Wednesday, July 7, 2010

ရွှေ့ပြောင်းအလုပ်သမားများအတွက် အွန်လိုင်းဈေးဖွင့်လှစ်

SK Telink သည် ကိုရီးယားပြည်တွင်းနေ ရွှေ့ပြောင်းအလုပ်သမားများကို အဓိကထား၍ ၊ အွန်လိုင်းဈေးကို ဇူလိုင်-11 ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည် ။

၎င်းအစီအစဉ်သည် ရွှေ့ပြောင်းအလုပ်သမားများကို အဓိကထားဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး ၊ စားသောက်ကုန်များ ၊ အဝတ်အထည် ၊ အိမ်သုံးပစ္စည်း ၊ အလှကုန်ပစ္စည်း စသည်များနှင့် ဆက်သွယ်ရေး ၊ လေယာဉ်လက်မှတ် ၊ ခရီးသွားလက်မှတ် စသည်ဖြင့် ကိုရီးယားလူမှုဘဝတွင် လိုအပ်သည့် ပစ္စည်းနှင့် ဝန်ဆောင်မှုများကို အွန်လိုင်းဖြင့် ရောင်းဝယ်သွားမည့် အိုးပင်းမားကက် ဖြစ်သည်ဟုဆိုသည် ။

အဆိုပါ http://www.fla365.com/ အွန်လိုင်းစနစ်ဖြင့် အင်ဒိုနီရှား မိဂိုလိုင်း ခေါက်ဆွဲ ၊ ထိုင်းသရက်သီး သနပ် ၊ ဗီယက်နမ် ဆန်ခေါက်ဆွဲ စသည့် အာရှ နိုင်ငံများတွင် ခေတ်စားလျက်ရှိသော ဒေသထွက် အိမ်သုံး ပစ္စည်းများ အပြင် အလှကုန်များ ၊ တယ်လီဖုန်းကဒ် (Prepaid Card) အမျိုးမျိုး ၊ ဆောအူးလ်မြို့တော် အလည်အပတ် ခရီးစဉ် လက်မှတ်များ အထိ ၊ ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်မှုအတွက် လိုအပ်သည့် ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ချိုသာသည့် ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဟု ဆိုပါသည် ။

ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ကုန်တိုက်ကြီးများတွင် သွားရောက်၍ ဝယ်ယူရသည့်အခါ ၊ ဘာသာစကားအခက်အခဲ ၊ အဖွဲ့ဝင်စနစ်၏ ရှုပ်ထွေးသည့် စည်းကမ်းချက်များ ၊ ငွေပေးချေသည့်စနစ် အခက်အခဲစသည်တို့ မရှိကြစေရန် အလွယ်ကူဆုံးဖြစ်အောင် စီမံပေးထားသည်ဟုဆိုသည် ။

www.FLA356.com တွင် အင်္ဂလိပ် ၊ တရုတ် ၊ ဗီယက်နမ် ၊ အင်ဒိုနီရှား ၊ မွန်ဂို ၊ ထိုင်း နှင့် ကိုရီးယား စုစုပေါင်း (၇) ဘာသာဖြင့်ဆားဗစ်ကို ဆောင်ရွက်ပေးနိုင်ကြောင်း ၊ အထက်ပါ ဘာသာများတွင် မပါရှိသော ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ၊ ဘာသာစုံဆင်တာဌာန(1599-0365) က ဘာသာပြန်ပေးသည့် အစီအစဉ်ဖြင့် ဝယ်ယူနိုင်အောင် စီစဉ်ပေးထားကြောင်း သိရသည် ။
ထို့ပြင် အဖွဲ့ဝင် (ဝယ်ယူ) ရာတွင် နိုင်ငံသားစီစစ်ရေးကဒ် မလိုအပ်ဘဲ ၊ အမည်နှင့် နိုင်ငံသား ၊ လက်ကိုင်ဖုန်းနံပါတ်တို့ ကိုသာ ဖော်ပြရန်လိုအပ်ကြောင်း သိရသည် ။


Ref:
http://www.asiae.co.kr/news/view.htm?idxno=2010070610132656989

No comments: