Friday, September 24, 2010

ကျုံသင်ကျေးရွာဆေးပေးခန်းအတွက် အလှူရှင်များစာရင်း

နာဂစ်မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ် ၊ ကျုံကျိုက်ကျေးရွာအုပ်စု ၊ ကျုံသင်ကျေးရွာ ဆေးပေးခန်းအတွက် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများ စုပေါင်း၍ လှူဒါန်းနိုင်ရေး ဆောင်ရွက်ခဲ့ကြရာ ၊ ယခုအခါ ကျေးရွာတာဝန်ရှိသူများက အဆိုပြု မျှော်မှန်းထားသည့် အလှူငွေများ ပြည့်စုံလုံလောက်စွာ ကောက်ခံရရှိပြီဖြစ်ကြောင်း သိရသည် ။

အဆိုပါ ကျုံသင်ကျေးရွာသည် အိမ်ခြေ ၁၁၆ အိမ်တွင် ၊ လူဦးရေ ၅၀၀ ခန့်နေထိုင်ကြလျက်ရှိပြီး ၊ သွားရေးလာရေး ခက်ခဲသောကျေးရွာဖြစ်သည် ။ ယခုအခါ ကျေးရွာ လူထုကျန်းမာရေး စောင့်ရှောက်မှုအတွက် အစိုးရထံမှ ကျန်းမာရေးဝန်ထမ်း (သားဖွားဆရာမ) တစ်ဦး ရရှိထားကြောင်း ၊ သို့ရာတွင် ကျန်းမာရေးဆေးပေးခန်းကိုမူ မည်သည့်အချိန်တွင် ရရှိမည်ကို မသိရှိနိုင်သေး ကြောင်း ၊ ကျေးရွာလူထုအတွက် ကျေးရွာဆေးပေးခန်း တစ်ခုလိုအပ်နေကြောင်း ၊ ကိုယ့်အားကိုယ်ကိုး ဆေးပေးခန်း တစ်ခု ဆောက်လုပ်လိုကြသော်လည်း နာဂစ်မုန်တိုင်းဒဏ်သင့် ကျေးရွာဖြစ်နေသဖြင့် လုပ်အား အကူအညီကိုသာပေးနိုင်ပြီး ငွေရေးကြေးရေး အခက်အခဲ ရှိနေကြ ကြောင်း ၊ ထို့ပြင် အကြောင်းအမျိုးမျိုး အခက်အခဲအမျိုးမျိုးတို့ကြောင့် လူထုအခြေပြု အဖွဲ့အစည်းများ ၏ အကူအညီ ကိုလည်း မရရှိနိုင်ဘဲ ဖြစ်နေ ကြောင်း ၊ ဆေးပေးခန်းမှာ ကျပ်သိန်း ၃၀ ခန့်ကုန်ကျမည် ဟု တွက်ချက် ခန့်မှန်းထားကြကြောင်းလည်း သိရသည် ။

စိတ်တူကိုယ်ညီ ညီအစ်ကိုမောင်နှများက အဆိုပါကွက်လပ်ကို ဖြည့်ဆည်းသော အားဖြင့် ၊ ကိုရီးယား နိုင်ငံရောက် ညီအစ်ကိုမောင်နှတို့၏ ချွေးနှဲစာများကို စုစည်းပြီး ကောက်ခံပေးခဲ့ကြခြင်းဖြစ်ကြောင်း ၊ သင်္ကြန်ပွဲတော်လာ ညီနောင်များက ၁၇ သိန်း နီးပါးလှူဒါန်းခဲ့ကြပြီး ၊ ပြီးခဲ့သည့် ချူးဆောက် ပိတ်ရက်တွင် ကျင်းပသည့် တိလောက ဗုဒ္ဓပူဇနိယပွဲတော်လာ ညီနောင်များက သိန်း ၂၀ ခန့် ထည့်ဝင် လှူဒါန်းခဲ့ကြကြောင်း သိရသည် ။

အလှူရှင်များ၏ လှူးဒါန်းငွေစာရင်း အပြည့်အစုံကို (ဤနေရာ)တွင်ကြည့်ရှုနိုင်ကြောင်း သိရသည် ။

No comments: