Monday, October 19, 2009

ဓမ္မဒူတ(ကိုရီးယား) စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပပြီးစီး

ကိုဝိုင်း(မိုးညှင်း)အောက်တိုဘာ ၁၉ ၊
ဆောအူးလ်မြို့။

ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ၊ အင်ချောန်မဟာမြို့တော် (Incheon Metropolitan City) ၊ ဘူဖြောင်းမြို့ရှိ ဓမ္မဒူတ ဆင်တာတွင် ၊ ကိုရီးယားနိုင်ငံ တစ်လွှားမှ ထေရဝါဒသံဃာတော်အရှင်သူမြတ် ၅ ပါးတို့ စုပေါင်း၍ ကထိန်ပွဲတော်ကို ထေရဝါဒ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းနှင့်အညီ အောင်မြင်စွာ ကျင်းပပြီးစီးကြောင်းသိရသည်။
ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအစ်ကို မောင်နှမမိသားစု ၁၀၀ ကျော်တို့က ၊ မဟာဘုံကထိန်ပွဲတော်အား ချီးမြှောက်ထောက်ပံ့ လှူဒါန်းခဲ့ကြကြောင်း ၊ ဧည့်ပရိတ်သတ်အပေါင်းတို့ကို အမေ့အိမ် ကိုဘိုဘိုနှင့် မိတ်ဆွေများက မြန်မာအစားအစာများဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ကြကြောင်း ၊ လှူဒါန်းမှုအစုစုမှာ ဝမ်သိန်းလေးဆယ်ခန့်ရှိခဲ့ကြောင်း နှင့် အလှူရှင်များစာရင်းကို (ဤနေရာ)တွင် ကြည့်ရှု သာဓုခေါ်ဆိုနိုင်ကြကြောင်းလည်း သိရသည် ။





No comments: