ရေးသားသူ — ကိုမောင်ဇော်
အီးအူအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများသည် ၂၀၀၉ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့ (စနေနေ့)တွင် NLD(LA) ကိုရီးယားဌာနခွဲမှ ဦးဆောင်ကျင်းပသော မြန်မာစစ်အစိုးရ သံရုံးရှေ့ သတင်းစာရှင်းလင်းပွဲသို့ မြန်မာ နိုင်ငံသားများ၊ ကိုရီးယားပြည်သူများနှင့်အတူ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ကျောင်းသူကျောင်းသားများသည် ဆိုးလ်မြို့တော်ရှိ လူစည်ကားရာအရပ်ဖြစ်သော မြောင်းဒေါင်း (Myeong-dong/ 명동)တွင် နေ့လည်(၂)နာရီမှ (၄)နာရီအထိ ၈လေးလုံးအထိမ်းအမှတ် ကန်ပိန်းတစ်ခုကို ဆောင်ရွက်ခဲ့သည်။
အီးအူကျောင်းသားများ၏ (၂၁)နှစ်မြောက် ၈လေးလုံးအထိမ်းအမှတ်ကန်ပိန်းတွင် ---
မြန်မာ့ဒီမိုကရေစီရေးကို ကိုရီးယားပြည်သူများ ပိုမိုသိရှိလာရန် လှုံ့ဆော်ခြင်း လှုပ်ရှားမှု၊
မြန်မာနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုး လှုပ်ရှားမှု (Signature Campaign)၊
ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည် ကလေးသူငယ်များ၏ ပညာရေး အတွက် ရန်ပုံငွေရှာဖွေခြင်း လှုပ်ရှားမှု စသည့်လှုပ်ရှားမှုများကို တက်ကြွအောင်မြင်စွာ ဆောင်ရွက် ခဲ့ကြသည်။
အီးအူကျောင်းသူကျောင်းသားများ၏ ၈လေးလုံးကန်ပိန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကိုရီးယားနိုင်ငံတွင်းရှိ NLD(LA)ကိုရီးယားဌာနခွဲ၊ BAK (မြန်မာ့အရေးလှုပ်ရှားမှု - ကိုရီးယား)၊ မြန်မာအသင်း - ကိုရီးယား စသည့်အဖွဲ့များမှ အချို့ကလည်း ပံ့ပိုးအားပေးခဲ့ကြသည်။
အီးအူအထက်တန်းကျောင်း ဆိုသည်မှာ - -
အီးအူအထက်တန်းကျောင်းသည် ကိုရီးယားနိုင်ငံ ဂရောင်းဂီဒိုဒေသတွင်ရှိသော ကျောင်းငယ်လေးတစ်ခု ဖြစ်သည်။ အီးအူကျောင်းမှာ သေးငယ်သော်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး သဘောထားများကို ကျယ်ပြန့်စွာ လေ့လာသင်ယူလိုသော လူငယ်များ တက်ရောက် ပညာသင်ကြားလျက်ရှိသည့် ကျောင်းတစ်ကျောင်း ဖြစ်သည်။
အီးအူကျောင်းသူ၊ ကျောင်းသားများသည် ထိုင်း-မြန်မာနယ်စပ်သို့ နှစ်စဉ်သွားရောက်ပြီး တော်လှန်ရေး ဆင်နွှဲနေကြသူများ၊ မြန်မာပြည်သူပြည်သားများ၊ ကျောင်းသူကျောင်းသားများနှင့် တွေ့ဆုံလေ့ရှိကြသည်။
ထို့အပြင် ကိုရီးယားနိုင်ငံအတွင်း မြန်မာ့ဒီမိုကရေစီအရေးကို ဆောင်ရွက်နေသူများ၏ ဒေ၀ူးရှေ့ ဆန္ဒ ပြပွဲ၊ စစ်သံရုံးရှေ့ ဆန္ဒပြပွဲ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဆုတောင်းပွဲအချို့တို့တွင်လည်း ပူပေါင်းဆောင်ရွက် လာခဲ့ကြသည်။
Tuesday, August 11, 2009
ကန်ပိန်း အောင်မြင်စွာ ပြီးစီးခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment