Wednesday, March 17, 2010

Incheon Asia Festival 2010

ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)

2010 인천 아시아 이주민 축제
အင်ချွန်း အာရှ ပွဲတော် ၂၀၁၀

၂၀၁၀ မတ် ၂၁

မွန်းတည့် ၁၂ မှ ညနေ ၅ နာရီ
အင်ချွန်း ကမ္ဘာ့ဖလား ဘောလုံးကွင်း (인천문학월드컵경기장 북문광장 일원)

အာရှ ၁၅ နိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ ပါဝင်ဆင်နွှဲမည့် အင်ချွန်းမြို့ အာရှ အားကစားနှင့် ယဉ်ကျေးမှု ပွဲတော်တွင် အားကစားပြိုင်ပွဲ, အကျွေးအမွေး, ပြပွဲပြခန်းများနှင့် ဂီတအက ဖျော်ဖြေပွဲများ ပါဝင်မည် ဖြစ်သည်။ ပွဲတော်တွင် မြန်မာနိုင်ငံ ကိုယ်စား မြန်မာအသင်း (ကိုရီးယား) ပါဝင်မည်။ ပွဲတော်သို့ မည်သူမဆို ကြွရောက် အပန်းဖြေနိုင်ပါကြောင်း သတင်း ပြန်ကြားအပ်ပါသည်။

လမ်းညွှန်--
(၁)ပူချွန်း ဆော့ဂွမ်ဆာမှ မနက် ၉း၃၀ ကား ထွက်မည်။
(၂)အင်ချွန်း မြေအောက် ရထားလိုင်း 문학경기장 ဘူတာ ထွက်ပေါက် ၂


http://iloveasia.or.kr/

No comments: