(ဟန်းဂုရွာ စာတိုက်သို့ ပေးပို့လာသည့် ရင်ဖွင့်စာ)
တိုင်ကြားသည်ဆိုရာတွင် ဖြေရှင်းပေးဖို့ မဟုတ်ပါကြောင်း ဦးစွာ ပြောကြားလို ပါသည်။ ကိုရီးယားရောက် ရွှေညီကို မောင်နှမများ ကြိုတင် သတိထားနိုင်ရန် တင်ပြရခြင်းသာ ဖြစ်ပါသည် ။
ကိစ္စကတော့ သေးသေးလေးပါ ။ သာမန် ကိစ္စလေးဆိုပေမဲ့ ခံလိုက်ရတဲ့ ကာယကံရှင်တွေ ဘက်က ကြည့်ရင်တော့ အတော်လေး ခံပြင်းစရာပေါ့ဗျာ။ ဖြစ်ပုံကတော့ ဒီလိုဗျ..။
မြန်မာပြည်က ကောင်မလေးက ကိုရီးယားမှာ ရှိတဲ့ သူ့ကောင်လေးဆီကို ပါဆယ် ပို့ပါတယ်။ အဲဒီ ပါဆယ်က တစုံတခု လွဲမှားသောကြောင့် လိပ်စာမှားပြီး တခြားသူ လက်ထဲ ရောက်သွားခဲ့ပါတယ်။ တခြား နိုင်ငံသား မဟုတ်ပါဘူး ။ ကိုရွှေကိုမျိုး တယာက်ဆီကိုပေါ့။
ဟန်းဂုရွာ သူကြီးနှင့်တကွ ရွာသူရွာသားများ စဉ်းစားကြည့်ပါ ခင်ဗျာ။ ဒီပါဆယ်ထုတ်လေး ဘယ်လောက်မှ တန်ဖိုး မရှိပါဘူး။ စားပစ်လိုက်လို့လဲ ရပါတယ်။ အဝေးရောက် မြန်မာနိုင်ငံသား တယောက်အနေနဲ့ ကို့ရိုးရာ စားစရာလေးတွေ စားချင်နေမှာပါ။ ဒီလိုမှ မဟုတ် စိတ်ဓါတ် မြင့်မြတ်ပြီး သူတပါးအပေါ် ကူညီတက်တဲ့သူ ဆိုရင် ပါဆယ်ပုံးမှာ ပါတဲ့ လိပ်စာကို မသိတာတောင် နံမယ်နဲ့ ဖုန်းနံပါတ် ရှိနေပါတယ်။ ဖုန်းလေးတချက် လှမ်းခေါ်ပြီး ပိုင်ရှင်ထံ ပြန်ပေးလို့ ရနေတာဘဲလေ။ ဒါပေမဲ့ အဲဒီ ကိုရွှေကိုမျိုးက ဖုန်းတော့ဆက်ပါရဲ့ ။ ကိုရီးယားမှာ ရှိတဲ့ ကောင်လေးဆီ မဟုတ်ပါဘူး။ မြန်မာပြည် ဘက်က လိပ်စာမှာ ပါတဲ့ ကောင်မလေး ဖုန်းကိုပါ။
ပါသမျှလဲ အကုန်စားသောက် ပြစ်ပြီးတော့ နှမချင်းမစာနာတဲ့ စကားတွေနဲ့ စော်ကားပြီး ကောင်မလေးကို ကြူပါတယ်။ တခါလောက် ဆက်ပြီး ပြောတယ်ဆိုရင် နောက်တယ်လို့ ယူဆမိပါတယ် ။ ခုဟာက တခါမက နှစ်ခါ သုံးခါဆိုတော့ မလွန်ဘူးလားဗျာ။ ဘယ်လောက် အောက်တန်းစား နိုင်လိုက်သလဲ။ အဆင့်တန်း မရှိတဲ့ကောင်လို့  အပြောခံရတာတောင် အဆင့်တန်းကို ဘာနဲ့တိုင်း သလဲတဲ့။ သူကဘဲ စိတ်ဆိုးပြီး ဖုန်းကိုင်တဲ့ ကောင်မလေး အကိုနဲ့တောင် ရန်ဖြစ် သွားသေးတယ်လို့ သိရပါတယ်.။
အဖြစ်ကတော့ ဒါပါဘဲခင်ဗျာ။ ကျွန်တော် ပြောချင်တာက တခြားသော ညီအကို အမတွေလဲ သတိလေးထားလို့ရအောင် ငါးခုံးမတကောင်ကြောင့် ဟန်းဂုက ကောင်တွေက ဒီလို ပါဘဲလား ဆိုပြီး .. တရွာ လုံး ပုတ်မဲ့အဖြစ်မျိုး မဖြစ်ရလေအောင် အသိပေးတိုင်ကြား အပ်ပါသည် ခင်ဗျား။
==== ==== ====
သူကြီးမှတ်ချက် -- ဟန်းဂုရွာ စာတိုက်သို့ ရောက်လာတဲ့ တိုင်တန်းစာ တစောင်ကို အများသိအောင် တင်ပေးလိုက်ပါတယ်။ ပေးပို့သူ အနေနဲ့ ပိုမိုခိုင်လုံပြီး ထိရောက်တဲ့ တုံ့ပြန်မှုမျိုး လုပ်နိုင်ဖို့ အဲဒီသူရဲ့ နာမည်, ဖုန်းနံပတ် နဲ့ နေရပ်ကိုပါ ပေးပို့ရင် ပိုကောင်းမယ် ထင်ပါတယ်။ မှန်ကန်တဲ့ ဖြစ်ရပ်တွေအတွက် ပြုလုပ်ကျူးလွန်သူကို အများသိအောင် ဖော်ပြတာ တရားတယ်။ နစ်နာသူကိုသာ ကာကွယ်ပေးရမှာ ဖြစ်တယ်။
Wednesday, March 24, 2010
သူကြီးနှင့်တကွ ရွာသူရွာသားများ သိစေရန် တိုင်ကြားအပ်ပါသည်...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment