Friday, February 5, 2010

ပူဆန်းမြို့ မြန်မာဘုန်းတော်ကြီးကျောင်းတက်ပွဲသို့ ဖိတ်ကြားခြင်း

ကိုရီးယားနိုင်ငံအတွင်း ထေရ၀ါဒ ဗုဒ္ဓသာသနာ ရွှေရောင်ထွန်းစေဖို့ရာ ရည်ရွယ်၍ ပူဆန်းမြို့တွင် ဖွင့်လှစ်မည့် ပြည်တော်ဦး မြန်မာ-ကိုရီးယား ဗုဒ္ဓသာသနာ့ရိပ်မွန် ကျောင်းတက်ပွဲသို့ ကြွရောက်ကြပါရန် အမျိုးသားကောင်း၊ အမျိုးသမီးကောင်း သူတော်ကောင်းအပေါင်းတို့အား ဖိတ်မန္တက ပြုလိုက်ပါသည်။ဗုဒ္ဓရိပ်သာကို လွန်ခဲ့သောနှစ်အတန်ကြာကပင် ကိုရီးယားသို့ မကြာခဏ ကြွရောက်ကာ သာသနာပြုနေ တ်ာမူသော သံဃာတော် အရှင်မြတ် အရှင် ပဏ္ဍိစ္စ၏ ဦးဆောင်မှုဖြင့် သာသနာ အဓွန့်ရှည်ရေးနှင့်ပြန့်ပွား ရးကို အကျိုးမျှော်သော ပူဆန်းဒေသနေ မြန်မာနိုင်ငံသား ဒါယကာ၊ ဒါယိကာမများ ၏ ပံ့ပိုးမှုတို့ဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။အခြားသော ဒေသများရှိ မြန်မာဘုန်းတော်ကြီးကျောင်းများကဲ့သို့ပင် မြန်မာနိုင်ငံသားများ၏ သာသနာရေး ဘာသာရေးဆိုင်ရာ လုပ်ဆောင်မှုများ၊ တရားသဘင်များ၊ သာသနာရေးဆိုင်ရာ အခမ်းအနားနှင့် ပွဲတော်များကို လည်းလုပ်ဆောင်သွားမည်ဖြစ်သလို၊ သာသနာ့ရိပ်သာကို မြန်မာ့ဗုဒ္ဓဘာသာ ယဉ်ကျေးသော ဓလေ့နှင့်အညီ အရိပ်လိုသူ မြန်မာနိုင်ငံသားများအတွက် ခိုကိုးရာ နေရာ တခုအဖြစ်လည်း ထားရှိဆောင်ရွက် သွားမည်ဖြစ် သည်။

ကျောင်းတက်ပွဲ အချိန်။ ။ ၂၀၁၀ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ရက် နေ့လည် ၁နာရီမှ ၃နာရီထိ
အကျွေးအမွေး။ ။ ကြက်သားပလာတာ (နံက် ၁၀နာရီမှ ၁၂နာရီထိ )

ခရီးလမ်းညွှန် ။ ။
နမ်ချွန်းဘူတာ(남천역) နံပါတ် ၁ ထွက်ပေါက်မှ 수영구 남천 2동(ဆူယောင်းဂူ နမ်ချွန်း အပိုင်း၂ ) 삼익비치 아파트( စမ်းမစ်ဘီဂျီ Apartment) 213동 205호 ( တိုက်အမှတ် ၂၁၃၊ အခန်းအမှတ် ၂၀၅) (နံပါတ်2လိုင်း(အစိမ်း)
နာမ်ချွန်းဘူတာ နံပါတ် ၁ ထွက်ပေါက်တွင် အကျိုးဆောင်အဖွဲ့မှ ခရီးကြိုပေးမည်ဖြစ်ပါသည်။
ဆက်သွယ်ရန် ----
ကိုလှထွန်း ၀၁၀ ၂၂၈၉ ၃၄၉၀ ကိုတိုးသူရ ၀၁၀ ၈၆၈၉ ၃၄၃၈
ကိုဇော်သူရ ၀၁၀ ၂၃၄၉ ၄၇၄၇ ကိုမောင်လွင် ၀၁၀ ၂၅၄၁ ၉၄၆၄

ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု
ဗုဒ္ဓသာသနာ နေရောင်ဖြာသို့ - ရောင်ဝါထွန်းလို့ လင်းစေသောဝ်။

ပြည်တော်ဦး မြန်မာ-ကိုးရီးယား ဗုဒ္ဓသာသနာ့ရိပ်မွန်
ပြည်တော်နိဗ္ဗာန် ဦးမဂ္ဂံ၊
ပြည်တော်ဦးက မဂ်ရှစ်တန်။
ရွှေပြည်နိဗ္ဗာန် ဆိုက်ရောက်ရန်၊
ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်။
ရွှေပြည်တော် နိဗ္ဗာန်နန်းကိုလ မှန်းဆမျှော်မြှင်
ဦးအစ မဂ်ရှစ်အင် ပြည်တော်ဦး မဂ်လမ်းစဉ်ကို
ရွှေဘုန်းရှင် တွင်တွင်ပွားစို့လေး။ ။


1 comment:

မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး) said...

ကိုရီးယားရောက် မြန်မာဗုဒ္ဓဘာသာများ အတွက် ဘာသာရေး ဗဟုသုတများ ရယူနိုင်ရန် မနာပဒါယီ အရှင်ဝိစိတ္တ (ဒေဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း)၏ အင်တာနက် စာမျက်နှာကို မျှဝေလိုက်ပါတယ်။ ဘာသာရေးနဲ့ ပတ်သက်လို့ အသိဉာဏ်များ တိုးနိုင်ကြပါစေ...
ဆရာတော်ရဲ့ အင်တာနက် လိပ်စာကတော့..
http://www.venvicitta.com/
ပဲ ဖြစ်ပါတယ်။