Tuesday, June 16, 2009

သိုးတွေကြားက ခြင်္သေ့

ရေးသားသူ — နေသစ်
ပုံပြင်လေးတစ်ပုဒ်နဲ့ပဲ ကျနော်တို့ အစပြုလိုက်ကြပါစို့။ တစ်ခါက သားငယ်နဲ့ အတူ အမဲလိုက်ထွက်လေ့ရှိတဲ့ ခြင်္သေ့မကြီးတစ်ကောင် ရှိပါတယ်။ တစ်နေ့ သူမဟာ သိုးအုပ်တစ်အုပ်နောက်ကို လိုက်ပြီး တိုက်ရင်းခိုက်ရင်းနဲ့ ခြေလွန်၊လက်လွန်ဖြစ်ခါ အငူစွန်းတစ်ခုပေါ်ကနေ ပြုတ်ကျ သေဆုံးသွားခဲ့ရပါတယ်။

ဒါကြောင့် သူမနဲ့ အတူပါလာတဲ့ ခြသေ့င်္ပေါက်ကလေးဟာ သိုးတွေရဲ့ကြားမှာ ကျန်ရစ်ပြီး သူတို့နဲ့ အတူပဲ ကြီးပြင်းလာခဲ့ရတာပေါ့။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ ခြင်္သေ့ပေါက်အရွယ်ကနေ တကယ့် အရွယ်ရောက်လာတဲ့ ခြသေ့င်္ရင့်မာကြီး ဖြစ်လို့လာပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပကတိအနေအထားက သိုးတစ်ကောင်လိုသာဖြစ်နေပါတယ်။ သူဟာ ဘဲ့ဘဲ့ ဆိုပြီး သိုးအော်သလို အော်တယ်။ ပြီး သိုးတွေအတိုင်း အခြား သတ္တ၀ါအားလုံးကိုလည်း ကြောက်ရွံ့တတ်ပါတယ်။

တစ်နေ့တော့ တခြားက ခြသေ့င်္တစ်ကောင် အဲဒီသိုးအုပ်ကို လာပြီး အမဲလိုက်ပါလေရော။ ဒီလို အမဲအလိုက် သူဟာ သူ့လိုခြင်္သေ့တစ်ကောင် ကြောက်အားလန့်အားနဲ့ အော်ဟစ်ပြီး သိုးတွေနဲ့အတူ ရောယောင်ပြေးလွှားနေတဲ့ ရယ်စရာကောင်းတဲ့ မြင်ကွင်းကိုတွေ့ပြီး တုန်လှုပ်သွားမိသတဲ့။ သူဟာ သိုးတွေလို ပြေးလွှားနေတဲ့ ခြင်္သေ့ကိုဖမ်းဆီးကာ အပြေးရပ်အောင်လုပ်လိုက်တယ်။ ပြီးမှ “မင်းဘာဖြစ်လို့ ကြောက်လန့်တကြားပြေးနေရသလဲ။ ဘာ့ကြောင့် ရယ်စရာကောင်းတဲ့ အပြုအမူတွေကို ပြုမူနေရတာလဲ။ မင်းဟာကြီးမြတ်ပြီး စွမ်းပကားရှိတဲ့ ခြင်္သေ့ဖြစ်ပါလျှက်နဲ့ အဆင့်အတန်းနိမ့်ပြီး အင်အားမရှိတဲ့ သိုးလို ဘာကြောင့်ပြုမူနေရတာလဲ။ မင်းဘ၀မှာ ဘာတွေဖြစ်ခဲ့တာလဲ။ မင်းကိုယ်မင်း ပြန်ရှက်သင့်တယ်ကွာ”လို့ ပြောဆိုလိုက်ပါတယ်။

သိုးတူခြင်္သေ့က သူဟာ သိုးတစ်ကောင်သာဖြစ်ကြောင်း ၊ဒီလိုဖြစ်ရတာကလည်း သူ့ရဲ့ မိဘတွေက ခွန်အားကြီးပြီး ကြောက်စရာကောင်းတဲ့ ခြသေ့င်္တွေကို ကြောက်ရွံ့တတ်ဖို့နဲ့ ခြင်္သေ့နဲ့တွေ့ရင် ဝေးရာကို ကြောက်အားလန့်အားနဲ့ သံကုန်ဟစ်ပြီး ထွက်ပြေးဖို့သာ သင်ကြားပေးထားခဲ့ကြောင်း ရှင်းပြလိုက်ပါတယ်။

ဒီစကားလည်းကြားရော ခြင်္သေ့ကြီးက သိုးတူခြင်္သေ့ကို မြစ်ထဲ ခေါ်ဆောင်သွားပြီး၊ သူ့မျက်နှာကို ရေပြင်မှာပြပါတယ်။ ဒါမှ သူဟာ သိုးတစ်ကောင်လိုမဟုတ်၊ ခြင်္သေ့တစ်ကောင်သာ ဖြစ်တယ်ဆိုတာ မြင်လာနိုင်မှာပါ။ ဒီနောက် သိုးတူခြင်္သေ့ဟာ သူ့ရဲ့ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေမှုတွေထဲက နိုးထလာပြီး ကနဦးစိတ်တွင်း ကိန်းဝပ်နေခဲ့တဲ့ ရဲစွမ်းသတ္တိ၊ခွန်အားနဲ့ ကြီးမြတ်ထည်ဝါခြင်းတွေကို ပြန်ရှာဖွေ တွေ့ရှိခဲ့ပါတော့တယ်။

ဒီလိုပဲပေါ့။ ကျနော်တို့ဟာ သိုးတူခြင်္သေ့နဲ့တူကြပါတယ်။ သိုးကောင်လေးဆိုတာက အရာအားလုံး အပေါ်မှာ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ အမြဲတမ်း ညည်းတွှား၊ ကြောက်ရွံ့၊ပူဆွေးဝမ်းနည်းနေရတဲ့ ကျနော်တို့ရဲ့ ပင်ကိုယ်စရိုက်၊တနည်းအားဖြင့် ကျနော်တို့ရဲ့ လူ့သဘာဝကို ကိုယ်စားပြုပါတယ်။

ခြင်္သေ့ဆိုတာကတော့ စွမ်းအင်ပြည့်ဖြိုးပြီး ဖျက်ဆီး၊ဖျောက်ဖျက်ပစ်လို့ မရနိုင်တဲ့ ကျနော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ကိုယ်စားပြုလို့နေပါတယ်။ ကျနော်တို့ဟာ ခုချိန်ထိ မတို့ထိရသေးတဲ့ ကျနော်တို့ရဲ့ ခန္ဓာကိုယ်တွင်း မှီတင်းနေတဲ့ စိတ်သတ္တိစွမ်းအားနဲ့ ကြီးမြတ်မှုတွေ ၊တနည်း ကျနော်တို့ရဲ့ ခြင်္သေ့သဘာဝကို နိုးထလာအောင်လုပ်ရပါမယ်။ ဒါမှ ကျနော်တို့ရဲ့ ကိုယ့်ကိုယ်ကိုယ်ထင်မှတ်မှားရာက ပေါ်ထွက်လာတဲ့ (ရိုးရှင်းတဲ့ ရလဒ်တစ်ခုဖြစ်တဲ့) ကြောက်ရွံ့ခြင်းကို ကျနော်တို့ ကျော်လွှား လွန်မြောက်နိုင်မှာ ဖြစ်ပါတော့တယ်။

http://e-library.net/Contemporary-Parables__visit5080.html မှ THE SHEEPISH LION ကို ကိုးကား ရေးသားပါသည်။

2 comments:

ဇေဇော် said...

တစ်ပုဒ်ဆို တစ်ပုဒ်အလျှောက် ရသပိုင်းရော၊ အတွေးပိုင်းရော စဉ်းစားစရာတွေ တစ်ပုံတစ်ခေါင်း ပေးလိုက်ပြန်ပါရောလား ဆရာ နေသစ်ရေ...။ ကျနော်တော့ အခု လေ့ကျင့်ခန်းအသစ်တစ်ခု လေ့ကျင့်နေတယ်ဗျို...။ အနားက သူငယ်ချင်းတွေကတော့ စီးရီးထုတ်မလို့ လေ့ကျင့်နေတာလားလို့ လာ လာမေးကြတယ်ဗျ...။ နားထောင်ကြည့်မလား...။

“ဘဲ့...ဘဲ့...”

ဟား...ဟား...။

အောင်ခိုင်(မန်း) said...

ဆရာနေမျိုးထွန်းက
မပစ်တော့လည်း မပစ်ဘူး
ပစ်တော့လည်း လက်နက်ကြီးနဲ့ကို ပစ်ချတာပါလား.....
အဲဒီ သိုးတူခြင်္သေ့လေး ရဲစွမ်းသတ္တိ၊ခွန်အားနဲ့ ကြီးမြတ်ထည်ဝါခြင်းတွေကို ပြန်ရှာဖွေ တွေ့ရှိတဲ့နေ့ကို စောင့်မျှော်နေပါတယ် ဆရာ

လေးစားစွာဖြင့်
*^_^*