ကိုဝိုင်း(မိုးညှင်း)
ဇွန် ၁၄ ၊ ဆောအူးလ် ။
အာရှ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုဖြစ်သည့် တောင်ကိုရီးယားနိုင်ငံမှ IK SAN International Co., Ltd. TECH DATA Co., Ltd. နှင့် H.C Industrial Development Co., Ltd. ကုမ္ပဏီကြီးသုံးခုက မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံဖွယ် ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ အတွင်းဝန် Mr. Lee Jong Kwon က ပြောကြားသည်။
အဆိုပါကုမ္ပဏီကြီးသုံးခုမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
ဝန်ကြီးတို့ တွေ့ဆုံကာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ၊ စက်ရုံ အလုပ်ရုံ ထူထောင်နိုင်သည့် အခွင့်အလမ်းများဆိုင်ရာကိစ္စများကိုဆွေးနွေးခဲ့ကြကြောင်း ဇွန်လ ၆ ရက်နေ့ထုတ် နိုင်ငံပိုင်မီဒီယာများတွင် ရေးသားဖော်ပြချက်များအရသိရသည်။
IK SAN နှင့်H.C ကုမ္ပဏီတို့သည် သတ္တုတူးဖော်ရန် စိတ်ဝင်စားပြီး TECH Data ကုမ္ပဏီသည် နည်းပညာရပ်ပိုင်း ဆိုင်ရာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း ၊ မိမိအနေဖြင့် သတ္တုတူးဖော်ခြင်းအတွက် ရှမ်းပြည်နယ်မြောက်ပိုင်းနမ္မတူဘော်တွင်းသည် နေရာကျယ်ဝန်းပြီး သတ္တုအမျိုးအမည်များစွာထွက်ရှိခြင်းကြောင့် စိတ်ဝင်စားကြောင်း ၊ ယင်းနေရာရှိ လက်ရှိလုပ်ကိုင်ခွင့်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ရရှိထားကြောင်း၊ နည်းပညာရပ်ပိုင်းအတွက် ၁၉၅၇ ခုနှစ်က တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား စစ်ဖြစ်ပွားပြီး ကျဆင်းခဲ့သော စီးပွားရေးများကို စီမံကိန်းများ ရေးဆွဲခဲ့ကာ ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ခဲ့သော အတွေ့အကြုံ ၊ အတွေးအခေါ်များကို မြန်မာနိုင်ငံသို့ပြန်လည်ဖြန့်ဝေလိုကြောင်း ၊ ခရီးသွားလာရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ရှုခင်းအလှအပများကို ကိုရီးယားရုပ်သံ ၊ သတင်းစာများတွင် ဖော်ပြမည်ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံတွင်လည်း ခရီးသွားလာရေးအတွက် ကောင်းမွန်သော ဟိုတယ်များ ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ကောင်းမွန်ရန်လိုအပ်ကြောင်း အတွင်းဝန် က ရှင်းလင်းပြောကြားသည်။
Tech Data Co., Ltd.သည် ကမ္ဘာ့အကြီးဆုံးသော နည်းပညာပိုင်းဆိုင်ရာ Hardware နှင့် Software ထုတ်လုပ်မှုတို့ကို နိုင်ငံပေါင်း ၁ဝဝ ကျော်တို့တွင် ဝန်ဆောင်ပေးနေသောကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ H.C International Co., Ltd.သည် ပလတ်စတစ်ပစ္စည်းများထုတ်လုပ် ဖြန့်ဖြူးခြင်းတွင် နှစ် ၂ဝ ကျော် အတွေ့အကြုံဖြင့် ဒီဇိုင်းမျိုးစုံတို့ကိုထုတ်လုပ်ပေးသောကုမ္ပဏီဖြစ်ကြောင်း ၊IK SAN InternationalCo., Ltd.သည် တောင်ကိုရီးယားနိုင်ငံ၏ လူသိများသောစီးပွားရေးအုပ်စုတစ်ခုဖြစ်သည့် Lucky Gold Star (LG Chemical) ပိုင် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
ရည်ညွှန်းချက် ။
- The Voice Weekly, Vol5/Noumber-32
Sunday, June 14, 2009
တောင်ကိုရီးယားကုမ္ပဏီကြီးသုံးခု မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံဖွယ်ရှိ
Labels:
ပြည်တွင်းသတင်း,
သတင်းဖတ်စာ,
မောင်းသတင်း,
နိုင်ငံတကာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment