန် ၁၄ ရက် ၊ ဆောအူးလ်မြို့ ။
တောင်ကိုရီးယားနိုင်ငံ ၊ ပညာရေး ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (Ministry of Education, Science and Technology) လက်အောက်ရှိ ၊ ကိုရီးယားဘာသာ သင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းရေးကော်မတီ (Korean Institute for Curriculum and Evaluation:KICE) က မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း၂၀ (ကိုရီးယား ၊ ဂျပန် ၊ တရုတ် ၊ ဟောင်ကောင်၊ တိုင်ဝမ် ၊ ဗီယက်နမ် ၊ မွန်ဂို ၊ ထိုင်း ၊ ဖိလစ်ပိုင် ၊ စင်္ကာပူ ၊ မလေးရှား ၊ အိန္ဒိယ ၊ လာအို(စ်) ၊ ဥဇဘက်ကစ္စတန် ၊ တာဂျစ်ကစ္စတန် ၊ ရုရှား ၊ ဘဲလားရူး (စ်) ၊ ဘရာဇီးလ် ၊ အာဂျင်တီးနား ၊ အောစတြေလျ) ရှိ စာစစ်ဌာနပေါင်း ၁၀၀ ကျော်တို့ တွင် ၊ ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (Test Of Proficiency in Korean: TOPIK) ကို နှစ်စဉ် ၂ ကြိမ်စီ ကျင်းပပေးလျက်ရှိကြောင်း သိရသည် ။အဆိုပါစာမေးပွဲကို ၊ အဆင့်အားဖြင့် ၃ ဆင့် (Three Levels: Beginner, Intermediate, Advanced) ၊ အတန်းအားဖြင့် ၆ တန်း (Six Grades: First Grade through Sixth Grade) ပိုင်းခြား စစ်မေးလျက်ရှိပြီး ၊ မည်သူမဆို မိမိနှစ်သက်ရာ စာမေးပွဲ မိမိဖြေဆိုလိုရာ အဆင့်တွင် ဝင်ရောက်ဖြေဆိုနိုင်ကြောင်း ၊ အဆင့် ၃ (Advanced Level) သို့မဟုတ် ၆ တန်း (Sixth Grade) အောင်မြင်လျင် ကိုရီးယားဘာသာဒီပလိုမာလက်မှတ် (Diploma in Korean) နှင့်ညီမျှသည့် သက်သေခံလက်မှတ် (Certificate) ကို သတ်မှတ်ချီးမြှင့်ကြောင်း လည်း သိရပါသည် ။
ယခုနှစ် ဒုတိယပိုင်းစာမေးပွဲကို စက်တင်္ဘာ ၁၃ ရက် (တနင်္ဂနွေနေ့) တွင် ကိုရီးယားနိုင်ငံတစ်ဝှမ်းရှိ စာစစ်ဌာနပေါင်း ၁၁-ခု တို့တွင် တစ်ပြိုင်နက် ကျင်းပမည်ဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားပါသည် ။
ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ အဆိုပါအရည်အချင်းစစ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်း(ကိုရီးယား) အနေဖြင့် ၊ ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲဝင် လေ့ကျင့်ရေးအစီအစဉ် (Study Program for TOPIK) ကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်သွားမည်ဟုဆိုပါသည်-
*သင်တန်းကာလ။ ဇွန်၂၁ မှ စက်တင်ဘာ ၄ထိ
*သင်တန်းရက် ။ အပတ်စဉ် တနင်္ဂနွေနေ့ နေ့တိုင်း
*သင်တန်းအချိန်။ နေ့လည် ၁နာရီခွဲမှ ၄နာရီခွဲထိ
*သင်တန်းနေရာ။ ဓမ္မဒူတခမ်းမ
*သင်တန်းကြေး ။ အခမဲ့
*သင်တန်းဆရာ။ ကိုရီးယားဆရာ ၊ ဆရာမများ
သို့ဖြစ်ရာ ၊ စိတ်ပါဝင်စားသူများ လက်ကိုင်ဖုန်း ၀၁၀-၂၃၃၁-၂၄၅၇ သို့မဟုတ် ၀၃၂-၅၂၁-၅၅၈၆ ထံ အမြန်ဆုံး ဆက်သွယ် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်းလည်း သိရသည် ။
Friday, June 19, 2009
ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲဝင်လေ့ကျင့်ရေးအစီအစဉ်
Labels:
ကိုရီးယားစကား,
ကိုရီးယားသတင်း,
ဘာသာစကား,
လူမှုရေး,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment