ကိုဝိုင်း(မိုးညှင်း)
ဆောအူးလ် ၊ ဇူလိုင် ၁၂ ။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ၊ ဦးစီးလုပ်ငန်းရုံးသည် လာမည့် သြဂုတ်လတွင် ၊ ပြုလုပ်မည့် ထုတ်ကုန်ပြပွဲတွင် ထုတ်ကုန်အမည်အဖြစ် အသုံးပြုရန်ရည်ရွယ်လျက် ၊ KUH အမျိုးအစား ရဟတ်ယာဉ်ကို 수리온(Surion) (သိန်းငှက်-၁၀၀) ဟု အမည်သစ် ပေးလိုက်ကြောင်း Yonhap သတင်းအရ သိရသည် ။
အဆိုပါ 수리온(Surion) ဟူသော အဓိပ္ပါယ်မှာ ကိုရီးယားဘာသာဖြင့် 독수리 (သိန်းငှက်) ဟူသော စကားလုံးမှ `수리းSuri'နှင့် ၊ ရာနှုန်းပြည့်ဟူသော အဓိပ္ပါယ်ကို ကိုယ်စားပြုသည့် `온းon' တို့ကို ပေါင်းစပ်ပြီး ခေါ်ဆိုသော အမည်ဖြစ်ကြောင်း ၊ သိန်းငှက်လို အရည်အချင်းနှင့် ပြည့်စုံသည့် ၊ ကိုရီးယား ပြည်တွင်းဖြစ်စစ်စစ် ထုတ်ကုန်ပစ္စည်းဟု အဓိပ္ပါယ်ကို ရည်ညွှန်းလိုခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယခုအချိန်ထိ ကိုရီးယားပြည်တွင်းလုပ် စစ်သုံးယာဉ်များဖြစ်သော ၊ အခြေခံအမောင်းသင်လေယာဉ် KT-1ကို`웅비: Ungbi' ၊ အဆင့်မြင့်မောင်းသင်လေယာဉ် T-50 ကို `골든이글: Golden Eagle' နှင့် မောင်းသူမဲ့ ရဟတ်ယာဉ် UAV ကို `송골매: Song Golmae'ဟု အမည်များ အသီးသီး ပေးထားသည်ဟု ဆိုသည် ။
ရည်ညွှန်းချက် ။
http://www.yonhapnews.co.kr/politics/2009/07/10/0521000000AKR20090710072900043.HTML

No comments:
Post a Comment