Thursday, August 6, 2009

အခမဲ့ ကျန်းမာရေး ဆေးဝါးကုသပေးမှုအစီအစဉ်

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်တွင် ကိုရီးယားဗုဒ္ဓဘာသာဝင်ဆရာဝန်များ အဖွဲ့ချုပ်၏ ကျန်းမာရေး ၀န်ထမ်းများနှင့် ပူးပေါင်း၍ စုစုပေါင်းအယောက် ၂၀ကျော်အဖွဲ့သည် မြန်မာနိုင်ငံသားများအတွက် အခမဲ့ဆေးဝါးကုသပေးမှုအစီအစဉ်ကို (၉.၈.၀၉)တနင်္ဂနွေနေ့ နေ့လယ် ၁ နာရီ မှ ညနေ ၅နာရီ အထိကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ဆေးဝါးလာရောက်ကုသမှုခံယူကြပါရန် မြန်မာညီအစ်ကိုမောင်နှမအပေါင်းတို့အား ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်အပ်ပါ သည်။
သွေးအချိုဓာတ်တိုင်းတာပေးခြင်း၊သွေးအမျိုးအစားစစ်ဆေးပေးခြင်း၊အပ်စိုက်ကုသပေးခြင်းအပါအ၀င်electrocardiogram စနစ်ဖြင့်ကုသပေးခြင်း၊အရှေ့တိုင်းအနောက်တိုင်း ဆေးပညာများဖြင့်လည်းကောင်း ကုသပေးခြင်းတို့ဖြင့်ရောဂါဝေဒနာ တို့ကိုစစ်ဆေးပေးမည်ဖြစ်ပါသည်။

ကုသပေးမည့် နေရာ
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား )
၀၃၂ ၅၁၁ ၂၈၄၁

ကုသပေးမည့် အချိန်
(၉.၈.၀၉)နေ့လယ် ၁ နာရီ မှ ညနေ ၅နာရီ အထိ

No comments: