Tuesday, September 28, 2010

အားကစား စုံညီ ပွဲတော် ဖိတ်ကြားခြင်း

ကိုရီးယားနိုင်ငံ ဗုဒ္ဓဘာသာ ဂျိုဂေးဆာမှ ကြီးမှူးကျင်းပသော ရှစ်နိုင်ငံ အားကစားစုံညီ ပွဲတော် ဖိတ်ကြားခြင်း
ကိုရီးယားနိုင်ငံရှိ ရွှေမြန်မာ ညီအစ်ကို အပေါင်းတို့ ခင်ဗျား
လာမည်. (2010-10-10) တနင်္ဂနွေနေ့တွင် (ဆိုးလ်မြို့၊ ဂွန်းဂျင်းဂူ၊ ဆိုဂျဲရှီဆောန်နွာယယ်ဆူလ်အထက်တန်းကျောင်း)အတွင်း၌ ရှစ်နိုင်ငံ အားကစားစုံညီပွဲတော် ကျင်းပမည် ဖြစ်ပါ၍ အဆိုပါ စုံညီပွဲတော်သို့ ပျော်ရွှင်စွာ သွားရောက် ယှဉ်ပြိုင်နိုင်ကြစေရန် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်လိုသူများသည် မြန်မာဗုဒ္ဓသာသနာပြု ကျောင်းတော်သို့
စာရင်းပေးသွင်းယှဉ်ပြိုင်နိုင်ပါသည်။
အဆိုပါနေ့၌ ကျောင်းတော်မှ နံနက် (၈) နာရီတွင် အကြိုအပို. ကားများ ထွက်ခွာမည်ဖြစ်ပြီး ပါဝင်ယှဉ်နိုင်သည် အားကစားများမှာ
၁။ ဘောလုံး
၂။ ဘောလီဘော
၃။ လွန်ဆွဲ ပြိုင်ပွဲ
၎။ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ ( မီတာ ၄၀၀ )
၅။ ၀ါးလုံးထိပ်တွင် ရှိသော ခြင်းလုံးထဲသို့ ဘောလုံးပစ်ထည့်သော အားကစားနည်းများ ဖြစ်ပါသည်။
အဆိုပါ ( ၈ )နိုင်ငံ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြင့်မည်ဖြစ်ပြီး ကြွရောက်လာသော
ပရိတ်သတ် အပေါင်းကို လည်း လက်ဆောင်များ ပေးမည်ဖြစ်ပါသည်။ အဆိုပါနေ့တွင် သွားကျန်းမာရေး အတွက်အခမဲ့ ကြည့်ရှု့ကုသပေးခြင်းအစီအစဉ်ကိုလည်း ပြုလုပ်ပေးမည် ဖြစ်ပါသည်။
ယှဉ်ပြိုင်မည့်နိုင်ငံများမှာ-မြန်မာ၊ သီရိလင်္ကာ၊ ကမ္ဘောဒီယား၊ နီပေါ၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း နိုင်ငံများ ဖြစ်ပါသည်။
စိတ်ပါဝင်စားသူများသည် အောက်ပါဖုန်းနံပါတ်များသို့ အမြန်ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)


032-511-2841
010-2327-2457
010-7209-9789

No comments: