Tuesday, August 31, 2010

ပြဿနာတွေ ရှင်းပေးမယ်

ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)

အလုပ်ခွင် ထိခိုက်မှုနဲ့ ကျန်းမာရေး ဆိုင်ရာ ပြဿနာများကို ဆွေးနွေး သင်ကြား ဖြေရှင်းပေးမယ့် အစီအစဉ်သို့ အလုပ်ခွင် ပြဿနာရှိသူများ ကိုယ်တိုင်လာရောက် ဆွေးနွေးကြပါရန် နှိုးဆော် ဖိတ်ကြားလိုက်ပါတယ်။

ကိုရီးယား အလုပ်သမားသမဂ္ဂ ဖဲဒရေးရှင်း (한국노총) မှ တာဝန်ရှိသူများက ပြဿနာရင်ဆိုင်နေရတဲ့ အလုပ်သမားများနဲ့ တိုက်ရိုက်တွေ့ဆုံပြီး အပြန်အလှန် ဆွေးနွေးမယ့် အစီအစဉ် ဖြစ်ပါတယ်။

နေ့ရက် = ၂၀၁၀ စက်တင်ဘာ ၅ တနင်္ဂနွေနေ့
နေရာ = မြန်မာအသင်း ဧည့်ခံခန်းမ (ပူချွန်း နိုင်ငံခြားသား အလုပ်သမား ရိပ်သာ)
အချိန် = မွန်းလွဲ ၁း၀၀ နာရီမှ ညနေ ၆း၀၀ နာရီ


ပါဝင်မည့် အစီအစဉ်များ
၁) အလုပ်ခွင် ထိခိုက်မှုနဲ့ ကျန်းမာရေး ဆိုင်ရာ ဟောပြောခြင်း
၂) မှတ်ပုံတင်ခြင်းနဲ့ ရုတ်သိမ်းခြင်း
၃) အလုပ်ခွင် အန္တရာယ် ကြိုတင်ကာကွယ်ခြင်း
၎) အရေးပေါ် ထိခိုက်မှု/အန္တရာယ်အတွင်း မိမိကိုယ်ကိုယ် ကာကွယ်ခြင်း
၅) အလုပ်ခွင် ကျန်းမာရေးဆိုင်ရာ ဖြေရှင်းခြင်း
၆) အလုပ်ခွင် အာမခံဆိုင်ရာ ရယူခြင်း
၇) ပြဿနာ အမေး-အဖြေနှင့် နည်းလမ်းများ

အထူးအစီအစဉ်
၁) မန္တလေးမြီးရှည်နှင့် ဧည့်ခံခြင်း
၂) မြန်မာ အဆိုအကနှင့် ဧည့်ခံခြင်း
၃) အလုပ်ခွင် အတွေ့အကြုံ ကိုရီးယား စကားပြောပြိုင်ပွဲ (၃ မိနစ်စာ၊ ကြိုတင်စာရင်းပေးရမယ်၊ ဆုပေးမယ်)

မြန်မာအသင်း (ကိုရီးယား)
ကိုရီးယား အလုပ်သမားသမဂ္ဂ ဖဲဒရေးရှင်း
ပူချွန်း နိုင်ငံခြားသား အလုပ်သမားရိပ်သာတို့ ပူးပေါင်း စီစဉ်တာ ဖြစ်ပါတယ်။

No comments: