Thursday, August 6, 2009

မင်းမော်ကွန်းနှင့် အပေါင်းအသင်းများ ၊ ထေရဝါဒဗုဒ္ဓသာသနာ တော်ကို စော်ကားကြခြင်း

ကိုဝိုင်း(မိုးညှင်း)
ဆောအူးလ် ၊ သြဂုတ် ၅ ရက် ။

မိတ်ဆွေတစ်ဦးက အီးမေးလ်ပေးပို့လာပါတယ် ။ စိတ်ဝင်စားစရာကောင်းလို့ ထပ်ဆင့် တင်ပြလိုက်ရကြောင်းပါခင်ဗျား ။ ဖတ်ကြည့်တော်မူကြပါ ။ သည်လိုပါ -

စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေး နှစ်ပါတ်လည်နီးလာချိန်နဲ့  လက်ရှိနိုင်ငံရေးအခြေအနေတွေအရ အရေးကြီးနေချိန်တွင် နအဖမှ သံဃာတော်တွေရဲ့  ဂုဏ်သိက္ခာများ ညှိုးနွမ်းစေရန် လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးနေချိန်မှာ အင်တာနက်စာမျက်နှာပေါ်မှာ ရောက်ရှိလာခဲ့တဲ့ အောက်ဖေါ်ပြပါ ဓါတ်ပုံတစ်ပုံဟာ အတော့်ကို ဆိုးရွားလွန်းလှပါတယ်။

ဓါတ်ပုံထဲမှာ ပါဝင်သူတွေအနေနဲ့  ဘာသာတရားအရ ရိုသေလေးစားကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာဘုရားနှင့် သားတော်များဖြစ်တဲ့ သံဃာတော်များ လွှမ်းခြုံရာ သင်္ကန်းတော်များကို ယခုလို ၀တ်ရုံပြီး ဆေးမှင်ကြောင်အတုတွေနဲ့ဒီလိုမျက်နှာပေးများပေးကာ ဓါတ်ပုံရိုက်တာကတော့ အလွန်ကို မသင့်တော်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မည်သို့ သော အကြောင်းပြချက်နှင့်မျှ မဆောင်ရွက်သင့်သော လုပ်ရပ်ဖြစ်ပါတယ်။ဒီဓါတ်ပုံနဲ့  ဒီလုပ်ရပ်အတွက် ဓါတ်ပုံရိုက်သူကိုရော ဓါတ်ပုံထဲပါဝင်သူများ အားလုံးကို အထူး ရှုတ်ချလိုက်ပါတယ်။

သူတို့တစ်တွေက ၊ သည်လို မှတ်ချက်ပေးခဲ့ကြတယ် -
Immortal: မင်းမော်ကွန်း ရဲ့ လုပ်ရပ်ဟာ ပြည်သူ တရပ်လုံးကို စော်ကားတဲ့လုပ်ရပ် တခုဖြစ်တယ်.. ဒီအတွက် ပြည်သူကို တောင်းပန်ရလိမ့်မယ်... ပြည်သူတွေက ဒဏ်ခတ်တာကို ခံထိုက်တယ်.. အားလုံးရှူတ်ချကြ..
2 Aug 09, 21:22
sanmin: မင်းမော်ကွန်း , to study , what is Buddhism,,,,websites,,http://www.dhammadownload.com/ ; ,http://www.shweparami.net/ ; http://www.dhammaweb.net/
2 Aug 09, 09:10
ဒီမိုဝေယံ: သာသနာတော်ညှိုးနွမ်းအောင်လုပ်တာ၊ နအဖ အကြိုက် ကြော်ငြာ ပေးနေတာလား၊ လုပ်ရပ်တွေ ကတော်တော်လွန်နေပြီ။
2 Aug 09, 09:09
sanmin: pls let me know, details about this photo... http://www.niknayman-niknayman.co.cc/2009/08/blog-post_01.html
2 Aug 09, 06:47
လင်းသစ်: သာသနာတော်ညှိုးနွမ်းအောင်လုပ်ရက်တယ်ဗျာ
2 Aug 09, 06:10
complicated: ဘယ်တော့မှ အားမပေးတော့ဘူး မင်းမော်ကွန်းကို ။အရှက်မရှိတဲ့အကောင်တွေ ။သူတို့မို့လို့ လုပ်ရက်တယ် ။ တော်တော်ဝမ်းနည်းစရာကောင်းတယ် ။
2 Aug 09, 03:18
Zwe: ဒီလိုဆိုးရွားတဲ့လုပ်ရပ်တွေအတွက် တောင်းပန်လို့ လည်း မရတော့ပါဘူး။ သရုပ်ဆောင်ထားတာကိုက စိတ်ပါလက်ပါဖြစ်နေတာ စက်ဆုတ်စရာပါဘဲ။ တခုဘဲပြောချင်တယ် ဘာဘဲဖြစ်ဖြစ် သူတို့ ကိုယ်စားပြုတာက နအဖကဖန်တီးတဲ့ အတုအယောက်သင်္ကန်းဝတ်တွေလို့ ဘဲ ပရိတ်သတ်က ဘာသာပြန်မှာသေချာပါတယ်။ ဘ၀ပျက်ပြီလို့ သာ မှတ်လိုက်ကြပေတော့။
2 Aug 09, 03:09
Zwe: နအဖ ဆိုတာ အမြဲမရှိပါဘူး။ ပရိတ်သတ်ကသာ အမြဲရှိနေမှာပါ။
2 Aug 09, 03:08
Zwe: သရုပ်ဆောင်တွေ ဂီတပညာရှင်တွေ စာရေးစရာတွေ စတဲ့ အနုပညာရှင်တွေရဲ့ အသက်ဟာ ပရိတ်သတ်ဘဲဆိုတာ သိဖို့ လိုပြီပေါ့ ။
2 Aug 09, 03:03
Zwe: ရန်ကုန်သားဆဲတာ နဲတောင်နဲသေးတယ်။ ဆဲရုံနဲ့ တော့ မလုံလောက်ဘူး။ သူတို့ က နအဖကသတ်လို့ နာမည်သေမှာကြောက်သလောက် ပရိတ်သတ်ပြည်သူတွေဒဏ်ခတ်မှာကို ဂရုမစိုက်ဘူးဆိုတဲ့ အချိုးမျိးပဲ။
2 Aug 09, 01:07
phyowai: http://www.niknayman-niknayman.co.cc/2009/08/blog-post_01.html သံဃာတော်တွေရဲ့  ဂုဏ်သိက္ခာများ ညှိုးနွမ်းစေရန် လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးတာ ငရဲပြည် Visa ကျထားတဲ့ကောင်တွေ ကိုနစ်ရေ.. ဘယ်လောက် ပိုက်ဆံရရ မလုပ်သင့်ဖူးဗျာat 9:42 PM



ရည်ညွှန်းချက်များ-
၁ ။ General Aung San ပေးပို့သော အီးမေးလ် ။
၂ ။ http://www.niknayman-niknayman.co.cc/2009/08/blog-post_01.html

2 comments:

ကိုဝိုင်း (မိုးညှင်း) said...

RFA မှာတော့ တောင်းပန်ထားတာ တွေ့လိုက်ရသဗျ။

minkyawzay said...

ကိုကြီးဝိုင်းရေတောင်းပန်လို့ ပရိတ်သတ်ကျေနပ်ရင်တောင်
ှအနည်းဆုံးကံကြီးတော့ထိုက် လိမ့်မယ်၊ဒီလိုကောင်တွေကို
ဘယ်သူမှအားမပေးကြပါနဲ့ ဗျို့ ။