ကိုရီးယားနိုင်ငံ အန်ဆောင်းမြို့တွင် ၂၀၀၉ သြဂုတ်လ ၂ ရက်နေ့က ကွယ်လွန်သွားသော ကိုအောင်ဇော်မင်း ခေါ် ကိုအောင်သိန်း, အသက် ၃၉ နှစ်၏ ရက်လည် ဆွမ်းသွတ်နှင့် မီးသဂြုင်္ိဟ်ခြင်းကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်မည် ဖြစ်ပါ၍ မိတ်ဆွေသင်္ဂဟများ ကြွရောက်ကြပါရန် ကျန်ရစ်သူ မိသားစု နှင့် မြန်မာအသင်းက နှိုးဆော် ဖိတ်ကြားအပ်ပါသည်။
- နေ့ရက် -
၂၀၀၉ သြဂုတ်လ ၁၆ တနင်္ဂနွေနေ့
- နေရာ -
ဆော့ဂွမ်ဆာကျောင်းတိုက်၊ ပူချွန်းမြို့
- အချိန် -
နံနက် ၆ နာရီ - ရက်လည်ဆွမ်းသွတ်, အသုဘရှု တရားတော်နာ, အမျှဝေ
နံနက် ၇ နာရီ မှ ၁၀ နာရီ - ရက်လည်ဆွမ်းကျွေး အစီအစဉ်
နေ့လယ် ၁၂ နာရီ - ရုပ်ကလာပ်အား မီးသဂြုင်္ိဟ်ရန် ဆော့ဂွမ်ဆာကျောင်းတိုက်မှ စတင်ထွက်ခွာ၍ ဗူဖျောင်းမြို့ သုဿန်တွင် မီးသဂြုင်္ိဟ်ရန်

ကွယ်လွန်သူ ကိုအောင်ဇော်မင်းသည် အန်ဆောင်းမြို့ ပလတ်စတစ်အိတ် ထုတ်လုပ်သည့် စက်ရုံတွင် အလုပ်လုပ်နေစဉ် မတော်တဆ ထိခိုက်မိပြီး၊ ဦးခေါင်း၌ အတွင်းဒဏ်ရာရှိ၍ ဆိုးလ်ဆေးရုံ၌ ယင်းနေ့မှာပင် ကွယ်လွန်သွားခဲ့ကြောင်း အတူနေသူ သားချင်းများက ပြောပါသည်။
ယခု အသုဘကိစ္စနှင့် ပတ်သက်၍ အောက်ပါ ဖုန်းနံပတ်များသို့ ဆက်သွယ်နိုင်ပါသည်။
011 9386 7153, 011 292 9542, 010 9054 4727, 010 8894 4770
မြန်မာအသင်း (ကိုရီးယား)
1 comment:
သတင်း မျှဝေရန်ယူသွားပါသည်...အကိုခင်ဗျား။
Post a Comment