ဇွန်လ ၄ ရက်နေ့ ညနေ ၆ နာရီက မုံရွာမြို့ ဗောဓိတစ်ထောင် သာသာနာ့နယ်မြေရှိ ရပ်တော် မူဘုရားကြီးပေါ်သို့ ဓာတ်လှေခါး ချို့ယွင်းပြီး ပျက်ကျခဲ့ပါတယ်။
ရွှေပါရမီတောရ အရှင်ဆန္ဒဓိက၊ ဆရာတော် ရဝေနွယ်(အင်းမ)၊ ဗောဓိတစ်ထောင်မှ ဆရာတော်တစ်ပါး၊ နှင့် ဒါယိကာ ၅ ယောက်တို့ တက်ရောက်စဉ် ဓာတ်လှေခါး ကြိုးချို့ယွင်းသဖြင့် ခြောက်ထပ်မှ ရုတ်တရက် ပြုတ်ကြကာ ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း။ ဒဏ်ရာရရှိသူများကို မန္တလေးပြည့်သူ့ဆေးရုံကြီး အရိုးခွဲစိတ်ကုဌာနမှာကုသမှုခံယူနေပါတယ်။
အရှင်ဆန္ဒဓိကရဲ့ ခြေထောက်က အရိုးအနဲငယ်အက်သွားတယ်။ ပဲ့သွားတယ်။ မနေ့ညက ခွဲစိတ်ကုသပြီးဖြစ်ပါတယ်။ ဒီနေ့ လန်းလန်းဆန်း ဆန်းနဲ့ ဆွမ်းလည်း ဘုန်းပေးနေပါပြီ။ ဆရာတော်ရဝေနွယ်ကတော့ ဒီနေ့ ဇွန်လ ၅ ရက်နေ့ မနက်ပိုင်းက ညာဖက် ခြေထောက်ကျိုးသွားတာကို စတီးချောင်းထည့်ပြီး ခွဲစိတ်ကုသပြီးပါပြီ။ ကျန်တဲ့ ဒါကာတွေ လည်း အနဲနဲ့ အများဆိုသလို ထိခိုက်ဒဏ်ရာရတယ်။ ဆရာဝန်ကြီးက ဆေးရုံမှာ သုံးရက်ကုသမှု ခံယူပြီးရင် ဆေးရုံဆင်းနိုင်ပြီလို့ပြောပါတယ်။ လို့ ဆြာဘ တင်ထားတဲ့ဆီက ကူးယူဖော်ပြလိုက်ပါတယ်။
Thursday, June 11, 2009
မုံရွာ ဗောဓိတစ်ထောင် ရပ်တော်မူဘုရားကြီး ဓာတ်လှေကားပျက်ကျ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment