Wednesday, September 29, 2010

ကျေးဇူးတင်မှတ်တမ်း


ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)

၂၀၁၀ စက်တင်ဘာ ၂၃ ရက်နေ့က ကျင်းပခဲ့သည့် ကိုရီးယားနိုင်ငံ ပူချွန်းမြို့ ဆော့ဂွမ်ဆာ ဘုရားကျောင်းတော် အတွင်း ကိန်းဝပ်တော်မူသော တိလောကမုနိ ရုပ်ပွားတော်မြတ်၏ ၁၂ ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပရာတွင် ကူညီပေးကြသည့်
- ဆရာတော် လင်ယောင်ဒမ်နှင့် ဆော့ဂွမ်ဆာကျောင်းတိုက် တာဝန်ရှိသူများ
- ပူချွန်း နိုင်ငံခြားသား အလုပ်သမားရိပ်သာမှ ရုံးအဖွဲ့ဝင်များ

ပူးပေါင်း ပါဝင်၍ စတုဒိယာ ကျွေးမွေးကြသည့်-
၁) ကောက်ညင်းပေါင်း-အာပြဲခြောက်ကြော် အလှူရှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယား
၂) ထမနဲ အလှူရှင် ကင်ပိုလူငယ်များအဖွဲ့
၃) ရွှေရင်အေး အလှူရှင် ဂွမ်ဂျူး မြန်မာအသင်း
၎) ဘူးသီးကြော် အလှူရှင် ဖျောင်ထက်မြို့မှ ကိုဦးနှင့် သူငယ်ချင်းများ
၅) ကျောက်ကျော အလှူရှင် ဓမ္မဒူတဗုဒ္ဓဘာသာအသင်း (ကိုရီးယား)
၆) အအေးစုံ အလှူရှင် မြန်မာ့ဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)
၇) ၀က်သားတုတ်ထိုးနှင့် အအေး အလှူရှင် အဖြူရောင်မေတ္တာလူငယ်များ
၈) ဆမူဆာ အလှူရှင် ကိုတင်ယဉ်နှင့် သူငယ်ချင်းများ
၉) သွားတိုက်တံ အလှူရှင် ကိုသက်မင်းအောင် + မမြသဲဖြူ

တိလောကမုနိ ရုပ်ပွားတော် အတွက်
- ရွှေသင်္ကန်း မ,တည်အလှူရှင် အန်ဆန်းမြို့မှ ကိုအောင်ဝေဖြိုး (ကရင်ကြီး) + ကိုအောင်မင်း
- အရုဏ် သစ်သီးဆွမ်း ပန်း အလှူရှင် ဒေါ်အေးအေးမြင့်, စိုင်းမောက်ခေးခမ်း, မနှင်းယုလှိုင်, မပိုးပိုး

ဧည့်ခံဖျော်ဖြေရေး အတွက် တာဝန်ယူ ဆောင်ရွက်ပေးသော
- ရိန်းဘိုးတေးဂီတအဖွဲ့နှင့် အဆိုရှင်များ
- မှုံရွှေရည် အငြိမ့်အဖွဲ့မှ ညီအကို မောင်နှမများ
- မျိုးချစ်မောင် ဒိုးအဖွဲ့မှ ညီအကိုများ
- စက်ပိုင်းဆိုင်ရာ အကူအညီပေးကြသော ညီအကိုများ

မိုးထဲလေထဲ ကြွရောက် အားပေး လှူဒါန်း ကူညီကြသော ဧည့်ပရိသတ်များ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

အမှုဆောင်အဖွဲ့
မြန်မာအသင်း (ကိုရီးယား)

No comments: