ရေးသားသူ — စိုးမိုးသူ
လက်ရှိကိုရီးယားတွင် ကိုရီးယား အစိုးရသည် လာမည့် နိုဝင်ဘာတွင် ကျင်းပမည့်
ဂျီ၂၀ထိပ်သီးအစည်းအဝေး လုံခြုံရေးကို အကြောင်းပြုပြီး ရွှေ့ပြောင်းအလုပ်သမားများအကြား အကြမ်းဖက်သူများအား ရှာဖွေရမည်ဟုဆိုကာ လမ်းသွားလမ်းလာ ရွှေ့ပြောင်းအလုပ်သမားများသာမက စက်ရုံများ၊ နေထိုင်ရာ အိမ်များအတွင်းသို့
အတင်းဝင်ရောက် စစ်မေးခြင်း၊ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအား အတင်းအကြပ်ဖမ်းဆီးကာ မိခင်တိုင်းပြည်သို့နှင်ထုတ်ခြင်းနှင့် ဒဏ်ငွေပြင်းစွာပေးဆောင်စေခြင်းတို့အား ကြမ်းတမ်းစွာ လုပ်ဆောင်နေပါသည်။
ထိုသို့ အစိုးရ၏ မိမိမိသားစုအတွက် နေ့၊့ည ပင်ပန်းကြီးစွာ ရိုးသားစွာ အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများအား အကြမ်းဖက်သူများ၊ ရာဇ၀တ်သားများဖြစ်ကြောင်း သတင်းလွှင့်ပြီး လူသားမဆန်စွာ ပြုမူနေသည်အား ဆန့်ကျင်ပြီး ရွှေ့ပြောင်းအလုပ် သမားများသည် အပြစ်မရှိသူများ၊ ကိုရီးယား စီးပွားရေးနှင့် လူမှုအသိုင်းအ၀န်းတွင်း အကူအညီပေးနေသူများအမှန် ဖြစ်ကြောင်းပြသရန် ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂမှ ဦးဆောင်ကာ ကိုရီးယားနိုင်ငံဒီမိုကရက်တစ်အလုပ်သမားသမဂ္ဂ၊ အလုပ်သမားပါတီ၊ ရွှေ့ပြောင်းအလုပ် သမားအသံလွှင့်ဌာနMWTVနှင့် ရွှေ့ပြောင်းအလုပ်သမားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့် ရွှေ့ပြောင်းအလုပ်သမား လူ့အခွင့်အရေးစတိတ်ရှိုးပွဲအား ကျင်းပမည်ဖြစ်ပါသည်။
ပွဲတော်အား ရွှေ့ပြောင်းအလုပ်သမားတီးဝိုင်း Stop Crack down band၊ ကိုရီးယား ရော့တီးဝိုင်း ၊ကိုရီးယားအနုပညာရှင်များနှင့် ရွှေ့ပြောင်းအလုပ်သမားအဆိုရှင်များမှ မေတ္တာဖြင့် သီဆိုဖျော်ဖြေကာ လက်မှတ်ရောင်းချရငွေများအား ရွှေ့ပြောင်းသူများ လူ့အခွင့်အရေးတိုးမြင့်ရေးရံပုံငွေအတွက် အသုံးပြုသွားမည်ဖြစ်သည်။
ကိုရီးယားတွင်း လူသားဆန်စွာ နေထိုင်အလုပ်လုပ်ကိုင်နေထိုင်နိုင်ရန်အတွက် ကာယကံရှင် ကိုရီးယားရောက် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ကိုယ်တိုင် ကိုယ်ကျ ပူးပေါင်းပါဝင်မှသာ ဖြစ်နိုင်ချေရှိမည်ဖြစ်ပါသည်။
ထို့ကြောင့် ကိုရီးယားရောက် မြန်မာနိုင်ငံသားများအနေဖြင့်လည်း ကိုယ်တိုင်ကိုယ်ကျ ပုးပေါင်းပါဝင်ကြရန် ဖိတ်ခေါ်အပ်ပါသည်။
စိုးမိုးသူ
ဥက္ကဌ
ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာန MWTV
နေ့ရက် ၊ သြဂုတ်လ ၂၂ရက် နေ့လည် ၂နာရီမှ ၅နာရီ
နေရာ၊ မြေအောက်ရထားလိုင်းအမှတ် ၁၊ ဂျုန်ဂတ်ဘူတာ(종각) ထွက်ပေါက်၂မှ ထွက်ပြီး
လမ်းညွှန်များအတိုင်း လျှောက်ပါ။
ဂျိုဂဲဆာ ဘုန်းကြီးကျောင်းဝန်းအတွင်း (조계사 한국불교역사문화기념관)မြေအောက်ထပ် ခမ်းမ။
လက်မှတ်၊ ကိုရီးယား ၀မ်၂သောင်း၊ ရွှေ့ပြောင်းသူ ၀မ် ၁သောင်း
ဆက်သွယ်ရန်၊ 010 7155 6581 စိုးမိုးသူ
Saturday, August 21, 2010
ရွှေ့ပြောင်းအလုပ်သမား လူ့အခွင့်အရေး စတိတ်ရှိုးပွဲ(Get Up stand Up for your Rights)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment