Monday, December 21, 2009

စီဂျီအိုင်-ပရော့ဇီ (CGI Proxy) ကျော်ခွကြည့်ကြမည်

ကိုဝိုင်း(မိုးညှင်း)

ကျနော်တို့ ဟန်းဂုရွာ မိတ်ဆွေများ ၊ အင်တာနက် ကျော်ခွကြည့်နည်း မကြာမကြာမေးကြပါတယ် ။ မေးလာကြတဲ့အခါတိုင်းလည်း ၊ အာရ်အက်ဖ်အေက တင်ထားတဲ့ “ အင်တာနက် စာမျက်နှာများကို လျှို့ဝှက်ကြည့်ရှုနည်း” ပို့စ်ကိုသာ ညွှန်းနေရပါတယ် ။

ဟန်းဂုရွာမိတ်ဆွေများအတွက် ၊ အခု အဲဒီပို့စ်လေးကိုပဲ ကိုးကားပြီး မွမ်းမံတင်ပြလိုက်ကြောင်းပါခင်ဗျာ ။

မိတ်ဆွေ တစ်ယောက် စီဘောက်ကနေပြီးတင်ပြထားတဲ့နည်းကတော့ ၊ ကိုယ်အသုံးပြုတဲ့ ကွန်ပျူတာမှာ ပရော့ဇီဆာဗာ(ကြားခံကွန်ပျူတာ)ရဲ့ အိုင်ပီလိပ်စာ(Internet Protocol address) ကို ပုံသေမှတ်တမ်းတင်ပြီး အသုံးပြုတဲ့နည်းပါ ။

အခုတင်ပြမှာကတော့ ကြားခံကွန်ပျူတာဆာဗာကို အင်တာနက်ဝက်ဘ်ပေါ်မှာ ရှာပြီး ကျော်ခွကြည့်နည်းကို တင်ပြမှာပါ ။

Google, Yahoo, MSN/Live စတဲ့ ရှာဖွေရေးစနစ်တခုခုကို သုံးပြီးရှာရပါမယ် ။ ရှာရမယ့် စာလုံးတွေကတော့ nph-proxy ဒါမှမဟုတ် nph-proxy.pl ဒါမှမဟုတ် nph-proxy.cgi တို့ကို ရှာကြည့်ရပါမယ် ။

နောက် တခြားနည်းတခုအနေနဲ့ CGIProxy ဒါမှမဟုတ် CGI Proxy ဆိုတဲ့စာလုံးတွေနဲ့လည်း ရှာနိုင်ပါတယ် ။

အဲဒီလို ရှာလိုက်တဲ့အခါ ကြားခံ ကွန်ပျူတာ ဆာဗာအဖြစ်လက်ခံဆောင်ရွက်ပေးမယ့် အင်တာနက် ဝက်ဘ်ဆိုက်တွေကိုတွေ့ရပါလိမ့်မယ် ။ ဒါမှမဟုတ် ကြားခံကွန်ပျူတာဆီကို သွားနိုင်တဲ့ linkလမ်းကြောင်းကို တွေ့ရပါမယ်။ အဲဒီ ဝက်ဘ်ဆိုက်တခုခုကို ဝင်ပြီးတဲ့အခါမှာ ကိုယ်သွားလိုတဲ့ အင်တာနက် ဝက်ဘ်ဆိုက်ရဲ့ လိပ်စာကိုထည့်သွင်းရမယ့် ကွက်လပ်တခုကို တွေ့ရပါလိမ့်မယ် ။

ကျနော်ကတော့ CGI Proxy ကီးစာလုံးကို ဂူဂဲရှာစက်(Google Search Engine) မှာ ရိုက်ပြီးရှာလိုက်တာ ၊ ဒီလိုတွေထွက်လာပါတယ် -

/စီဂျီအိုင် ပရော့ဇီစာလုံးနှင့် ပတ်သက်၍ ဂူဂဲကပေးတဲ့အဖြေ / ( ဒီမှာ) ။

နောက်ပြီး ၊ အဲဒီစာလုံးတွေအနက် mamproxy.com ကိုနှိပ်ကြည့်လိုက်တော့ - ဒီလိုထွက်လာပါတယ် ။













အဲသည်မှာ ကိုယ်သွားလိုတဲ့ (ပိတ်ဆို့ခံထားရတဲ့) အင်တာနက် ဝက်ဘ်ဆိုက်ရဲ့ လိပ်စာ(URL)ကို ရိုက်ထည့်ဖို့ ကွက်လပ်ပါ ပါတယ် ။ ကျနော်ကတော့ အဲဒီကွက်လပ်ထဲမှာ ကိုယ်သွားချင်တဲ့ ဝက်စာမျက်နှာလိပ်စာ http://burmainfokorea.blogspot.com စာလုံးကို ရိုက်ထည့်လိုက်ပါတယ် ။ အဖြေကတော့ ဒီလို ထွက်လာပါတယ် ။












မိတ်ဆွေတို့လည်း လက်တွေ့ စမ်းကြည့်လို့ရပါတယ် ။ အခုစမ်းကြည့်တော်မူကြပါ ။ ပရော့ဇီလိပ်စာ အချို့ ဟောဒီအောက်မှာရှိပါတယ် -

http://www.mamproxy.com/
http://www.anonymitychecker.com/page1.html
http://www.proxy4free.com/page1.html
http://www.publicproxyservers.com/page1.html
http://tools.rosinstrument.com/proxy/
http://members.tripod.com/burn77/proxies.html

မှတ်သားရန် ဆောင်ပုဒ်မှာ-

စီဂျီအိုင်-ပရော့ဇီ (CGI Proxy) ၊ ကျော်ခွကြည့်ကြမည် ၊

ပရော့ဇီ ၊ အင်န်ပီအိပ်ခ်ျ (proxy, nph ) ၊ ကျော်ပြီး ခွပြီး ၊ ကြည့်တိတ်တိတ်

No comments: