Wednesday, September 8, 2010

မြန်မာသစ်တောဝန်ကြီး (သို့မဟုတ်) အစိုးရအရာရှိများဖြင့် အဆက်အသွယ်ရှိသူများ အလိုရှိသည်

ကိုရီးယား သစ်လုပ်ငန်း ကုမ္ပဏီတစ်ခုက မြန်မာသစ်တောရေးရာဌာန ၀န်ကြီး အစရှိသော အစိုးရအဖွဲ့အစည်း (သို့) အစိုးရအရာရှိများဖြင့် အဆက်အသွယ်ရှိ သို့မဟုတ် ခင်မင်ရင်းနှီးပြီး ကိုရီးယားစကား ကျွမ်းကျင်စွာ တတ်မြောက်သူ မြန်မာ ၃ ဦးအား ကိုရီးယားနိုင်ငံ၏ အနည်းဆုံးလုပ်ခဖြင့် အလုပ်ခန့်ထားလိုကြောင်း သိရှိရပါသည် ။ စိတ်ပါဝင်စားသူများ ဖတ်ရှု သိရှိ လျှောက်ထားနိုင်ကြရန် လက်ဆင့်ကမ်း ကြော်ငြာလိုက်ပါသည် ။
사장님채용하셨으면 하는 미얀마인의 채용조건은 다음과 같습니다.
အလုပ်လျှောက်ထားရန်အတွက် အလုပ်ရှင်က အလိုရှိသော မြန်မာလူမျိုး အလုပ်လျှောက်ထားသူ၏ အရည်အချင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။
1. 양곤외국대학 한국어학과 졸업자
၁။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကိုရီးယားဘာသာ အထူးပြုဖြင့် ဘွဲ့ရထားသူ
2. 한국어 능력시험 5급이상 취득자
၂။ ကိုရီးယားအရည်အချင်းစစ်စာမေးပွဲ(TOPIK) ကို level 5 နှင့် အထက် အောင်မြင်ထားသူ
3. 영어 토플 (혹은 그와 상으하는 다른 종류의 시험 포함)시험 550점이상
၃။ TOEFL (သို့မဟုတ် ထိုစာမေးပွဲနှင့် အဆင့်ညီမျှသော စာမေးပွဲ)ကို အမှတ် ၅၅၀နှင့်အထက်ဖြင့် အောင်မြင်ထားသူ
4. 미얀마 산림부 장관 등 정부관료와 인적 네트워크가 형성된 자
၅။ မြန်မာသစ်တောရေးရာဌာန ၀န်ကြီး အစရှိသော အစိုးရအဖွဲ့အစည်း (သို့) အစိုးရအရာရှိများဖြင့်
အဆက်အသွယ်ရှိသူ/ခင်မင်ရင်းနှီးသူ
5. 체용과 동시에 한국과 미얀마를 왕복하며 미얀마 산림개발 업무를 수행할 수 있는자
၅။ အလုပ်တာဝန်ထမ်းဆောင်စဉ် မြန်မာနှင့် ကိုရီးယားအားကူးသန်းသွားလာ၍မြန်မာ့သစ်တော ဖော်ထုတ်ရေးတာဝန်အား ထမ်းဆောင်နိုင်သောသူ
6. 체용과 동시에 한국과 미얀마를 왕복하면서 목재관련 제조업무을 수행할 수 있는자
(즉, 미얀마에서 원목벌체 후 1차 가공을 하고, 한국에서 정밀가공업무를 수행할수 있는자)
၆။ အလုပ်တာဝန်ထမ်းဆောင်စဉ် မြန်မာနှင့် ကိုရီးယားအား ကူးသန်းသွားလာ၍ သစ်ကုန် ထုတ်လုပ်ရေးလုပ်ငန်းတာဝန်များအား ထမ်းဆောင်နိုင်သူ (သို့) မြန်မာတွင် သစ်ခုတ်လုပ်ငန်း အပြီး
သစ်အချောကိုင်လုပ်ငန်း အဆင့် (တစ်) အား တာဝန်ယူအပြီး ၊ ကိုရီးယားတွင်
သစ်အချောထည်လုပ်ငန်းတာဝန်အား ဆက်လက် ထမ်းဆောင်နိုင်သူ
7. 체용 예정인원 3명
၇။ ခန့်ထားရန် လျာထားသူ ဦးရေ - ၃ ဦး
8. 체용 조건: 대한민국 노동법에 의한 체저 보수 적용 및 4대보험 보장
၈။ အလုပ်ခံစားခွင့် - ကိုရီးယားနိုင်ငံ အလုပ်သမားအက်ဥပဒေအရ ခံစားနိုင်သည့် အနိမ့်ဆုံး လစာငွေနှင့် အခြေခံအာမခံစနစ် လေးခုအား ပေးသွင်းခြင်းကို တာဝန်ယူပါမည်။
춘천 인텔우드 취업을 희망하시는 분들께 다시한번 전송해주시길 바랍니다.
Chaue Chaung Intel Wood တွင် တာဝန်ထမ်းဆောင်လိုသူများအား လက်ဆင့်ကမ်း ဖြန့်ဝေပေးကြပါရန်။
inkyky@hanmail.net , ymhein@gmail.com 으로 이력서 보내시고, 꼭! 근무 가능일과 연락처를 기입하세요!
အလုပ်လျှောက်လွှာအား inkyky@hanmail.net, ymhein@gmail.com သို့ ပို့ပေးကြပါရန်နှင့် တာဝန်ထမ်းဆောင်နိုင်သော နေ့ရက်နှင့် ဆက်သွယ်ရန်လိပ်စာအား သေချာစွာ ရေးသားပေးကြပါရန် ။

ဤသတင်းကို (ဤနေရာ) မှ ရရှိပါသည် ။

4 comments:

ဝင်းပေါ်မောင် said...

လိုချင်တဲ့ အရည်အချင်းက excellent
ပေးချင်တဲ့ လစာက lower basic
~~~ ရှာပေဦးတော့ ထမင်းထုပ်ကြီးနဲ့ လူပါ မသိုးရုံဖြင့် မှာလိုက်ချင်သည် ~~~ လို့ပဲ ဆိုလိုက်ချင်တော့ရဲ့

ကိုလူချစ်(ကိုရီးယား) said...

နောင်လာမယ့် ဘ၀ဘ၀များမှာတော့ဖြင့် လူရနိုင်ကောင်း ရလိမ့်မယ် ထင်ပါတယ်

သခင်ပြေငြိမ်းအေး said...

ကိုကြီးပေါ် ၊ ကိုလူချစ် ခင်ဗျားတို့ သေခြာမသိဘဲ ရမ်းပြောနေပြန်ပြီ ။ ဘာရာထူးအတွက်ခေါ်ပြီး ဘယ်လိုမူဝါဒ နှင့်ခန့်ထားမယ် ၊ ဘာဗီဇာပေးမယ် ဆိုတာ ခင်ဗျားတို့သိလို့လား ။ (ဟဲ ဟဲ ၊ အဲတာတွေ သတင်းထဲမှာ ……..) ၊ တကယ်တော့ ကိုဝိုင်းမှားတာဗျ ။ သိသလို တတ်သလို နှင့် ဟန်းဂုရွာမှာ ဆရာဝင်လုပ်နေတယ် ၊ သတင်းခေါင်းစဉ်က “ မြန်မာ့ ပေါ ၊ ချောင် ၊ ကောင်းများ အလိုရှိသည်”လို့ ဖြစ်သင့်ပါတယ် ။

silent-truth said...

အလုပ်ရှာပေးတာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီလို အလုပ်မျိုးဟာ လူရှေ့ချပြလို့ ရတဲ့ အလုပ်ခေါ်စာမျိုးလားဆိုတာ စဉ်းစားတတ်ဖို့ကောင်းတယ်။ ကိုဝိုင်းကတော့ ပြောမနေတော့ပါဘူး။ ကိုရီးယား မြတ်ခိုင်ပဲ။ နောက်ဆို ရဲမင်းဟိန်းနဲ့ ကိုဝိုင်းပေါင်းပြီး မြန်မာ့အမျိုးကောင်းသမီးလေးတွေကို ကိုရီးယားကို ခေါ်ထုတ်ပေးဦးမလား မသိဘူး။ ခင်ဗျားတို့လုပ်တော့မှပဲ ဟန်းဂုရွာဆိုတာ အောက်တန်းစား ဘလောက်မှန်း သိတော့တယ်။