ကိုဝိုင်း(မိုးညှင်း)
ဆောအူးလ် ၊ သြဂုတ် ၃၁
(A/H1N1) ဟုအမည်သစ် တွင်နေသည့် ဖလူ -၂၀၀၉ရောဂါဖြင့် ကိုရီးယားပြည်တွင်းတွင် တတိယမြောက် သေဆုံးမှု ပေါ်ပေါက်ခဲ့ကြောင်း သိရသည် ။ သြဂုတ်၂၇ ရက်နေ့က ၊ ကူးစက်ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနသည် ဆောအူးလ်မြို့တော်နေ အသက် ၆၇နှစ် အရွယ် အမျိုးသား တစ်ဦး ရောဂါကူးစက်ခံရပြီး အဆုပ်တွင်ဆက်လက်ဖြစ်ပွါးသော ရောဂါဖြင့် သေဆုံးသွားကြောင်း ကြေညာခဲ့ပါသည် ။
သြဂုတ်လ ၁၆ ရက်နေ့က ၊ အသက် ၆၃ နှစ်ရှိ ဒုတိယလူနာ သေဆုံးမှုဖြစ်ပွါးခဲ့ပြီး ၁၁ ရက်အကြာတွင် ထိုသို့ တတိယမြောက် သေဆုံးသူ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟုဆိုသည် ။ အဆိုပါလူနာသည် ၁၀ နှစ်ခန့် ကတည်းက ပန်းနာရင်ကြပ် ရောဂါ ခံစားနေရသူ ဖြစ်ပြီး ၊ လွန်ခဲ့သော တစ်လနီးပါးမှစ၍ ချောင်းဆိုး သလိပ်ထွက်ခြင်းများ ဖြစ်နေခဲ့သော်လည်း ကုသမှုကို အထူးတလည် ခံယူခြင်းမရှိခဲ့ကြောင်း ၊ ၁၈ ရက်နေ့တွင် အသက်ရှုရခက်သည့် အနေအထား ဖြစ်လာသဖြင့် ၊ ရပ်ကွက်တွင်း ဆေးခန်းတွင် ပြသ၍ ကုသမှုခံယူခဲ့ကြောင်း ၊ ၂၅ ရက်နေ့မနက် ၄ နာရီ ၄၀ မိနစ် အချိန်တွင်မူ အခြေအနေဆိုးရွားလာသဖြင့် ၊ ဆောအူးလ်မြို့ တက္ကသိုလ်ဆေးရုံတစ်ခုသို့ အရေးပေါ်လူနာအဖြစ် ပို့ဆောင် ခဲ့ကြောင်း ၊ အရေးကြီး လူနာခန်းသို့ပို့ဆောင်ခဲ့ပြီး အသက်ရှူကိရိယာဖြင့် အသက်ရှူစေခဲ့ကြောင်း ၂၆ ရက်နေ့တွင် အသေးစိတ်စစ်ဆေးရာ ၊ ဖလူ-၂၀၀၉ ရောဂါ (A/H1N1) ဗိုင်းရပ်စ်ပိုး တွေ့ရသဖြင့် ၊ တာမီဖလူခေါ် ဖလူရောဂါအသစ် (A/H1N1) တိုက်ခိုက်ရေးဆေးကို ထိုးနှံပေးခဲ့ကြောင်း ၊ အခြေအနေ ပြန်မကောင်းလာတော့ဘဲ ရုတ်တရက် အမောဖေါက်လာပြီး ၊ ၂၇ ရက်နေ့ နံနက် ၈နာရီ ၄၇ မိနစ်တွင် ထိတ်လန့် သေဆုံးသွားကြောင်း သိရသည် ။
ဆေးရုံမှ တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ ၊ အဆိုပါလူနာ၏ မိသားစုဝင်များအား အသေးစိတ်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ၊ ဖလူ-၂၀၀၉ ရောဂါ (A/H1N1) ဗိုင်းရပ်စ်ပိုး မတွေ့ရှိရကြောင်းသိရသည် ။ အဆိုပါလူနာ၏ ဗိုင်းရပ်ပိုးကူးစက်ခံရမှုလမ်းကြောင်းကို မသိရှိရဟုဆိုသည် ။ သေဆုံးသူမှာ နိုင်ငံခြားခရီးသွားခဲ့ဖူးခြင်းမရှိကြောင်းနှင့် ၊ ပြည်တွင်း ပါတ်ဝန်းကျင် လူမှုအသိုက်အဝန်းမှ ကူးစက်လာဖွယ်ရှိကြောင်း ၊ ကိုရီးယား ပြည်တွင်းတွင် ဖလူ-၂၀၀၉ ရောဂါ (A/H1N1) ဗိုင်းရပ် ကူးစက်ခံရသူစုစုပေါင်းမှာ ၊ သြဂုတ် ၂၇ ရက်နေ့ထိ ၃၇၀၅ ယောက်ရှိခဲ့ပြီဟုဆိုသည် ။
ကိုရီးယားကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်မူ ၆၅ နှစ်အထက် လူကြီိးများ ၊ နာတာရှည်ရောဂါသည်များ ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၅၉လအောက်ကလေးများ ကို အဆိုပါရောဂါပိုး မကူးစက်စေရေး အထူးဂရုပြုကြရန် သတိပေးထားသည် ။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ခန့်မှန်းချက်အရ ၊ ကမ္ဘာပေါ်ရှိ လူပေါင်း ၁,၈ဝဝ ကျော် အသက် ဆုံးရှုံးရပြီးဖြစ်သော ကမ္ဘာ့လူတုပ်ကွေး (A/H1N1) ရောဂါ ကူးစက် ပြန့်ပွားမှု နှုန်းမှာ လာမည့်လ အနည်းငယ်အတွင်း အလွန် လျင်မြန် တိုးပွားကာ ရောဂါ ပေါက်ကွဲမှု ဖြစ်တော့မည်ဟု Xinhua သတင်း ဖော်ပြချက်အရ သိရသည် ။ (A/H1N1) ရောဂါ ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှု နှုန်းသည် လာမည့် ဆောင်း ရာသီတွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြင့်မားလာဖွယ်ရှိကြောင်း ၊ ကမ္ဘာ့နိုင်ငံ အများစုတွင် ဆောင်းရာသီ အတွင်း အဆိုပါ ရောဂါ ပြန့်ပွားမှုနှုန်းသည် သုံး ရက် သို့မဟုတ် လေး ရက်ကြာတိုင်း နှစ်ဆ တိုးပွား လာဖွယ်ရှိကြောင်း ၊ သို့ဖြစ်၍ အစိုးရ အသီးသီးအနေဖြင့် (A/H1N1) ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ ကြိုတင် ပြင်ဆင်ထားရန် လိုအပ်နေပြီ ဖြစ်ကြောင်း WHO မှ ပစိဖိတ် အနောက်ပိုင်း ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Shin Young-Soo ကပြောကြားသည် ။
WHO အနေဖြင့် လွန်ခဲ့သော နှစ်လ ခန့်ကပင် (A/H1N1) ရောဂါကို ကမ္ဘာ့ ကပ်ရောဂါအဖြစ် သတ်မှတ် ကြေညာထားပြီး ဖြစ်သည် ။ ယခုအခါ အမေရိကန် ပြည်ထောင်စုတွင် ရက်သတ္တ တစ်ပတ်လျှင် လူ ၅ဝဝ နီးပါး အဆိုပါ ရောဂါ ကူးစက်ခံရလျက်ရှိသည် ။ အမေရိကန်၊ နယူးယောက်မြို့တော်တွင် မြို့တော်သူမြို့တော်သား အားလုံး၏ ၁၀ ရာခိုင်နှုန်းခန့်ဖြစ်သော ပြည်သူ၈သိန်းကျော်တို့က အဆိုပါ (A/H1N1) ရောဂါ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးဖြစ်သည်ဟုဆိုသည် ။
သြဂုတ်လ ၂၈ ရက်နေ့ ကမ္ဘာအရပ်ရပ်ရှိနိုင်ငံများ (A/H1N1) ရောဂါ ဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွါးမှုနှင့် သေဆုံးမှုအခြေအနေမှာ (နှိပ်) အတိုင်းဖြစ်ကြောင်း သိရသည် ။
ကမ္ဘာ့ဆေးလောကတွင်Influenza pandemic (H1N1) 2009 virus ဟု အမည်တွင် ခဲ့သည့် တုပ်ကွေး ကပ်ရောဂါ ဗိုင်းရပ်စ်ပိုးကို influenza A (H1N1) virus ဟုအမည်သစ်ပေးထားကြောင်းသိရသည် ။
ရည်ညွှန်းချက်များ-
၁။ Xinhua Aug 28,2009.
၂။ Joong Ang Ilbo (13877/43), Aug 28,2009.
၃။ http://www.wpro.who.int/health_topics/h1n1/
၎။ http://news.jknews.co.kr/today/news/20090831/6401984.htm
၅။ http://www.ecdc.europa.eu/en/
Monday, August 31, 2009
တောင်ကိုရီးယားတွင် ဖလူ-၂၀၀၉ ပိုး ထိသူ သုံးထောင်ကျော် ၊ သေဆုံးသူ ၃ ဦးရှိပြီ
Subscribe to:
Post Comments (Atom)
1 comment:
လူတုပ်ကွေး(A/H1N1) (신종플루 ရှင်းဂျုံး၊င်၊ဖလူး) ကာကွယ်နည်းများ
လူအများ စုဝေးရာနေရာများသို့ မသွားပါနဲ့။
A/H1N1 ရောဂါသည်တစ်ယောက်ဟာ တစ်ရက်အတွင်းမှာ အခြားသူအယောက် ၁၀၀၊ နှစ်ရက်အတွင်း အယောက် ၁၀၀၀၀ အထိ ကူးစက်နိုင်ပါတယ်။
လူသူတိတ်ဆိတ်ပြီး လေကောင်းလေသန့်ရသော နေရာများတွင် အနားယူပါ။
ခွန်အားရှိအောင် စားပါ။ ခွန်အားပြည့်အောင် အိပ်ပါ။ အဟာရဖြစ်မယ့် အစားအစာများကို စားပါ။
A/H1N1 ဗိုင်းရပ် ၉၀% ဟာ လက်မှ ကူးစက်ပါတယ်။
ဓါတ်လှေကားတက်တဲ့အခါ ခလုတ်ကို လက်ချောင်းအဖျား အတွင်းဘက်နှင့် မနှိပ်ပဲ အပြင်ဘက်နဲ့ နှိပ်ပါ။
လူအများအသုံးပြုသော နေရာများမှ လက်ကိုင်များကို လက်ဝဲဘက်ဖြင့် ပြောင်းသုံးပါ။
ဖြစ်နိုင်လျှင် အများသုံးပစ္စည်းများကို တစ်ခါသုံးကိုသာ အသုံးပြုပါ။
အဲယားကွန်းကို လျှော့သုံးပါ။
အဲယားကွန်းလေအေးစနစ်ဟာ ဗိုင်းရပ်ကူးစက်မှု မြင့်မားပါတယ်။
လက်ကို သန့်စင်အောင် မကြာမကြာ ဆပ်ပြာဖြင့် ဆေးပါ။ (ကာကွယ်ဆေးပါသော ဆပ်ပြာကို အသုံးပြုလျှင် ပိုကောင်းသည်။) အခြား ကာကွယ်ဆေးများလည်း အများအပြားရှိပါသည်။
ကိုရီးယားက A/H1N1 ဗိုင်းရပ် ကူးစက်မှု အမြင့်ဆုံးနေရာတွေထဲမှာ ဘူဖြောင်းဘူတာ အနီးတ၀ိုက်ပါပါတယ်။ ဒါကြောင့် မကြာခဏ မသွားသင့်ပါ။ မဖြစ်မနေသွားရလျှင် Mask(နှာခေါင်းကာ)ကို အသုံးပြုပါ။
A/H1N1ရောဂါ ကာကွယ်ဆေးကို ယခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ ကာကွယ်ဆေးထိုးပေးမှာမို့လို့ ဒီအတောအတွင်းမှာ ဆင်ဆင်ခြင်ခြင် နေထိုင်ပါ။
Post a Comment