Friday, September 24, 2010

Lazy Club Live in Korea 2010 မြန်မာအထူးဂီတပွဲတော် ကျေးဇူးတင်လွှာ

စက်တင်္ဘာလ ၂၁ ရက်နေ့က ဘူချောန်း ပြည်သူ့ခမ်းမ (Bucheon Citizen Hall) တွင် ကျင်းပခဲ့သည့် ၊ ကိုရီးယားနိုင်ငံ ထေရဝါဒ ဗုဒ္ဓဘာသာပြန့်ပွါးရေးရန်ပုံငွေရရှိရေး Lazy Club Live in Korea 2010 မြန်မာ အထူးဂီတပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ၊ အဖက်ဖက်မှ ကျေးဇူးပြု ဝိုင်းဝန်း ကူညီ ပေးခဲ့ကြသည့် -
- Lazy Club Band မှ ကိုစိုးနိုင်ထွန်း (မန်နေဂျာ) နှင့်အတူ ၊ နိုင်ဇော် (လီဒ်) မျိုးဇော် (ကီးဘုတ်) ဂျင်ပိ (ဘေ့စ်) မရခိုင် (ဒရမ်) ၊
- တေးသံရှင် (ဦး) ခင်မောင်တိုး ၊ အယ်လ်လွန်းဝါ ၊ ဟဲလေး ၊ ချစ်သုဝေ ၊ သဇင် ၊ ဂျဲနီ နှင့် ဧည့်အဆိုတော် ချစ်ဆုဝေ ၊
- ဘူဖြောင်း လွတ်တော်အမတ် မစ္စတာ ဂျိုဂျင်ဟျောင်း (조진형)
- ဘူချောန်း လွတ်တော်အမတ် မစ္စတာ လင်ဟဲကယူ (임해규)
- ဘူချောန်းမြို့တော်ဝန် မစ္စတာ ကင်မန်ဆု (김만수)
- ဘူချောန်း မြို့တော် အုပ်ချုပ်ရေးကောင်စီ (부천시의회)
- မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံအမတ်ကြီး မစ္စတာ ဂျိုဗြောင်ဂျဲ(조병제)
- ဘူချောန်း ရွှေ့ပြောင်းအလုပ်သမားရိပ်သာ(부천외국인노동자의집) နှင့် လင်ယောင်ဒန်ဆရာတော် (임영담 주지스님)
- မစ္စတာ အိအီးလ်ဂျု (이일주)
- မစ္စတာချွဲယုန်ဆောက် (최용석)
- မြန်မာအသင်း(ကိုရီးယား) နှင့် ကိုဝင်းမြင့်ဦး
- Bucheon Culture Foundation မှ တာဝန်ရှိသူများ ၊
- ဂွမ့်ကန်ဂျောင်ဆာ ဘုန်းတော်ကြီးကျောင်း (금강정사) ကျောင်းထိုင်ဆရာတော်ကြီးနှင့် ဂေါပကအဖွဲ့ ၊
- ဓမ္မဒူတဗုဒ္ဓဘာသာအသင်း(ကိုရီးယား) အမှုဆောင်အဖွဲ့ ၊
- စကားပြန်များအဖြစ် ဆောင်ရွက်ပေးခဲ့ကြသည့် မလွင်လွင်ချိုနှင့် မယဉ်ယဉ်အေး ၊
- ဗီဒီယိုမှတ်တမ်းတင် ကိုထွန်းထွန်းလတ် ၊ ကိုရဲမြင့် ၊ ကိုထွန်းထွန်း ၊ စိုင်းမောက်ခေခမ်း ၊ ကိုမြင့်ကျော် (Y.I.T) ၊ ကိုအောင်တင်ထွန်း (MWTV) နှင့် ဓါတ်ပုံမှတ်တမ်းတင် ကိုဝင်းထွန်း ၊
- စည်းကမ်းထိမ်းသိမ်းရေး တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည့် မြန်မာညီနောင်များ ၊ နှင့်
- ရာသီဥတု ဆိုးရွားနေသည့်ကြား ဂီတပွဲတော်အစအဆုံး ကြည့်ရှုအားပေးခဲ့ကြသည့် ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများ ၊
အားလုံးတို့ကို ၊ အထူးဂီတပွဲတော် ကျင်းပရေးကော်မတီက အထူးကျေးဇူးတင်ရှိပါကြောင်း ဟန်းဂုရွာမှတစ်ဆင့် အမှာစကားပါးအပ်ပါသည် ။


အထူးဂီတပွဲတော်ကျင်းပရေး ကော်မတီ
၂၀၁၀ ပြည့်နှစ် စက်တင်္ဘာလ ၂၃ ရက် ၊
အင်ချောန်းမြို့ ။

No comments: