Wednesday, March 17, 2010

ကိုရီးယား ယဉ်ကျေးမှုသင်တန်း စခန်းဝင်လေ့ကျင့်မည်

ကိုဝိုင်း(မိုးညှင်း)

ဆောအူးလ် ၊ မတ် ၁၇ ။

ကိုရီးယားနိုင်ငံရောက် မြန်မာများ ကိုရီးယားရိုးရာယဉ်ကျေးမှုနှင့် လူနေမှုစနစ်ကို နားလည်သိရှိပြီး ကိုရီးယားလူမှုအသိုက်အဝန်းအတွင်း အဆင်ပြေပြေ နေထိုင်နိုင်ရေး ၊ ကိုရီးယားမြန်မာချစ်ကြည်ရင်းနှီးမှု လေးနက်ခိုင်မြဲစွာတည်ဆောင်နိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ၊ ကိုရီးယားယဉ်ကျေးမှုသင်တန်း စခန်းဝင်လေ့ကျင့်မှုအစီအစဉ်ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည် -

ရက်စွဲ ။ မတ်လ ၂၇ ရက်(စနေ) ၊ ၂၈ ရက် (တနင်္ဂနွေ) ။

အချိန် ။ မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီမှ ၊ ၂၈ ရက်နေ့ နေ့လည် ၁၁ နာရီအထိ ။

နေရာ ။ Gyeonggi Do, Gwang Myeong Shi, Geum Gang Jeong Sa Temple

၂၇ ရက်နေ့ ညနေစာ နှင့် ၊ ၂၈ ရက်နေ့ နံနက်စာနှင့် နေ့လည်စာတို့ကို အခမဲ့ကျွေးမွေးမည်ဖြစ်ကြောင်း ၊ သင်တန်းတွင် ကိုရီးယားယဉ်ကျေးမှုနှင့် မိသားစုအတွင်း နေထိုင်ပုံ ဆက်ဆံပုံစနစ် (လက်တွေ့) ၊ ယောဂကျင့်စဉ် ၊ ကိုရီးယားယဉ်ကျေးမှု (ဗီဒီယို) ၊ ရိုးရာယဉ်ကျေးမှုပစ္စည်းများ နှင့် ရိုးရာမုန့်များ ကိုယ်တိုင် စီမံ ပြုလုပ်ခြင်း စသည့်အစီအစဉ်များ ပါရှိသည်ဟုဆိုသည် ။

သင်တန်းတွင် လက်ခံမည့် လူဦးရေမှာ မြန်မာ (ကျား+မ)၂၀ ဦး သတ်မှတ်ထားကြောင်း ၊ စိတ်ပါဝင်စားသူများ ဖုန်းနံပါတ် 010-2331-2457 ထံ ဆက်သွယ်နိုင်ကြောင်း ၊ အဆိုပါအစီအစဉ်ကို Dhammaduta Buddhist Association (Korea) နှင့် Geumgang Jeong Sa Temple of Korean Jogye Order တို့ ပူးပေါင်းစီစဉ်ခြင်း ဖြစ်ကြောင်း သိရသည် ။


1 comment:

win latt said...

ကြားတဲ့သတင်းလေး ပြောချင်တယ်

မြန်မာနိုင်ငံကို ပြန်ဖို့ နိုင်ငံကူးလက်မှတ် လက်ဝယ်မရှိသူများအတွက် နောက်ဆုံးရသတင်း


မြန်မာနိုင်ငံသား အလုပ်သမားတစ်ဦးသည် နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့ စာအုပ်) မရှိသဖြင့် မြန်မာသံရုံးတွင် CI (နိုင်ငံသားဖြစ်ကြောင်း ထောက်ခံစာ) သွားရောက်တောင်းခံရာတွင် သံရုံးတာဝန်ရှိ အမျိုးသမီးမှ နေထိုင်ခဲ့ သည့် ကာလ၏ ထက်ဝက်ကို အခွန်ဆောင်မှ ထုတ်ပေးနိုင်မည်ဖြစ်ကြောင်းပြောပါသည်။ (၄င်း အလုပ်သမားသည် ကိုရီးယားနိုင်ငံတွင် ၆၄ လ နေထိုင်ခဲ့ပြီး ၃၂လစာ အခွန်ဆောင်ရမည်ဟု သိရပါသည်။)
အလုပ်သမားမှ အခက်အခဲကို တင်ပြအသနားခံသော်လည်း သံရုံးတာဝန်ရှိအမျိုးသမီး၏ ငြင်းပယ်ခြင်းခံရပါသည်။ ကိုရီးယား လူဝင်မှု ကြီးကြပ်ရေးဥပဒေအရ အဖမ်းခံရသူများသာ အခွန် ကင်းလွတ်ခွင့်ဖြင့် စီအိုင် ထုတ်ပေး မည်ဖြစ်ကြောင်း မိမိအစီအစဉ်ဖြင့် စီအိုင်ထုတ်ယူလိုပါက နေထိုင်သည့် ကာလ၏ ထက်ဝက်ကို အခွန် ဆောင်ရန် လိုကြောင်း သတင်းရရှိပါ၍ မျှဝေလိုက်ရပါသည် ရွှေမြန်မာအပေါင်း တို့.....။