Tuesday, May 25, 2010

ရက်လည်ဆွမ်း ဖိတ်ကြားစာ

သို့
မြန်မာမိတ်ဆွေများအားလုံး ။


လွန်ခဲ့သည့် မေလ ၂၃ ရက် တနင်္ဂနွေနေ့က ရန်ကုန်မြို့တွင် ကွယ်လွန်အနိစ္စရောက်သွားသည့် ဖခင်ကြီး ဦးဘမောင် (၆၈-နှစ်) အားရည်စူး၍ ကျန်ရစ်သူ သား မျိုးကျော်နိုင် (အန်ဆောင်းမြို့ Anseong Shi) နှင့် သူငယ်ချင်းများက ဆွမ်း နှင့် ပရိက္ခရာ သင်္ကန်း အစရှိသည့် လှူဖွယ်ဝတ္ထု အစုစုတို့ ကို မြတ်စွာဘုရား အမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား မြန်မာ့ ဓလေ့ထုံးတမ်းနှင့် အညီ အောက်ပါ အစီအစဉ်အတိုင်း ဆက်ကပ် လှူဒါန်းကုသိုလ်ပြုကြပါမည် -
ရက်စွဲ ။ ၂၀၁၀ပြည့် မေလ ၃၀ ၊ တနင်္ဂနွေနေ့
အချိန် ။ နံနက် ၇ နာရီမှ နေ့လည် ၁ နာရီခွဲထိ
နေရာ ။ ဓမ္မဒူတ (ကိုရီးယား)
မိတ်ဆွေ လူကြီးမင်းတို့နှင့်အတူ ပရိတ်တရား နာကြားလိုပါသဖြင့် အခမ်းအနားသို့ ကြွရောက်တော်မူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။
ညှိုးငယ်သော စိတ်ထားဖြင့် -

သား မျိုးကျော်နိုင် နှင့် သူငယ်ချင်းများ

No comments: